အခန်းရှစ်

247 25 9
                                    

"နံပါတ် ငါး၊ ပဉ္စမ ပွဲစဉ် က စတင်တော့ပါမည်။"

ညနေလည်း စောင်းစပြုနေပြီ။ ပြီးတော့လည်း နောက်ဆုံး ပွဲလည်း ဖြစ်သည်။ ပြီးတော့ ရှားရှားပါးပါး ပါတဲ့ မိန်းမ နှစ်ယောက် ပြိုင်တဲ့ပွဲ။ အဲ့ဒါဆိုတော့ ကြည့်တဲ့ လူတွေကလည်း ဘယ် စိတ်မဝင်စားပဲ နေမှာတုံး။

"စ" ပွဲကတော့ စပြီ။ တယောက်မှ မလူပ်။ ကောင်မလေးက အခြေအနေကို သုံးသပ်နေတာ ဖြစ်မည်။ ကျွန်မကတော့ လက်သီးဆုပ်၍ အသင့်အနေအထား။

"ဟဲ့ နင့်မှာ လက်နက်မပါဘူးလား။" ကောင်မလေးက ခါးထောက်ပြီး စူးစိုက်ကြည့်နေသည်။

"အဲ?" အခုမှသတိထားမိသည်။ မေ့နေတာ ကြည့်စမ်း။ မနက်ကတည်းက အလုပ်ကို စဉ်းစားနေတာ လေ့ကျင့်ကွင်း လေ့ပဲ လေ့ကျင့်မယ် ထင်ပြီး အိမ်ကနေ ကမန်းကတန်း ထွက်လာတာ။ ဓားရှည်တောင် မယူလာခဲ့ဘူး။

"မေးနေတာလေ။ မပါဘူးလား။"

"ဟီဟီ မ... ပါ... ဘူး... ဟုတ်...။" ရယ်ပြရုံမှတပါး တခြား မရှိတော့။

"ဒါဆိုလည်း ရော့။ ငါ လက်နက်မဲ့ တဲ့လူတယောက်ကို တော့ အနိုင်မယူချင်ဘူး။" ပြောပြောနဲ့ ပစ်ပေးလိုက်သည်။ ပါးစပ်ကသာ အဆိုးပြောတာ။ ကောင်းတော့ကောင်းရှာသား။ လက်ထဲမှာ... အမ်! သေချာကြည့်မှာ တစ်ပေပဲ ရှိတဲ့ တုတ်ချောင်းကြီး။ သင်အင်တွေဆီကဆိုပေမယ့် ဓားလား...။ တုတ်လား...။

"!!!" သတိတော့ထားမိလိုက်သည်။ အချိန်တော့ မမီလိုက်။ ဘယ်ဘက်လက်မောင်းမှာ ဓားရှရာ တခု၊ မြန်လိုက်တာ။ နာစပြုလာတာနဲ့ ကိုင်လိုက်ပြီး ပြိုင်ဘက်ရဲ့ တည်နေရာကို လိုက်ရှာတယ်။ နောက်ကျောမှာ။ လှည့်လိုက်တော့ ပြန်လှည့်ပြီး ချဖို့ ပြင်နေပြီ။ မတတ်နိုင်။ တပေတုတ်နဲ့ ဓား အရှည်နဲ့ ချနေရသည်။ တချက်! နှစ်ချက်! သုံးချက်! ဓားနဲ့ တုတ်ကြား လျှပ်စီးများထွက်လာသည်။ ဝိုး! မိုက်သားဟာ။

"ဟဲ့ ဓား ဖွင့်လေ။" နှင်းဆီရပ်နေသည်။ မရှက်နိုင်တော့။ မသိတာကို မသိတာဟူ၍ပဲ တည့်တိုးပဲမေးလိုက်တော့မည်။

"ဟီဟီ ဘယ်လို... ဖွင့်ရမလဲ။"

"အမ... မြင်နေရတဲ့ တုတ်ရဲ့ တခြားတဖက်မှာ ခလုတ်ရှိတယ်။ အဆုံးထိ အပေါ်ကို ဆွဲတင်လိုက်။" ပြောသလို ကြည့်လိုက်တာ ခလုတ်တွေ့တာနဲ့ ဆွဲတင်တာ အထဲကနေ သုံးဆရှည်တဲ့ ဓားရှည်ထွက်လာတယ်။ ဟယ်! ငါကိုက ညံတာပါ။

မီးငှက်လေး ပျံသည့်ပမာ Donde viven las historias. Descúbrelo ahora