အခန်းလေးဆယ့်နှစ်

93 7 0
                                    

"ဦး မဟုတ်ဘူး ကျွန်တော် ဘာလုပ်မိလို့လဲ?"
ကျွန်တော် အဲ့နေ့နောက်ပိုင်းမှာ အဖြူနဲ့ အမည်း၊ မိုးကနေ မြေကို ဒုံဆိုင်း ကျလာသလို ချက်ချင်း ဒီဘဝကနေ အသစ်ဘဝကို ပြောင်းလဲသွားတယ်။ ပြောင်းလဲခြင်းဆိုတာ အသစ်တဖန်ကို ပြန်လည် စတင်ဖို့ တဲ့။ ကျွန်တော်အတွက်တော့ အသစ်ထက် လက်ရှိအခြေအနေကနေ ချုပ်နှောင် ခံရဖို့ဖြစ်လာခဲ့တယ်။

"မင်းသားလေး မင်းကို ငါ ကြည့်မရခဲ့တာ ကြာပြီ။ အခုမှ နေရာမှန် လူမှန် ဖြစ်သွားတာ။"
ကျွန်တော်လည်း အဲ့နေ့ နောက်ပိုင်းမှာ နေရာတခုကို ညပိုင်း အတင်းအကြပ် ခေါ်သွားခဲ့ရတယ်။ အိလွန်းတဲ့ အိပ်ရာကနေ အိပ်လာတဲ့ အထိအတွေ့ကနေ ချက်ချင်း ခေါ်သွားခံရတယ် ဆိုပါတော့။ ကျွန်တော် မဝတ်ဖူးတဲ့ ဝတ်စုံ၊ အဖြူဗြောင်ကိုမှ သေးငယ်တဲ့ ကိုယ့် အရွယ်အစားပေါ်မှ ပွလွန်းတဲ့ ဘောင်းဘီနဲ့ အက်ႌ ၊ အက်ႌ ဆိုတာကလည်း ဝတ်လိုက်တာ ပေါင်အထိ တွဲကျနေတယ်။ အရင်တုန်းက ဝတ်ဖူးတဲ့ အဝတ်တွေလို ပေါ့ပါးပေမယ့် စိတ်ထဲ မနေတတ်ဘူး။ ယားကျိကျိနဲ့၊ အသားက ထူလွန်းတယ်။

ဆဋ္ဌဂံ သဏ္ဍာန် ထွင်ထားတဲ့ အခန်းကျဉ်းထဲကိုမှ အပေါ်ကနေ မှန် အကြည်နဲ့ ပိတ်ထားတယ်။ ဖင်ထိုင်ဖို့ ခုံ တခု ထုလုပ်ပေးထားတယ်။ ဒါပဲ။ ဒီလို အခန်းမျိုးက တောက်လျှောက် တတွဲလုံး ရှိတယ်။ ကြားထဲ ပိတ်ထားလိုက်တာနဲ့ လက်ကောက်ဝတ်မှ ဝတ်ထားတဲ့ အရာက အခန်းကျဉ်း တံခါးပိတ်တာနဲ့ ချက်ချင်း တမီတာ ထက် ပို ခြားမရအောင် ဆက်ထားသေးတယ်။

စစက ဘယ်လို နေရာလဲ မသိခဲ့ဘူး။ အချိန်မှန် ငါးနာရီ ထတယ်။ နံနက်စာကို အရသာ မရှိ၊ ဂေါ်ဖီ ကိုမှအစိမ်းလိုက် ကြီး အရည်ရွဲရွဲ ကြီးနဲ့ မနည်း အောင့်အီ စားရတယ်။ ပူပူနွေးနွေး လည်း မဟုတ်၊ အေးအေးစက်စက်ကိုမှ အစိမ်းအရသာ၊ ဘာမှကို ထပ်မထည့်တဲ့ အရသာ။ ဒါမှ မစားရင် တခြား အရာတွေကလည်း ဘယ်နှရက် လှောင်ထားလို့ ညှီသိုး နေမှန်း မသိတဲ့ ဟင်းတွေ။

ဂျုံကြမ်းဆိုတာတောင် အဲ့မှာ ဘာမှန်း မသိဘူး။ စားနေရတာ ဂျုံကိုတောင် သွားနဲ့ မကြေကြေအောင် ဝါးရတာ ပါးအရမ်းနာတယ်။ ဒါကလေ အကောင်ကြီးတဲ့ လူကြီးတွေကြား တယောက်တည်း၊ ဒီလူကြီးတွေနဲ့ အတူတူလုပ်၊ အတူတူစား၊ အတူတူသွား။

မီးငှက်လေး ပျံသည့်ပမာ حيث تعيش القصص. اكتشف الآن