အခန်းနှစ်ဆယ့်တစ်

160 12 3
                                        

ိုထိုနေ့ မြားပစ်ပွဲ ပထမအပိုင်းပြီးသည်နှင့်အာလုံးဟာ ပထမပွဲအပြီး သေနတ်ပစ်ပွဲ ကြားကာလတွင် လေ့ကျင့်ခဲ့သည့် နေရာကို တယောက်စနှစ်ယောက်စ နှင့် ပြန်ဆုံကြသတည်း။

ထုံးစံအတိုင်း ဝင်းမြတ်နှင့် နည်းပြတင်ထူးတို့က စောင့်နေသည်။ မနက်ဖြန်လုပ်ရမည့် ဟာကို စူးစူးစိုက်စိုက် အာလုံး ရှိနေကြသည်။ သင်အင်သားတို့၏ မျက်လုံးတွေကြား၊ ပထမပွဲတုန်းက အသက်များကို အရာ ဝတ္ထု များလို သဘောထားကာ ကြည့်ရူနေကြသည့်ကြားကာ လွတ်မြောက်လာခဲ့သည့်သူတို့၊ ဒီကနေ့ကတော့ ဒုတိယပွဲ ဘယ်သူမှ မထိခိုက်သေးသည့် ပွဲအနေနဲ့ အမှတ်ယူခဲ့ပြီ။ မနက်ဖြန် ဘယ်လို ထိခိုက်ဦးမည်နည်း။ ဒါကို မသိရ။ အာလုံးဟာ ဒီတချက်ကိုတော့ စိတ်ထဲမှာ လူပ်ရှားနေပြီ။ ထွန်းမြတ်ပြောထားလို့ အကျဉ်းချုပ် သိနေရသော နေခြည်ပင် စိတ်လူပ်ရှားနေမိသည်။ နည်းပြတင်ထူးကလည်း ဆရာပီပီ တပည့်တို့၏ စိတ်ခံစားချက်ကို နားလည်နေသည်။ သို့ဖြင့် ပါးစပ်ကို ဟလိုက်သည်။

"မနက်ဖြန် ရှစ်နာရီ စစ်တုဘုရင် အာလုံး ကစားရမှာသိတယ်နော်။" အာလုံးက ခေါင်းညိတ်သည်။ နည်းပြလည်း လက်ခံသော သဘောဖြင့် ဆက်ပြောသည်။

"အေး မင်းတို့ အဲ့ ကစားပွဲကို တော်တော်များများလည်း ကြားဖူးမှာ မဟုတ်ဘူး။ သင်အင်တွေပဲ ကြံကြံဖန်ဖန် ထွင်ပြီး ဒါပေမယ့်လည်း အဲ့ဒါလေးက ဆော့ပြီဟေ့ဆိုရင် တကယ် ဆော့လို့ကောင်းတယ်။ မြန်မြန်ပြောတာပေါ့၊ သင်အင်တွေကလည်း တော်တော် ကြောင်တာပဲ၊ နေပူပြင်းတဲ့ အချိန် နှစ်နရီကို ကိုးလို့ကန့်လန်ကြီး ခေါ်တယ်ကွာ၊ ဒီတော့ငါတို့လည်း ကြားထဲမှာ လုပ်စရာရှိတာ လုပ်ရတော့တာပေါ့။ ကဲ... ဝင်းမြတ် မင်းပဲ သေသေချာချာ ရှင်းပြလိုက်ပါကွာ။" နောက်ကွယ်၌ လက်ကြီး ပိုက်၊ မှန်ကိုင်းထူထူနှင့် လေ့ကျင့်ခဲ့သည့် အချိန်ကလို ကုတ် အနက်ကို ဝတ်ထားသည့် ဝင်းမြတ် ရှေ့ထွက်ကာ မှန်ကို လက်ညိုးနှင့် ပြန်တပ်လျက် ပြောတော့သည်။

"မင်းတို့... စစ်တုဘုရင် ဆော့ရင် အရင်ဆုံး ဘုရင်၊ ဘုရင်မပါတာ၊ အာလုံးလည်း အသိပဲ။ ပြီးမှ လူအနည်းအများကို ကြည့်ပြီးတော့မှ ကစားပွဲစတာ၊ ကဲ လူကလည်း ဆယ်ယောက် ဆိုတော့ နည်းတယ်။ လူနည်းတဲ့ ပုံ နဲ့ပဲ ပြောတော့မယ်။" အာလုံးကို ချုံငုံကြည့်ကာ ပြောနေသော ဝင်းမြတ် လည်ချောင်းကို အရင်ရှင်းလိုက်သည်။

မီးငှက်လေး ပျံသည့်ပမာ Where stories live. Discover now