အခန်းသုံးဆယ့်ခြောက်

131 15 0
                                        

Dimension အပြင်မှ ရပ်ကြည့်နေကြသော သူတို့ အာလုံး ထိတ်လန့် ခဲ့သည်။ လှည်းလေးစီး တောင်တိုက်ခဲ့သည့်ကြားက သဲ တို့နှင့် အုတ်အုတ်သဲသဲ မမြင်ရ၊ ထိုအချိန်တွင် ပြောကြားနေကိုယ်တိုင်လည်း စကားလုံး ရှာမရဖြစ်သွားခဲ့သည်။

"အဲ... တော့..."

"ချက်ချင်း dimension အတွင်းက လေတိုက်နူန်းကို ရပ်! အခုချက်ချင်းရပ်!"
ပြောကြားသူ အခန်းထဲမှ ခုနကနှင့် မတူညီသော အသံ တသံရဲ့ မာကျောမူ။ တခြားလူ မဟုတ်၊ မြို့ဝန်မြင့်လိုင်။  အရိပ်အယောင်များက သူ့ရဲ့ အိုစာနေပြီ ဖြစ်သော မျက်လုံးများတွင်  ယှက်သန်းလျက်။

ထိုနေရာမှာသာ ထလောင်နိုင်သည် အရာသာ တပ်ထားခဲ့လျှင် ဟုန်းဟုန်းတောက်လောင်ကာ အာလုံး အရေးပေါ် အခြေအနေအနေဖြင့် ပွဲကိုပင် ချက်ချင်း ရပ်ဆိုင်းရလောက်သည်။ ယခုလည်း ပြင်းပြင်းထန်တိုက်နေသည့် dimemsion အတွင်းက လေတိုက်နူန်းကို မြန်မြန် အလောတကြီး ရပ်ခိုင်းလိုက်ရသည်။

ယခင်ကလို အုပ်အုပ်မိုင်းမိုင်း မဖြစ်တော့။ ရုံအကြီးအတွင်း ထိုးထားသည့် မီးရောင်တို့နှင့် ထိန်ထိန်လင်း နေတော့သည်။ ကြည့်နေသောသူများသည် dimension အပြင်ကနေ မှန်ကြည် အတွင်းထဲက သက်ရှိများကို ကြည့်နေသလို ကြည့်ရူနေရင်း တာထွက်မျဉ်းနား၌ တကိုယ်လုံး နီးပါး သဲတို့နှင့် ဖုံးလွမ်းခံရသော ပြိုင်ပွဲဝင် နှစ်ဦး၊ နေခြည်နှင့် ရွှန်းလဲ့။

နေခြည်မှာ မှောက်လျက် လဲကျနေသော ကိုယ်မှ ဆံပင်ဂုတ်ဝဲနှင့် နောက်ကျော နေရာနှင့် တခြား ကိုယ်အင်္ဂါအစိတ်အပိုင်းတို့မှာလည်း ရှိနေပါသေးသည် ဆိုရုံမျှ ပြနိုင်တော့သည်။  ရွှန်းလဲ့မှာလည်း ပတ်လည်လဲနေသော အနေအထားမှ မျက်နှာလေးနှင့် ကိုယ်ထည် ပေါ်သည်ဆိုရုံမျှသာ။ သူတို့နှင့် နီးကပ်နေသော တာထွက်မျဉ်းမှာလည်း သဲတို့နှင့် ဖုံးလွမ်းနေသည်။ တာထွက်မျဉ်းကို မြင်းနှင့် တကွ ရောက်ရှိပြီဖြစ်သော ဦးဆုံး ပြိုင်ပွဲဝင် မှာ ပထမရမည်ဆိုသော်လည်း မည်သူမှာ ပထမဆိုတာကိုမသိရ။

သူတို့ တိုက်မိထားသော လှည်း နှစ်စီးမှာလည်း ဘီးနှစ်ဘီး ပွတ်တိုက်မူ အားသာမက ဘီးမှ ရိုးတံများကို နောက်တဘီးမှ ဝင်တိုက်ထားသည့် အဖြစ်အပျက် ထင်ရှားနေကာ တိုက်ထားသော ဘီး နှစ်ဘီးမှာလည်း အပျက်အစီးများနှင့်၊ ပြတ်သွားခဲ့သော ကြိုးအစတို့မှာလည်း ခုနက တိုက်ခဲ့သော လေတိုက်အားကြောင့် ယိမ်းကာယိုင်ကာ အရှိန်မသေသေး။ ခုနက ထွက်ပြေးခဲ့သော မြင်းတို့ကို ရုံထဲမှာပင် ဖမ်းမိကာ အခုရုံထဲမှာပင် ငြိမ်အောင် ထိန်းထားသည်။ ထို အခြင်းအရာကို ကြည့်ကာ ရုံထဲက ခုံတနေရာမှ အသံတခု။

မီးငှက်လေး ပျံသည့်ပမာ Wo Geschichten leben. Entdecke jetzt