"နေမ!" မျက်လုံးအစုံကို အလိုအလျောက်မှိတ်သွားသည်။ နေခြည်၏သေခြင်းကို သူ့မျက်အစုံနဲ့ ကြည့်နိုင်မည် မဟုတ်။ အဖြစ်အပျက်ကလည်း တားဖို့ ထက်တောင် အချိန်စက္ကန့်ထက်တောင် ပိုမြန်နေသလို။ အော်လိုက်မိသည်မှာ မှန်သည်။ ယခု ဖြစ်ပျက်နေသည်မှာလည်း ကိုယ်တွေ့ပင်။ စိတ်ထဲမှာ အိမ်မက်လား၊ ကိုယ်တွေ့လား ထပ်ခါတလဲလဲ မေးခွန်းမေးရင်း မျက်လုံးအစုံကို ပြန်ဖွင့်လိုက်သည်။ ပြောကြားသူရဲ့ဓားက ရပ်သွားပြီ။ နေခြည်၏ဗိုက်က အဝတ်စကိုပင် ထောက်နေပြီ။ ပြဲတော့မပြဲသွား။ နောက်ကနေ ကလေးတယောက် ရဲ့ အသံ။
"အဲ့အမကို လွတ်ပေးလိုက်၊ ဦးတို့ လိုချင်တာ သားကိုမလား။" အောင်ပြည့်လေးရဲ့ အသံ။ အာလုံးက လှည့်ကြည့်သည်။ ပြောကြားသူမှ အပြုံးတချက်ပြုံးလိုက်သည်။ ထို အပြုံးမှာ ရိုးသားခြင်းတော့ မရှိ။
"သားဒီမှာ အစကတည်းက ရှိနေတာကိုး။ သား... သားနဲ့ ဦးတောင်းဆိုထားတာကို မေ့သွားပြီလား။" ဆက် ပြုံးနေလျက်။
"မမေ့ဘူး ဦး။"
"ဒါဆို အဲ့တောင်းဆိုမူကို လက်ခံလား။" အတန်ကြာ ငြိမ်သက်သွားသည်။ အောင်ပြည့် မှာ ကလေး ဆိုသော်ငြား အရွယ်နှက့်မလိုက်အောင် အတွေးကြီး တွေးနေသောပုံပင်။
"ဘာတောင်းဆိုမူလဲ။" ကောင်မလေးတယောက်ရဲ့ အသံ။ဒါကတော့ ဝတ်ရည်ပဲ။ သူ့ညီသဘောတူတာကို သူမသိသောတဲ့ပုံ။
"လက်ခံတယ် ဦး။ အဲ့ အမနှစ်ယောက်သာ အရင်လွတ်ပေးလိုက်။" ကလေးကတော့ တည်ငြိမ်မူအပြည့်နဲ့ ပြတ်ပြတ်သားသား ပြောနေတယ်။
"မောင်လေး မဟုတ်မှ လွဲရော...။" ဝတ်ရည်က စိုးရိမ်ခြင်းအပြည့်နဲ့ သူ့မောင်လေး ပခုံးနှစ်ဖက်ကို ကိုင်ပြီး။
"အဓိက ကာယကံရှင်တွေ ကြားဖြစ်တဲ့ ကိစ္စ ကို တခြားလူအသက်တွေ စတေးမသင့်ဘူး အမ။" ကောင်လေးကတော့ ပြုံးလျက်။ အမကတော့ မျက်ရည်တွေ ဝဲလာသည်။ မိဘမရှိတော့လို့ ကျန်တာ ဒီမောင်လေးတယောက်တည်းပါဆိုမှ ဘာလို့ အစွန့်လွတ်ခံရမှာလဲ။
"အေးကောင်းတယ်။ ခေါ်လာခဲ့။" အစောင့်နှစ်ယောက်ကကောင်လေးကို ခေါ်လာသည်။ လမ်းခုလတ်မှာ အမက လူတယောက်လက်မောင်းကို ဖမ်း ဆုတ်ပြီး ပြောလို့ 'မောင်လေးကို မခေါ်သွားပါနဲ့' ဆိုပြီးအထပ်ထပ် အခါခါ၊ မြင်ရသူ အပေါင်းမှာလည်း မျက်ရည်များ ဝဲလာပြီ၊ အကြင်နာမရှိသူ အစောင့်ကတော့ မိန်းကလေးလက်ကိုလိမ်ချိုးပြီး ပစ်ချလိုက်လေသည်။ ကလေးဆိုသည်မှာ အနုနယ်ဆုံး အချိန် ၊ မည်သို့ပင် ပျိုဖော်ဝင်ပြီဆိုစေ အရွယ် မမျှလျှင် အားမမျှစတမ်းသာ။ မိန်းကလေးက နာနေသော လက်ကို ကိုင်လျက် အော်ငိုနေလေပြီ၊ ရပ်ပြီး ကြည့်နေသော နေခြည်ဦး၊ သံကြိုးချည်ခံရသော နွမ်းပါးသူ မိန်းကလေးပင် အတတ။ နေခြည်ဦး နောက်မှ ပြန်သတိလည်လာသည်။ ခြေသလုံးနားရောက်သော ဘောင်းဘီကို ဆွဲတင်၊ ရော်ဘာနှင့် ချည်ပြီး ထိုးထားသော ဓားမြှောင် ကို ယူပြီး ပြောကြားသူ၏ လည်ကို ဓားတေ့ထားလိုက်သည်။ ပရိသတ်ကော၊ အစောင့်နှစ်ယောက်ကော ပြာသလဲလဲ နှင့် ဖြစ်သွားလေသည်။ ကလေးကိုတော့ လက်က မလွတ်၊ သို့ပေမယ့် မျက်နှာမှာ ဘာမှ စဉ်းစားမရတော့သည် အရိပ်အယောင်မျိုးတွေပြနေလေပြီ။
![](https://img.wattpad.com/cover/127731883-288-k334121.jpg)
YOU ARE READING
မီးငှက်လေး ပျံသည့်ပမာ
Science Fiction"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...