သူမ စိတ်ထဲ အရင်က သိချင်သော မေးခွန်းများ တရဆက်ပေါ်လာသည်။ အရင်က ထူးဆန်းလှသော ထွန်းမြတ်ရဲ့ မိသားစုအကြောင်း၊ ထွန်းမြတ်အပါအဝင် သူမ အရာ အာလုံး သိချင်ခဲ့သည်။ ထို မေးခွန်း မျက်မြင် သိရတော့မည်ဖြစ်သဖြင့် အတိုင်းမသိ ဝမ်းသာမိသည်။ သို့သော် ကိုယ့်အခြေအနေက ထွက်ပြေးသော အပြစ်သား တယောက် အနေနှင့် တွေ့ရမည်ဆိုတော့ မသက်သာ။
"တောက်တောက် တောက်"
ထွန်းမြတ်ခေါက်လိုက်သော တံခါးမှာ တံတိုင်းကဲ့သို့ပင် ကြီးမားလွန်းလှသည်။ အကယ်၍သာ သူခိုး တယောက် အနေနှင့် တက်ရမည်ဆိုလျှင် သက်သာမည် မဟုတ်ပါ။"ဘယ်သူပါလဲ? အို အရှင် ထွန်းမြတ်ပဲ။ ကြွပါဗျာ"
မသိနိုင်သော နေရာ တခုကနေ ကိုယ့် အနီးအနား ပြောသလို ကြားနေရသည်။ တခဏမအတွင်း အတွင်းမှာပင် အရှေ့က ကြီးမားသော တံခါး ကြီးက အလိုအလျှောက် ပွင့်လာသည်။"နေမ လာ! မကြာခင် ငါတို့ အိမ်ထဲရောက်တော့မယ်။"
နောက်ဆုံးတော့ သိချင်ခဲ့တဲ့ အကြောင်းအရာ တွေကို ကိုယ်တွေ့ မြင်ခဲ့ရပြီ။ နောက်ဆုံးတော့ သူအသေးစိတ်သိချင်ခဲ့တဲ့ သူ့မိသားစု အကြောင်းအရာကို သိခဲ့ရပြီ။
ခြံတံခါး အဖွင့်မှာတင် ခြံ ထဲက စိုက်ပျိုး မွမ်းမံထားသော သစ်ပင်ကြီးများနှင့် ပန်းအိုးများကို အရင်ဆုံး မြင်ရသည်။ ပန်းပင်များကိုလည်း တန်းလျား တန်းစီလျက် စိုက်ပျိုး ထားသည်မှာ များပြား လှသလို အရောင်အသွေး စုံလှသည်။ သစ်ပင်ကြီးများကို ပြုစသု ပျိုးထောင်ထားသည်မှာ ကြီးမားလှသည့် ထုထည်နှင့် စိမ်းလန်းစိုပြေနေသော သစ်ရွတ် အရောင်တို့က ပြသနေသည်။ နောက် ကနေ ဘာမျှ မပြောဘဲ တောက်လျှောက် လိုက်လာခဲ့သော ထွန်းမြတ်တို့၏ အိမ်မှာ အမှန်တော့ ကြီးလည်း ကြီးမားသလို စိတ်ကူးယဉ် လည်း ဆန်လှသည်။ နောက်အိမ်ထဲသို့ ဝင်ရောက်ရန် ဖြစ်ပေါ်လာသည့် အိမ်ရှေ့ တံခါးမကြီးကို ဖွင့်လိုက်သည်နှင့် အမျှ နေခြည်မှာလည်း တအံတဩ ဖြစ်နေရသည့် အကြောင်းအရာများ ကို များစွာ မျက်မြင် တွေ့ မြင်နေရပြီ။ သူမ အနေနှင့် ပထမဆုံး အထပ်များများပြားပြား ပါရှိပြီး ဘယ်ညာနှစ်ဖက်ကို ရစ်ခွေကာ ဆင်းကျလာသော လှေကားထစ်များ၊ ပန်းချီ ကနုတ် တို့နှင့် ဖြည့်စည်း ပေးထားသော အိမ်အလှကို သူမ အနေနှင့် ပထမဆုံး မှင်သက်ကာ နှစ်သစ်မိသည် ဟု ဝန်ခံသည်။
ESTÁS LEYENDO
မီးငှက်လေး ပျံသည့်ပမာ
Ciencia Ficción"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...