ဟိန်းယံနဲ့ ဖြိုးဝေ...
သူတို့နှစ်ဦးသား လုပ်မှ ကိုယ်တွေ အခု ဝင်ပြိုင်ရတဲ့ ပြိုင်ပွဲစည်းကမ်း တောင် မေ့လျောလာသလိုမျိုး။
နှစ်ဦး လူပ်ရှား နေသည်ကိုကြည့်တော့ ဖြိုးဝေ တယောက်ကလည်း အရှေ့ကနေ လျှောက်လာသည်။ ဟိန်းယံကလည်း လိုက်လာသည်။ သားကောင်နှင့် မုဆိုး...။ အနက် အသင်းသားတဦးနှင့် အဖြူ အသင်းသား။
နေခြည်သေချာ ကြည့်နေမိသည်။ တခြားတဖက်ကို ထွက်လာခြင်း။ ထို မြင်ကွင်းကို ကြည့်နေရင်း သူ့ အတွေးထဲမှာ ဒီက ဒဏ်ရာရသူနှစ်ဦးကို ချန်ထားခဲ့ကာ လိုက်သွားပြီး အကြောင်းအကျိုး ခိုးဝှက်ကာ နားထောင်မည်လား။
သေချာတာ တခုကတော့ တံခါးမှ အရောင်ဟပ်ခံရသည့် သူမှာ သူတည်းဟု အပိုင်တွေးနေလိုက်မိသော်လည်း တထစ်ချတော့ တွက်မရသေး၊ သူဧကန်စကားပြောခဲ့ပါသည်ဟု အကြောင်းကို သေချာ နားနှင့်ကြားအောင် ကြိုးစားရဦးမည်။ ခါးကုန်းပြီး ဖြိုးဝေနှင့် ထိုသို့ လမ်းကြောင်းမှာ ကျွန်းဘက် လှည့်မလာပဲ ကမ်းရဲ့ တခြားဘက်ကိုသာ လျှောက်သွားခဲ့သည်။
ပြာမိုင်ရဲ့ ဆေးကြောင့် ဖောက်ပြန်မူ...
နိုင်းအောင်လံ သေသွားခဲ့သည့် အဖြစ်အပျက်...
နှင်းဆီ ပြောပြသော ဖြိုးဝေ နှင့် သင်အင်သားတို့ အကြောင်း..."ဟဲ့ မျိုးကို နဲ့ ပိုင်ဖြိုး!
ငါ သွားလိုက်ဦးမယ်။"အကျိုးအကြောင်း မပြောပဲ အလျင်စလို ပြေးသွားခဲ့သော နေခြည်ကို မျိုးကိုနှင့် ပိုင်ဖြိုး မေးခွန်းများ အော်ဟစ်မေးနေသော်လည်း နောက်မလှည့် စတမ်းသာ ပြေးသွားခဲ့သည်။
____________________
ညနေစောင်းကျော်ကာ ညဘက်သို့ပင် စတင် ရောက်လာချေပြီ။ နေခြည်လည်း ဟိန်းယံနှင့် ဖြိုးဝေသို့ နောက်ကို အရိပ်အယောင်မပြပဲ တကောက်ကောက် လိုက်လာခဲ့သည်မှာ အချိန် ကြာခဲ့ပြီ၊ သူတို့နှစ်ဦးသားမှာ ဘာစကားမှ မပြောကြသေး။ နေရာတခုကိုသာ တန်းတန်းမတ်မတ် သွားနေသည်။
နေခြည်လည်း သိရရေး အတွက်ကိုသာ လိုက်လာခဲ့သည်။ ကမ်းကနေ စတင်ကာ လျှောက်လာခဲ့သည်မှာ ယခု သစ်တော တခုတည်းသို့ပင် ရောက်လာခဲ့ပြီ။ လပြည့်ရက် မဟုတ်တာကြောင့် အမှောင်မှာ လရဲ့ အလင်းကို လုံလုံလောက်လောက် မရနိုင်၊ အုပ်မိုင်းနေသော သစ်တောတို့ကြားမှာ လအလင်းကို အားကိုးကာ အရာများကို ရှာဖို့ မလွယ်။ အမှောင်ထုထဲတွင်သာ ကိုယ့် အမှောင် မြင်နိုင်စွမ်းကိုသာ အားကိုး၍ သွားရ ချေတော့မည်။

YOU ARE READING
မီးငှက်လေး ပျံသည့်ပမာ
Science Fiction"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...