မနက်ရှစ်နာရီ အာလုံးကား စုံလင်နေပြီ။ အမဲလိုက်တမ်း ကို ဝင်ပြိုင်ရသော ပြိုင်ပွဲဝင်များမှာလည်း အဆင့်သင့်ဖြစ်နေပြီ။ မတ်လ ၅ရက်နေ့ ဆော့ကစားရမည့် သားကောင်လိုက်တမ်းကို လည်းအာလုံး က စိတ်ဝင်စားစွာ စောင့်မျှော်နေလျက်။
"ကြည့်ရူသူ အပေါင်းတို့ ခင်ဗျာ။ ဒီတခေါက် အမဲလိုက်တမ်းဟာ ဆိုရင်ဖြင့် အသင်းလိုက် ကစားရမယ် လို့ ပြောဖူးပါတယ်။ ရှည်ရှည် ဝေးဝေး လည်း မပြောတော့ စက်ကလေးကိုပဲ ဖွင့်လိုက်တော့မယ်။"
"ကြွရောက်ကြသော ဂုဏ်သရေရှိ လူကြီးမင်းတို့ ရှင်၊ အရင်ဆုံး သားကောင်လိုက်တမ်းရဲ့ ကစားပွဲ အညွန်းကို ပြောကြားပေးတော့မှာ ဖြစ်ပါတယ်။ 'သားကောင်လိုက်တမ်း' ဆိုတဲ့ စကားနှင့် အညီ သားကောင်တို့ကို လိုက်လံ ဖမ်းဆီး ရမှာပါ။ သို့ပေမယ့် ရှိသော အဖွဲ့ နှစ်ဖွဲ့ကနေ တဖွဲ့က နောက်တဖွဲ့ လိုက်ရမှာပါ။"
"ဟင်..."
"ထူးဆန်းလိုက်တာ"
"လူကို လူနဲ့ ပြန် အမဲလိုက်ခဲ့ရတာ။"
ထိုစကားအပြီး အာလုံး တအံတသြနှင့် မေးခွန်းတွေ၊ အာမေဠိတ်သံများ မျိုးစုံထွက်လာသည်။ ပြိုင်ပွဲဝင်တို့ကတော့ မလူပ်မယှက်။ နေခြည်လည်း ပြာမိုင်နှင့် ဖြိုးဝေကို လိုက်ရှာနေမိသည်။ မတွေ့သေး။
"အချိန်ကား သုံးရက်ကြာမည် ဖြစ်ပါတယ်။ ထို သုံးရက်မှာ သားကောင်ဖြစ်သူအာလုံးက မုဆိုးဖြစ်သူအဖွဲ့ဝင်အာလုံးရဲ့ လက်ထဲ မရောက်ခဲ့ရင် အနိုင်ရရှိ မှာ ဖြစ်ပါတယ်။ ကဲ… သားကောင် နှင့် မုဆိုးအဖွဲ့ကို ပြောပြဖို့အပေါ်က ဖန်သားပြင်ကို ကြည့်ရင်း နားထောင်နိုင်ပါတယ်။"
"မုဆိုးအဖွဲ့မှာ အဖြူ အသင်းဖြစ်ပြီး သားကောင် အဖွဲ့မှတော့ အနက်အဖွဲ့ ဖြစ်ပါတယ်။ သားကောင်အဖွဲ့ အရင်ဝင်ပြီး တစ်နာရီကြာမှာ မုဆိုး အဖွဲ့က ပြိုင်ပွဲ ဝင်ရောက်လို့ရမှာ ဖြစ်ပြီး ကြည့်ရူသူတို့ အနေဖြင့် သုံးရက်လောက်အကြာ၊ နောက်ပွဲစမည့် အချိန်မှာ ပြန်လည်ကာ ဆုံတွေ့ကြရမှာဖြစ်ပါတယ်။ အမှတ်ကတော့ သားကောင်ထဲက ဖမ်းမိတဲ့လူဆိုရရရှိမဲ့ အမှတ် တစ်ဆယ်လျော့သွားမှာ ဖြစ်သလို၊ မုဆိုးကလည်း သူကိုယ်တိုင် ရှာတွေ့ခဲ့တာ မဟုတ်လျှင်လည်း ဆယ်မှတ်ရရှိမှာ မဟုတ်ပါဘူး။
BINABASA MO ANG
မီးငှက်လေး ပျံသည့်ပမာ
Science Fiction"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...