"သူကလား။ သူကတော့ ဖြိုးဝေလေ။ အရင်က အန္တာရယ် ရှိတဲ့ ဆေးတွေ ဖြန့်ဝေမူနဲ့ ငြိထားတဲ့တယောက်။ "
"အို!"
"ဘာဖြစ်လို့လဲ ဒါနဲ့သူက?" သေချာကိုကြည့်ပြီး သူတယောက် စူးစမ်းနေမိသည်။
"ဘာမှ မဟုတ်ဘူး ဟီးဟီး။" ဒီအတိုင်း သိချင်လို့ ဟူသာ သဘောဖြင့် တိုက်ခတ်နေသော လေတဟူးဟူး ကြားတွင် ခုန်ပေါက်ကာ ပြေးဆော့လိုက်သည်။ ထွန်းမြတ်ကလည်း ထိုသူ ဘာလုပ်ခဲ့သလဲ မသိသေးသောပုံ၊ သိများသိရင်... ခဏကြာသော်ရောက်ပြီ။ ပထမပွဲကို ရှောရှောရူရူ အောင်မြင်ခဲ့တဲ့ လေ့ကျင့်သမားတွေ စုံနေပြီ၊ သို့သော် တခြား လေ့ကျင့်ခဲ့သောသူများက ပျောက်နေသည်။ သေ သွားခဲ့ပြီမှာ သေချာပြီ၊ စိတ်တော့မကောင်းဖြစ်နေသည် ကိုယ် အတူတူ ပျော်ပျော်ရွှင်ရွှင်လေ့ကျင့်ခဲ့တဲ့ တခြားလူတွေ က တခဏမှာ ဆုံးသွားတယ်ဆိုတော့။ ဟိုမှာက လင်းအောင်၊နိုင်းအောင်လံ၊ မျိုးကိုလွင်၊ နှင်းဆီ၊ ညီပြာမိုင်၊ နည်းပြတင်ထူး၊ ကျန်သော မြင်းပျံသုံးယောက်။ အခုမှ သေချာရေမိသည်။ အဘိုးနဲ့ ကိုနီရဲပျောက်နေတာပဲ၊ တကယ်ပဲ ဆုံးသွားပြီ ထင်သည်။
"ပထမပွဲကို အောင်အောင်မြင်မြင်ပြီးစီးခဲ့လို့ ဂုဏ်ယူပါတယ်။ " ဦးတင်ထူးက လက်ခုပ်တီးနေပြီး ပြုံးပြုံးရယ်ရယ်နှင့်၊ ကျန်သော်လူတွေကလည်း ပြုံးပြုံးရယ်ရယ်နှင့်ပင်၊ ကိုယ်တယောက်တည်း စိတ်မကောင်းဖြစ်နေတာလား။
"မနက်ဖြန် မနက်က မြားပစ်ပြိုင်ပွဲနဲ့ သေနတ်ပစ်ပြိုင်ပွဲဟုတ်တယ်ဟုတ်။ ဒါပေမယ့် မြားပစ် တကယ်ကျွမ်းတယ်လို့ အာမခံတယ်လူ လက်ထောင်။" ဦးတင်ထူး လက်မြောက်လိုက်သည်။ ဟုတ်သည် နေခြည်မှာ နေ့စဉ်နေ့တိုင်း အမဲလိုက်ကာ မြားပစ်၊ ဒလံပစ်၊ သေနတ်ပစ်မှာ ပစ်မှတ်တခုကို ချိန်နိုင်သည်။ သို့သော် သူကိုယ်တိုင်လည်း ဤနေရာတည့်တည့်ကို တချက်မလွဲပစ်နိုင်သည်ဟု ဘယ်လို မပြောနိုင်။ တခြားသူများမှာလည်း ထိုနည်း၎င်းပင်။ ထို့ကြောင့်လည်း ဘယ်သူမှ လက်မထောင်၊ အတန်ကြာတော့မှာ လက်ချကာ။
"ငါ ထင်သားပဲ။ ဝင်းမြတ် လုပ်...။" သူ့ကုတ်ထဲက စက်တခုမှ ခလုတ်တခုနှိပ်ပြီး စောင့်လိုက်တာခဏကြာတော့ သူ့အဖေ စစ်မင်း လို ကားကို မှ အဖြူရောင် အကြီးတခု တောင်အောက်ကနေပေါ်လာသည်။ အရင်တုန်းက ကုန်တင်ကားနှင့်တင် တူသလိုလို၊ သို့ပေသီ ထိပ်ချွန်နဲ့ လက်နှစ်ဖက်မှာ ပြားချပ်နေပြီး ထိပ်ဆုံမှတ်သုံးခုကို ဝိုက်ကာ ပြားချပ်ချပ်နှင့်သာ ဆက်ထားသည်။ အနောက်ကို နည်းနည်းချင်းစီ အပေါ်က ပိုဖောင်းလာပြီး၊ အနည်းငယ် ဖောင်းစ ပြုလာသောနေရာတွင် ထိပ်ဦး ပြားချပ်နေသော အဝိုက်နည်းတူ အနည်းငယ်ဖောင်းစပြုလာသော နေရာတွင် အပြာအလင်းတန်းတခုက ထပ်ဝိုက်ထားသည် ၊နောက်တွင် လက်နှစ်ဖက်တို့၏ အချင်းဝက်၊ ဗဟိုချက် နှင့် အဖောင်းဆုံးနေရာမှာ အောက်ကို ကို တဖြည်းဖြည်း ပြန်ဆင်းကာ လက်နှစ်ဖက်ကနေ စရှူးလာခဲ့သည့် နေရာမှာ အမြီးသို့ ရောက်ခါနီး နေရာဆုံခါနီးနေရာတ၍တွင် ထောင့်မှန် မတ်မတ်ကြီးပြန်ထောင်သွားကာ အမြီးမှာ ပြန်ချိုးချပြီး ပြီးဆုံးသွားသည်၊ ထိုရှူးလာခဲ့သည့် တလျှောက်မှာလည်း အောက် လက်နားကို ပြတင်းပေါက်ကပ်ကာ ဖောက်လုပ်ထားပြီး မှန်တို့နှင့်ပြန်ကာထားသည် ။ (လေယာဉ်ပျံပါ သို့ပေမယ့် နေခြည် character က လေယဉ်ပျံတွေ မမြင်ဖူးတဲ့အတွက် အဲ့လို ရေးသားခဲ့ရခြင်းဖြစ်ရပါတယ်။) ထို အရာက တောင် ပေါ် မြေပြန့်ဆီသို့ တဖြည်းဖြည်းတက်လာပြီး ထိပ်ဖျား စွန်းစွန်းကို နေရာချဖို့လုံလောက်သည့် နေရာတွင် စတင် နှေးလာပြီး တံခါးပေါက်ရှိရာ နေရာ ဘယ်ဘက် ဗိုက်မှာ ဖြစ်တာကြောင့် ညာ ဘက်လှည့်ကာ ရပ်တန်းလိုက်သည်။ ရပ်တန်းခြင်းနှင့်တပြိုင်နက် တံခါးပေါက်မှ ပွင့်လာသည်။ ဝင်းမြတ်က ဦးဆောင် ပြီး 'ဝင်လာကြ' လို့ပြောတာကြောင့် ဝင်သွားလိုက်သည်။ ဝင်လာတာနဲ့ အခန်းထဲမှာ အကန့်သုံးခုပါသည်။ စဝင်လာစ၊ဗိုက်ပိုင်းကို စတင်ခြေချမိပြိဆိုသည်နှင့် ပထမဆုံး မြင်ရတာကတော့ ခုံ အကြီး သုံးခု၊ အာလုံးက သားရေတွေနဲ့ ဖုံးထားပြီး၊ အဖြူ၊အနက်၊ အညို၊ အာလုံး က သုံးယောင်စာထိုင်ရသည့်နေရာမှ ချိုးကာ နှစ်ယောက်စာနေရာလေးက ပြတင်းပေါက်ကို မျက်နှာမူသည်၊ ခုံအာလုံးအလယ်မှာလည်း ကိုယ်စီကိုယ်စီမှာလည်း စားပွဲ အနိမ့်တခုစီရှိသည်၊ အညိုရောင်သားရေ ထိုင်ခုံအကြီးဟာ တံခါးပေါက် ချင်းဆိုင်ကို ညာဘက် အစွန်းဆုံးတွင် ရှိသည်၊ အဖြူနှင့် အနက်ကတော့ တခါးရှိသော ဘက်ကို ကပ်ကာ နှစ်ခုံကို မျက်နာချင်းဆိုင်ထားသည်။ အဖြူက တံခါးရဲ့ ညာဘက် ထိပ်ဦးအကန့် နံရံနှင့် ကပ်ထားပြီး အနက်ကို အမြီးဘက် နံရံနှင့်က်ထားသည်။ အာလုံးက အသီးသီး ထိုင်ကြတော့ နေခြည်က အဖြူထိုင်ခုံတွင်ပြတင်းနှင့်ကပ်နေရာကို ရွေးကာ ဝင်ထိုင်သည်။ ဒါကို မြင်သော ထွန်းမြတ်က သူ့ဘေးနားကို သွားထိုင်ပြီး မှေးနေလေပြီ၊ ထို ပုံရိပ်ကို မြင်လိုက်ရသော နှင်းဆီမှာတော့ မနာလို ဝန်တိုမူပေါင်း မျိုးစုံနှင့် သူ့အကို ဘေးနားထိုင်မည်ပြောပြီး လက်ဆန့် ခေါင်းဆန့်နှင့် သွားနေသော ကောင်းမြတ်ကို လက်နှစ်ဖက်ဖြင့် တခြား ဘက်တွန်းကာ အတင်းကို ထွန်းမြတ်ဘေးဝင်ထိုင်သည်။ နှင်းဆီခမျာ မိန်းမသားတောင်မှ တော်တော်ကို ဂရုစိုက်ခံချင်၊စိတ်ကောက်ချင်၊ ချွဲချင်၊ နွဲ့ ချင် အမျိုးအစားဖြစ်မည်။ ထွန်းမြတ် က မှေးတာတောင် ပြတင်းပေါက်ကို မေးထောက်ပြီးကြည့်နေတဲ့ နေခြည်ဘက်လို့ဆိုပြီး သေသေချာချာစိုက်ကြည့်နေရာက အသက်ပြင်းပြင်းရူမိကာ၊ ထွန်းမြတ်ကို ကျောပေး၊ ခြေထောက်ကိုထိုင်ခုံတင် လက်တို့နှင့်ဒူးများကိုဖက်ကာ လုံးလုံးကလေးပင်အိပ်နေသည်။ တဖက်မှာက
ESTÁS LEYENDO
မီးငှက်လေး ပျံသည့်ပမာ
Ciencia Ficción"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...