ပြာမိုင်... ကြိုး တုပ်ကာ လဲနေသည်။ ထို ဘေးနားက ခါးကုန်းကုန်းနှင့် ဘယ်သူမှန်း တပ်အပ် မသိသေးသော သူက dimensions opener ထဲမှ အရာနှင့် စကားပြောနေသည်။ ဘေးနားက စိတ်ဖောက်၍ ထွက်ပြေးခဲ့သော မေ့မြောနေသည့် ပြာမိုင်ကို ကယ်ဖို့ထက် သူအနေနှင့် အခြေအနေ သိရန် လိုအပ်ပေးသည်။
အကွာအဝေးမှာ အနည်းငယ် ဝေးကွာ တာကြောင့် တဖြည်းဖြည်း ခြေတလှမ်းချင်းစီ ဖြည်းညင်းစွာ လာရင်း အသံကို ကွဲကွဲပြားပြား ကြားရသည့် နေရာတွင် ရပ်သွားသည်။
"နင် ဒီတခါ စမ်းထားတဲ့ လူက ဘယ်လိုလဲ။ သူ ကိုယ်သူ ထိန်းချူပ်နိုင်သေးလား။"
မြင်ကွင်းမှ သစ်ပင်နှင့် ခံနေသောကြောင့် dimensions opener အထဲမှ အရာမှ မမြင်ရ၊ ထပ်တိုးလာလျှင်လည်း ကွယ်စရာ ချုံမရှိတော့သောကြောင့် ဒီအတိုင်းသာ ငြိမ်နားထောက်လိုက်ရသည်။
"သူ အခုတော့ မေ့နေတယ်။ ထိန်းချုပ်နိုင် သေးတယ် ဆရာ။ သူ တော်တော်ကို ကောင်းတဲ့ကောင်ပဲ သိလား။ ကျွန်တော် မနေ့က အဖြစ်အပျက် သူ မြင်ရာ ဆွဲကိုက်တဲ့ ဝံပုလွေ လုံးလုံး ဖြစ်ပြီ တောင် မှတ်တာ။ မနက်က သူ ကျွန်တော်တို့ တွေ့ပြီး တန်းမေ့လဲတာပဲ။"
အသံက ခပ်ကြောင်ကြောင်၊ စကားလုံး တွေက ပြောလိုက်တိုင်း ဝဲနေသည့်အပြင် လျှာလိပ်သံကပါနေတာကြောင့် နေခြည် ဘယ်သူမှန်းခွဲဖို့ပင် မတွေးတောနိုင်ပင် မနည်း နားထောင်နေရသည်။
"အခြေအနေ ထပ်စောင့် ကြည့်ရတာပေါ့။ ဒီတခါ အစီအစဉ်မှာ မင်း စည်းရုံးလို့ အောင်မြင်ရင် ငါ မင်းကို စည်းစိမ်တွေ ပုံပေးမယ် ဟုတ်ပြီလား။"
"ဟုတ်ကဲ့ ကျေပွန်အောင် ဆောင်ရွတ်မှာပါ ဆရာ။"
ထိုစကားအပြီး နောက်တသံ မကြားရတော့။ ချုံကနေ ခေါင်းကို မျက်စိမြင်ရုံ ကြည့်လိုက်တော့ ပြာမိုင်ကို ယူသွားသည်။ နေခြည်လည်း သေချာမြင်မှ ထွက်ကြည့်မည် လုပ်တော့ အနည်းငယ်ကြာသွားသည်မို့ ယခု ပုံစံတူ နှစ်ဦးကို မြင်နေရသည်။
သူလျိုကို ဖမ်းမည့်အရေး ယခု ပုံစံတူနှင့် ဝေခွဲဖို့ပင် ခက်နေသည်။ ဘယ်သူက စကား ပြောခဲ့သူမှန်းလည်း မသိသလို အခု ထွက်ကယ်မည်ဆိုလျှင်လည်း နှစ်ယောက် တယောက်၊ ဘယ်လို မှပင် မနိုင်နိုင်။ ထို့ကြောင့် ဒါနဲ့တင် လက်လျော့ကာ တခြား တဖက်ကနေ အမဲလိုက်ရှာသည်။
ВЫ ЧИТАЕТЕ
မီးငှက်လေး ပျံသည့်ပမာ
Научная фантастика"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...
