အခန်းဆယ့်ခြောက်

98 18 2
                                    

"တီ တီ တီ" ဖုန်းခေါ်သံလိုလို၊ အချက်ပြပေးသံလိုလို။ နားတော့ စွင့်မိလိုက်သေးသည်။

"တီ တီ တီ" ထကြည့်လိုက်တော့ အသံက တခါးပေါက်နားက၊ ဒါကြောင့် တံခါးပေါက်နားသွားပြီး ဖွင့်လိုက်တော့ စစမြင်လိုက်တာ မနေ့က ကျုံးသူလေး တယောက်။

"အမ ထတော့ လူရွေးပွဲ က အချိန်ကကပ်နေပြီ။" မျက်လုံးထဲမှာ စိုးရိမ်မူတွေနဲ့။

"အခု ဘယ်နှ နာရီလဲဟင်။"

"ခြောက်ခွဲ ရှိနေပြီ။ ခုနှစ်နာရီစမှာ"

"ဟင်"

___________________

"အား... တော်တော်ဂွ ကျတဲ့ လူတွေကွာ။"

"အကို နေလို့မှ ကောင်းရဲ့လား ကွယ်။ ဘေးနားမှာက ညီမ လေး မီကို။ အရင်းဖြစ်ပြီး အမျိုးထဲတောင်မှ ရှိတဲ့ တဦးတည်း ညီမလေး။ သူ့အသံ ချိုအေးအေးနဲ့ နိုးနိုးချင်း ကျွန်တော်ဘေး ခုတင်အောက်မှာ ထိုင်ပြီး ညာဘက်လက်ကို သူ့ရဲ့ လက်တစုံ ဆွဲကိုင်ထားလိုက်သည်။ နံနက်ခင်းပေါက်မှ နေခြည်က သူ့ မညို့တညို့အသားဝါသော မျက်နှာပေါ်မှာ ဖြာကျနေသည်။

"အကိုက နေကောင်းပါတယ်။ ဒါနဲ့... နေခြည်ကော?" မနေ့ညက အဖြစ်အပျက် တော်တော်ပင် စိတ်ခြောက်ချားနေမိသည်။ ပိုဆိုးတာက သူက မိန်းမလေး၊ ခေါ်ခံရတဲ့ အခြေအနေမှာ ဘယ်လောက် ကြောက်နေမလဲ။ ခုတင်ပေါ်မှာ လဲနေသော ကိုယ် ခန္ဓာကြီး က သူ့အလိုလို ထလာပြီး အခန်းထဲကနေ ထွက်၊ ဘာမှ မသိသေးတဲ့ ညီမကတော့ အမေးနဲ့ အနောက်ကနေ တောက်လျှောက်လိုက်လာပါလေရဲ့၊ ဧည့်ခန်းကို ရောက်ဖို့ နန်းတော်လို ခမ်းနားပြီး ရွှေဝါ၊ ငွေဖြူ တို့နှင့် အရောင်နဲ့တောက်ပနေတဲ့ အိမ်ကြီးပေါ်မှာ ကောက်ကြောင်း တို့နှင့် ထပ်မံ အလှကို ဖြည့်စည်းပေးတဲ့ ဝိုက်ပြီး ဆင်းလာတဲ့ လှေကား နှစ်ဖက် ဘယ်ဘက် လှေကားကနေ နှစ်ထပ်လောက် အောက်ကို အပြေးဆင်းလာတယ်။ ဧည့်ခန်းမှာ ရပ်ပြီး စောင့်နေကြတဲ့ အသက်တမျှ သစ္စာရှိတဲ့ ညီနောင် သုံးယောက်၊ အာလုံးက ဝတ်စုံ၊ လက်နက် ၊နဲ့ ပွင့်လျက်သား ရှိနေတဲ့ တံခါးကနေ ထိုးထွက်လာတဲ့ အလင်းတို့နဲ့ အတူ အသင့်စောင့်နေတဲ့ စက်တပိုင်း သက်ရှိတပိုင်း မြင်းသုံးကောင်၊ ပြေးလာတဲ့ ခြေလှမ်းတွေက မြေညီထပ်ရဲ့ ကြမ်းခင်းကို မထိခင် နောက်ဆုံး လှေကားထစ်တွေမှာ နှေးရာ နှေးရာကနေ ရပ်သွားခဲ့သည်။ ညီအကို တွေတောင် ပြေးလာတဲ့ ကျွန်တော်ကို ရပ်ပြီး ကြည့်နေကြတယ်။ ထို လူတစုနှင့် ကျွန်တော်ကြားမှာ ဘာမှ မပြော၊ ထို အချိန်မှာ တီးတိုးသံတောင် ဆယ်ထပ်၊ ဆယ့်ငါးထပ်လောက် အမြင့် အထိ အထပ်မရှိတဲ့ ဧည့်ခန်းအကြီး တခုလုံးကို လွမ်းမိုးနိုင်လောက်သည်။ မြင့်မြတ်ကနေ စကား စလိုက်ရသည်။

မီးငှက်လေး ပျံသည့်ပမာ Where stories live. Discover now