အခန်းနှစ်ဆယ်

124 15 8
                                    

"ကြည့်ရူအပေါင်းတို့ခင်ဗျာ အခုဟာဆိုရင်တော့ ပထမအပိုင်းပြီးပါပြီ။ ပထမအပိုင်းအမှတ်တွေရေဖို့ ပြင်ဆင်နေကြပါပြီ။" စောင့်နေတဲ့ သင်အင်သား က သူ့ မှာပါတဲ့ စက်ကလေကို ဘောင်းဘီအိတ်က ထုတ်၊ ဆယ်ခုသော ပစ်မှတ်တိုင်နားကို ဘယ်ဘက် အစွန်းမှ စ၍ တခုစီစီ တွက်ချက်ကာ စက်ကို တတောက်တောက် လုပ်နေသည်။ ထို အချိန်မှာ ပြိုင်ပွဲ ဝင်တွေက ခတ္တခဏ ရပ်နားသော အနေနဲ့ နံပါတ်ပေးသော အခန်းထဲသို့ဝင်ကာ နားနေကြသည်။ ထို အချိန်မှာ ကျွန်မနားကို နှင်းဆီ ကပ်လာပြီး

"နေခြည် နင် မြားပစ်တာ အခြေအနေ ဘယ်လိုလဲ ။" အရင်တုန်းကနဲ့ မတူ၊ သာမန် သူငယ်ချင်းယောက်လိုမျိုး စကားက စလာသည်။ မိန်းကလေး သဘာဝ အရင်လို ကျွန်မကို မနာလိုတာတွေမရှိတော့ဘူး ထင်သည်။

" အခြေအနေကတော့... ကောင်းသလိုလို မကောင်းသလိုလို ငါကတော့ အဖြေထွက်ပြီးမှပဲ ပြောလို့ရမယ်။ နင်ကော" မျက်နှာကတော့ နှင်းဆီက အတတ်နိုင်ဆုံး သို့သော် ယုံကြည်မူမရှိဘူးထင်မိသည်၊ အသံကလည်း လျော့ မျက်နှာကိုလည်း လွဲလိုက်သည်။

"နှင်းလည်း ကောင်းပါတယ်လို့ တပ်အပ်ပြောလို့ရတဲ့အထဲမှာ မပါပါဘူး။" နှစ်ယောက်က ဆုံနေသော်လည်း ထို အကြောင်းအရာကို ဆက်မပြောမိတော့၊ တခြား အကြောင်းလည်း မပြောမိပဲ နေနေမိသည်။ ထိုင်ခုံပေါ် နှစ်ယောက် ဘေးချင်းကပ်ထိုင်ပြီး မှန်ကနေတဆင့် လာအားပေးကြသော လူအုပ်စုကို ကြည့်နေသော အချိန် ဘေးနားမှာ ခြေသံတခုကြားသည်နှင့် နေခြည်လှည့်မိသည်။

"ဟို လူစိတ်မရှိတဲ့လူ။" အာလုံး သူ့အစုနှင့်အစု နားပြီး ပြောချင်ပြော၊ နားချင်နားနေကြသော်လည်း သူကတော့မဟုတ်၊ တယောက်တည်းဖြစ်၊ တည်ထားသော မျက်နာနှင့် သူ့ပုံစံက လမ်းလျှောက်လာသော်အခါ အများထဲတွက် ထင်းခနဲပေါ်နေသည်။ ထို အရိပ်အယောက်ကလည်း စိတ်ကောင်းရှိသော လူတယောက်၏ အသား ဝင်းလက်နေခြင်းကြောင့် ထင်းပေါ်နေခြင်းနှင့်မတူ၊ သူများတကာထက် သွေးအေး၊ပက်စက်၍ ကြောက်စရာကောင်းသော အရိပ်အယောင်ဖြင့်သာ ခံစားမိသည်။

"ကြည့်ရူသူအပေါင်းတို့ခင်ဗျာ။ ပထမအပိုင်း အမှတ်ပေးခြင်းက ပြီးဆုံးသွားပါပြီ၊ ယခုဟာဆိုရင်တော့ စတင် ကြေညာပါတော့မယ်။" တီးဝိုင်းက ဒရမ်အသံက စတင် အဆက်မပြတ် တီးခတ်လာပြီ။ ကြည့်ရူတို့ကလည်း နားစွင့်မိကြသည်။ ဘယ်သူဟာ အမှတ်ကို ဘယ်လောက်များ ရမည်နည်း။ ဘယ်သူက အများဆုံး၊ အနည်းဆုံး လဲ။

မီးငှက်လေး ပျံသည့်ပမာ Onde histórias criam vida. Descubra agora