အခန်းသုံးဆယ့်လေး

97 15 2
                                    

ယခု တည်နေရာမှာ ကျွန်းတခု၊ ရေလယ်တွင် ရှိသည့် ကျွန်းကိုမှ ကမ်းကို သွားသည့်လမ်းက တလမ်းတည်းသာ။ မြားပင် ကျွန်းအလယ် တွင်းတလျှောက်ပင် ဖြတ်လာပြီ ဆိုလျှင်...

အဖြူအသင်းက ဒီနေရာကို သေသေချာချာ ဝင်စီးထားပြီ မုချပြောနိုင်ပေသည်။

"ငါတို့ ဘယ်လိုလုပ်ကြမလဲ။"
အာလုံးလည်း ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်သည်။ မျိုးကိုက ခြေတဖက်က အခြေအနေမကောင်း၊ ပိုင်ဖြိုးကတော့ အရေးအကြောင်း ဆို ပြေးနိုင်သည်။ ခုနက ဇာတ်ရှိန်တက်နေသော နေခြည်နှင့် ဖြိုးဝေမှာလည်း မြားကို ကြည့်ပြီး ချက်ချင်း လုပ်ရမည့် အလုပ်ကို အချိန်ခဏယူကာ စဉ်းစားနေရသည်။

မီးတို့နှင့် ဘေးတလျှောက်ကို မြင်နေရသော်လည်း သစ်ပင်တို့ကြား မှာ အရိပ်များ လျှပ်တပြက် ပေါ်လိုက်၊ ပျောက်လိုက် ထပ်ခါထပ်ခါ ဖြစ်နေသည်။ နေခြည်ကော၊ ဖြိုးဝေကော၊ ပိုင်ဖြိုးမှာလည်း မျိုးကို ဘေးနားနေကာ ရှိသည့် ဓားတိုတွေ ကိုသာ ကိုင်၍ သတိကြီးကြီး နှင့် အသံကို စိုက်နားထောင်နေသည်။

ခြေသံတို့ ယှက်ယှက်နှင့် တည်နေရာကို အတိအကျမပြောနိုင်၊ အသံလာရာနေရာများမှာ များနေသလို နူန်းမှာလည်း ခန့်မှန်းရန် မြန်လွန်းနေသည်။ ဘယ်နှယောက်လည်း အတိအကျကို ပြောရန်ခက်နေသည်။ မျိုးကို ထိုင်နေရာက တနေရာသို့ လှမ်းကြည့်မိသည်။ အမှောင်တို့ကြားမှ အရောင်လက်နေသော အရာတခု ပိုင်ဖြိုးကို ချိန်ထားခြင်းသာ။

"ရွှီ!"

"ပိုင်ဖြိုး!"
မျိုးကို ပိုင်ဖြိုး ဆီ ကုန်းရုန်းသွားကာ လဲကျနေအောင် တွန်းလိုက်သည်။  တချိန်တည်းမှ ပိုင်ဖြိုး လန်ကျနေဆဲ ကိုယ်ဟန်နားကနေ ယှက်ကာ လျင်မြန်စွာ သွားနေသော မြား။ လဲကျသွားသည့်နှင့် တပြိုင်နက် ပိုင်ဖြိုး ၏ ဒဏ်ရာက ဇက်ခနဲ ကျဉ် တက်သွားလျက်။

"အား!"
အနာကို တခြားလက်နှင့် ဒဏ်ကို မခံစားနိုင်တော့အောင် ကိုင်ထားသည့် လက်က တင်းတင်း ဆုပ်ထားမိသော်လည်း အကြည့်များက သူ့ဘေး သစ်ပင်တို့ကြား အမှောင်တနေရာမှ မသိမသာ လူပ်နေသော အရာ တခု ရောက်သွားသည်။

မီးငှက်လေး ပျံသည့်ပမာ Where stories live. Discover now