"ဖြိုးဝေ!"
"ဒိုင်း!" "လျှီ!" "လျှီ!"
"အနက်သင်း မှ ဖွဲ့သားများ လွတ်ပါပြီ။"
"အနက် အသင်းမှ ဖြိုးဝေ ထွက်ပါပြီ။"
"အဖြူအသင်းမှ နင်းဆီ ထွက်ပါပြီ။"
"အနက် အသင်းမှ ဘုရင်၊ညီပြာမိုင် ထွက်ပါပြီ။
အဖြူ အသင်း အနိုင်ရရှိပါပြီ။"
အဖြစ်အပျက် အရမ်း မြန်လွန်နေတယ်။ ဒီအသံတွေကို ကြားနေရတာလည်း ကြားသာ ကြားနေရတာ၊ အရာတွေရဲ့ လူပ်ရှားမူက မျက်လုံးထဲမှာ ကြည်လင်နေပေမယ့်လည်း မြန်လွန်းတဲ့အဖြစ်အပျက်တွေကြားမှာ မျက်လုံးလိုက်မရသေး။ ဘယ်ကနေ ဘယ်လိုတွေ စဖြစ်တာလဲ ဘယ်လိုတောင် စစဉ်းစားရပါ့။
"အဖြူအသင်းမှ အနိုင်ရရှိမူကြောင့် အာလုံး ရဲ့ အမှတ် ငါးဆယ်စီ တိုးတက်ပါပြီဗျာ။" ပြောဆိုရဲ့ ထကြွပြောဆိုမူက ကွင်းပြင် မဝင်ခင် dimension opener တံခါးထဲကနေ ဟိန်းလွန်းနေတယ်။ လူတွေကလည်း သင်အင်၊ကျုံး မရွေး ပျော်ရွှင်မြူးတူးနေကြတာ စူးလွန်း၍အော်သံ၊ တဖြောင်းဖြောင်းမြည်နေသော လက်ခုပ်သံတို့နှင့်၊ ဒီပွဲက မြန်သာ မြန်တာ၊ ပွဲလေးက ကြည့်ကောင်းထင်ပါရဲ့။
"အဖြူအသင်းမှ အမှတ် ငါးဆယ်စီတိုးသွားတာကြောင့် အမှတ် အများဆုံး ပြိုင်ပွဲဝင် ရဲ့ နံပါတ် တွေကလည်း ပြောင်းလဲ သွားခဲ့ပါတယ်။
အမှတ်အများဆုံး ပြိုင်ပွဲဝင် နံပါတ် တစ်ဆယ်၊ နှင်းဆီ တစ်ရာ ကိုးဆယ့် ရှစ်
ဒုတိယ အများဆုံးပြိုင်ပွဲဝင် နံပါတ် လေး ရွှန်းလဲ့ တစ်ရာ ရှစ်ဆယ့် ခုနှစ်
တတိယ အများဆုံးပြိုင်ပွဲဝင် နံပါတ် သုံး ဖြိုးဝေ တစ်ရာ ခုနှစ်ဆယ့် ကိုး။
တတိယပြိုင်ပွဲ စစ်တုရင် ပွဲဟာ ပြီး ဆုံးသွားပြီဖြစ်သည့် အတွက် ဒီကနေ့ပွဲကို ဒီမှာပင် ရပ်နား၍ ပြီးဆုံးသွားပါပြီ။" dimensions opener ထကြနေ တဆင့် ရုံ ထဲကို ပြိုင်ပွဲဝင်များက အခုမှ ပဲ ရုံထဲကို ဝင်လာလျက်၊ နေခြည်ဦးကတော့ ကျုံးရုံး တံခါးပေါက် ဝသို့ ပြင်နေပြီ။
"ဟေ့!" ဒီနေရာမှာ မကြားစဖူး ကြားနေရတဲ့ အသံ၊ နည်းပြ ဦး တင်ထူးရဲ့ အသံ။ ခေါင်းတွေ လှည့်လာပြီ၊ အသံလာရာကို စုလာကြသည်။ တံတိုင် လို မမြင့်မားပေမယ့် ခေါင်းမော့ကြည့်ရုံ တော့ မြင့်တဲ့တန်းတွေကနေ ထွက်လာတဲ့ လာတဲ့ ခေါင်းတွေ၊ နည်းပြ တင်ထူးနှင့် မြင်းပျံလေးယောက်။
VOCÊ ESTÁ LENDO
မီးငှက်လေး ပျံသည့်ပမာ
Ficção Científica"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...
