အခန်းဆယ့်တစ်

201 22 2
                                        

မနက်ပိုင်းနေစထွက်ချိန်သို့ရောက်ခဲ့လေပြီ။ အာလုံးကလည်း အဆင့်သင့်ပြင်ဆင်ထားပြီ။ မြင့်ပျံလေးယောင်ကော၊ ကလေးတွေ၊ နေခြည်ကော ဒီကနေ့ လုပ်ငန်းအတွက် လေ့ကျင့်ထားပြီးပြီ။

"ဟဲ့ ငါတို့တွေ မနေ့က ပျက်ကွက်ခဲ့တာ အတွက် ဦးတင်ထူးကို ပြောပြီးသွားပြီလား။" ကောင်းမြတ်က မေးခွန်းနဲ့ စတင်လိုက်သည်။

"အင်း ပြောပြီးပြီ။ ဒီကနေ့ အတွက်ကောပေါ့။" အားလုံးခေါင်းညိတ်သည်။ စတင်ထွက်ခွာထို့ အပြုတွင် နောက်ဆုံးမှ နေသော နေခြည်၏နောက်ကျောကို လှမ်းဆွဲလိုက်သော လက်တဖက်။ ဤကားကြယ်လေး။

"မမ ညီမလေးလည်း လိုက်ခဲ့မယ်။" နေခြည့် ရင်တခုလုံး လေးလံသွားသည်။ သူသာ သူခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်ခွင့် ပေးလျှင် ပေးမည်။ အထွေးဆုံးညီမကိုတော့ သူများက လက်တောင် ပေးအတို့ခံမည်မဟုတ်။

"ကြယ်လေး..." သူ့လက်တစုံကို တင်းတင်း ဆုပ်ထားမိသည်။

"မမ ကြယ်လေး က နတ်ဆိုး ကို ကိုးကွယ်တဲ့ အဖွဲ့အစည်းက ဆိုတာ မမေ့ပါနဲ့။ အဲ့ဒါထက် အခု မြင်နေရတဲ့ ကလေးတွေထက် ညီမက မသိတာတွေ ပိုရှင်းပြနိုင်မယ်ထင်တယ်။" နေခြည်မှာ စိတ်လည်းပူမိသည်။ သို့သော် တဖက်ကလည်း ဝမ်းသာသည်။ ကလေးတွေအတွက်ကော၊ သူ့အမအတွက်ကော၊ အသက်ဘေးလုံခြုံဖို့ အကူအညီပေးဖို့။ သို့သော်...

"ညီမရေ... အဲ့မှာ တခုခု ဖြစ်ရင် အမ ညီမ ကို မကယ်နိုင်ဘူးနော်။" မျက်နှာ လွဲကာ မျက်လုံးများ အောက်စိုက်သွားသည်ဆိုကတည်းက လုပ်ရမှာ ကြောက်နေသည်ကို သိလိုက်သည်။ ထို အချိန်က ခဏတာ ငြိမ်သက်သွားသည်။

"မလိုဘူး။ လိုက်မယ်။ ဒါမှ ညီမ အမတို့ကို ရှောင်သင့်တာ ပြော လို့ရမှာ။" အမက ဆက် တားသည်။

"ကြယ်လေး... ညီမလေးရဲ့ စိတ်ကို အမ ချီကျုးတယ်။ ဒါပေမယ့် ညီမနေကို နေခဲ့ရမယ်။ ညီမ ကို အမ စိတ်မချလို့ပါ ပြီးတော့ ဒါက တော်တော် အန္တရာယ် များတယ်။ ကလေးတွေ တောင် မတတ်နိုင်လို့ ခေါ်သွားတာ။" ကြယ်လေး ဒုတိယအကြိမ် ဆူပုတ်ပြန်သည်။

"ဒါဆို ငါတို့ အခု ဘယ်သွားကြမှာလဲ။" ကောင်းမြတ် ဖြတ်ကာမေးသည်။ ပါရမီရှင်၊ အောင်ပြည့်ရဲ့ အမ၊ဝတ်ရည်နဲ့ နေခြည် စကား တခွန်းတည်း ထွက်လာသည်။

မီးငှက်လေး ပျံသည့်ပမာ Où les histoires vivent. Découvrez maintenant