အခန်းသုံးဆယ်

137 15 0
                                        

"ဖြိုးဝေ!"
ရှေ့ရောက်နေသော ဖြိုးဝေ စုပြုံနေသော ခြုံပုတ်များကို ဓားများနှင့် ခုတ်ခတ် ရှင်းလင်းနေသည့်ကြားမှ ရပ်စဲလျက် နေခြည့် အသံကြောင့် လှည့်ကြည့်လိုက်သည်။

"နင်... ပြာမိုင် အခြေအနေကို သိလား။"
ဖြိုးဝေ ဤမေးခွန်းကို မတုံပြန့်ပဲ နေနေသည်။ သူ့လက်ရှိသွားနေသော လမ်းစကိုသာ ဆက်လက် ရှင်းလင်းကာ သွားလာနေရင်း။

"နင် သိလို့ နင် ကုမယ် ပြောတာလား ဖြိုးဝေ။" နေခြည်မှာ တကောက်ကောက် လိုက်လာပြီး မေးမြဲမေးနေသည်။ လမ်းတလျှောက် မေးနေခဲ့သည့် ဒီအကြောင်း။ အစကတော့ မပြောပဲ မူတ်ဆိတ်နေဖို့ ဆုံးဖြတ်လိုက်သေးသည်။ အခုတော့ မဖြစ်တော့။

"ငါ... တကယ်တော့ အဲ့ဒါကို သိပ်မသိဘူး။" လှည့်လည်း မကြည့် ရှေ့ကိုသာ သွားမြဲသွားနေသည်။

"သက်ထားနှင့် အခြေအနေ မတူဘူးလား။"
သက်ထား... ကျွန်တော်နဲ့ ဘဝတူ။ မဟုတ်ဘူး။ ကျန်တဲ့ ရှင်ကျန်ရစ်တဲ့ လူတွေမှာမှ ကျွန်တော် သစ္စာဖောက်လို့ သတ်လိုက်ရတဲ့ လူသား။ သနားစရာ လူသား။ သူ့ခမျာ မှတ်ဉာဏ်ထဲက မေးခွန်းတွေကို အဖြေမသိလိုက်ရပဲ သတ်ခံလိုက်ရတာ။

"မတူဘူး... နေခြည် နောက်ထပ် ဒါမျိုး ထပ်မမေးနဲ့တော့ ငါလည်း အခုထိ ဒီကိစ္စရေရေရာရာ သိသေးတာ မဟုတ်ဘူး။" တောက်လျှောက် လှည့်မကြည့်ပဲ ပြောနေသော ဖြိုးဝေကို နေခြည်တော့ လုံးလုံး အားမရပဲ ဖြစ်နေသည်။

"ဖြိုးဝေ... ဒါဆို စစ်မင်းဆိုတဲ့ လူကကော အမြဲတမ်း ငယ်နေတဲ့ သင်အင်သားလား။"
သွားမဲ့ လမ်းပေါ် လဲကျနေတဲ့ သစ်ကိုင်းတွေကို ခုတ်နေတဲ့ ဓားရှိန်က အမေးကြောင့် တဝက်မှာတင် အရှိန်သေသွားတယ်။ စစ်မင်း... သူ ကို ဘယ်လိုလုပ်သိနေတာလဲ။ ဖြိုးဝေ အခုမှ နေခြည်ကို မျက်လုံးတွေက ဝိုင်းစက်ကာ ကြည့်နေပြီး ခေါင်းထဲမှာ မေးခွန်းတွေ ပြည့်နှက်နေတယ်။

နေခြည်ကတော့ မျက်နှာထား ကို တည်မြဲတည်ထားတယ်။ ပြုံးလည်း မပြုံး၊ မဲ့လည်း မဲ့၊ ဒါပေမယ့် မျက်နှာပေါ်မှာ ရေးထားတဲ့ သေချာတဲ့ အရာတခုကတော့ သူလည်း မေးခွန်းတွေ အများကြီး ရှိနေတယ်။

မီးငှက်လေး ပျံသည့်ပမာ Место, где живут истории. Откройте их для себя