အခန်းကိုး

199 26 2
                                        

နောက်တနေ့ လေ့ကျင့်ရေးဆင်းဖို့ ပထမရက်၊ အစွမ်းပြပွဲ အတွက် လေးရက်သာ အလို၊ အေးချမ်းတိတ်ဆိတ်တဲ့ မနက်ခင်း စောစောစီးစီး ကို စိတ်လူပ်ရှားနေတဲ့ လူတယောက်က စတင် ဆူပူသာင်းကျန်းလေသည်။

"တောက် တောက် တောက်"

"အင်း..."နေခြည်တယောက် ခေါင်းအုံးကို ခေါင်းပေါ် ဖိအိပ်ဖို့လုပ်သည်။

"တောက် တောက် တောက်
တောက်တောက်တောက်"

"ဂါး! ဘယ်သူတုန်းကွာ မနက်စောစောစီးစီး ထသောင်းကျန်းနေတာ။" ညကအိပ်မပျော်လို့ အိပ်ရေးကမဝသေး။ မျက်လုံးပြူးအောင် မျက်လုံးကို ပွတ်နေရသည်။ ထပြီး တံခါးကို ဖွင့်လိုက်တော့ ပထမဆုံးမြင် လိုက်ရတဲ့အရာက မဲမဲ သဲသဲလေး။ သေချာသည်။ ထွန်းမျောက်။

" ထွန်းမျောက်။" ပြောရင်း အာသန်းမည် ကြုံတုန်း။ နောက်ကျောကနေ ပခုံးကို ဆွဲပြီး ရေချိုး ခန်းကို အရောက်ပို့သည်။

"သွား သွား။ မျက်နှာ သစ် သွားတိုက် ရေချိုး ပြီးရင် လေ့ကျင့်တဲ့နေရာ သွားမယ်။ ငါ က အကုန်ပြီးပြီ။ နင်ပဲ ကျန်တော့တာ။" တော်တော် တက်ကြွနေတဲ့ အကောင်။ ကူပြီး ရေချိုး တံခါးတောင်ပိတ်ပေးလိုက်သေးတယ်။ မျက်နှာသစ် ရေချိုးလို့ အဝတ်အစား ဝတ်ပြီး အိမ်ရှေ့ကို သွားတာ နာရီ မြင်တာနဲ့ ကြည့်လိုက်တော့ ဘယ်နားကနေ ဒေါသ မီးတွေ ရုတ်တရပ် ထတောက် လာသလဲ မသိတော့ဘူး။ အသံက ပြဲနေအောင် အော်မိတော့တာပဲ။

"ဂါး! ထွန်းမျောက် နင့်ဖိုးအေကြီး မို့လို့ ဆယ့်နာရီ ထမင်းစားပြီးမှ သွားရမဲ့ လေ့ကျင့်ရေးကွင်း ကို မနက် ခြောက်နာရီထဲက သွားမလို့။ ရူးနေတာလား။" ခေါင်းမွေးထောင် မျက်လုံးပြူးနဲ့ပြောလိုက်တာ။ ထွန်းမျောက်ကလည်း အသံမထွက်လာအောင်ပြေးလာပြီး နေခြည့် ပခုံး နှစ်ဖက်ကို နောက်ကနေ လာကိုင်လေသည်။ တအိမ်လုံး လန့်နိုး ချင် လန့်နိုးနိုင်သည်။ သို့ကြောင့်လည်း သူက အရေးတကြီး ပြေးလာမိတာပေါ့။

"နောက်မှ ရှင်းပြလေနော်။ လိမ္မာပါတယ် ငါ့သူငယ်ချင်းကလည်း နော်။ ပြန်လာရင် မုန့်ဝယ်ကျွေးမယ်လေ။" မျက်နှာကတော့ ရက်ကလေး နည်းနည်း ကြာတာနဲ့ အပိုးမသတ်တော့တာ။

မီးငှက်လေး ပျံသည့်ပမာ Tempat cerita menjadi hidup. Temukan sekarang