ဖြိုးဝေရဲ့ စကားကြောင့် ဖြစ်ဖြစ်သမျှ အကြောင်း အာလုံးကို နေခြည် နည်းနည်း တော့ ဆက်စပ်နိုင်မိသည်။
"စစ်မင်း... မိသားစု ဓာတ်ပုံထဲက အဖေဆိုတဲ့ လူက ဒါဆို..."
နောက်စကားများကို ဖြိုးဝေ ဆက်နားမထောင်တော့ပဲ ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံလိုက်သည်။
"ဟုတ်တယ် နေခြည် အခု နင် မြင်နေရတဲ့ စစ်မင်း နင့်အဖေရဲ့ ကိုယ်ပွားပဲ။" နေခြည် အခုမှ ထွန်းမြတ်ရဲ့ စကားကိုကော၊ အရှေ့က ဖြစ်ဖူးတဲ့ အကြောင်းအရာ အချို့နှင့်သာ ဆက်စပ်နေခဲ့သည်။ သို့သော်... သဲကန္တာရ ထဲက သဲတမူန့် အကြောင်းကို သိလိုက်၍ တခြား သဲမူန့်များ အတွက် တပါတည်း သိလိုသော မေးခွန်းများစွာ ရှိနေသည်။
"ဒါဆို ဘာကြောင့် သူတို့ကို ကိုယ်ပွားပွားတာလဲ။"
နေခြည်မှာ ယခု ဘာမှ မသိသော ကလေး မေးခွန်းမျိုးစုံ ကို မေးသလို မေးနေမိတော့သည်။
"သင်အင်တွေက သူတို့ နည်းပညာထွန်းကား လာတာနှင့် အမျှ၊ တပြိုင်တည်း တဖက်မှာလည်း... အင်း... အယူသီးတဲ့ အယူလို့ ဆိုရမှာပေါ့။ အဲ့လို အယူလို့ ခေါ်လို့ရတဲ့ အရာတွေ အများကြီး ဖြစ်ပေါ်လာတယ်။ ငါတို့ ကျုံးတွေ အုပ်ချုပ်လာတဲ့ ပညာရှင် တွေလို နောင်လာနောင်သားတွေ မအုပ်ချုပ်နိုင်မှာ ကို ဟိုး အရင်ကတည်းက စိုးရိမ်ကြတယ်။ 'ပညာရွှေအိုး လူမခိုး' ဆိုတဲ့ စကားပုံတွေလို၊ ပညာရှင် တွေ တတ်မြောက်တဲ့ အရာတွေလို နောက် ဖြစ်တည်လာမဲ့ မျိုးဆက်တွေ က မထိန်းနိုင်လောက်ဘူး ဆိုတဲ့ အရာတွေကို ကြို တွက်ထားလို့ သူတို့တွေက အစပိုင်းတည်းက လုပ်ငန်းစဉ် တခုလုပ်ခဲ့တယ်။ အဲ့ဒါ ပညာရှင်တွေကို ကိုယ်ပွား ပြန်ပွားတာပဲ။ သူတို့က ပညာရှင်တွေကသာလျှင် တတ်မြောက်ပြီးသား ပညာတွေ အပြင် နောက် ထွန်းကားလာမဲ့ နည်းပညာတွေမှာလည်း သူတို့က ပညာ အသစ် အသစ်တွေကို ရှာဖွေနိုင်မယ် လို့ ယုံကြည်တယ်။ အဲ့ထဲမှာ နင့်အဖေ စစ်မင်း လည်း အဲ့ထဲက အပါအဝင်ပေါ့။"
ပြောနေတဲ့ စကားတွေမှာ ထူးဆန်းတဲ့ အရာတွေ ပါနေသလို၊ မေးချင်တဲ့ မေးခွန်းတွေကလည်း မမေးပဲနှင့် တရဆက် အဖြေပေးခံလိုက် တာကြောင့် အသံမထွက်ပဲ တိတ်တိတ်ကလေး နားထောင် နေလျက်။
YOU ARE READING
မီးငှက်လေး ပျံသည့်ပမာ
Science Fiction"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...
