အိမ်ကို အပြန်မှာ ကြယ်လေးကို နေခြည်က ချော့တလှည့်၊ ဆူတလှည့်နဲ့ ပြောပြောဆိုဆိုနဲ့ လျှောက်လာပြီး၊ ကလေးနှစ်ယောက်ကိုတော့ ကလေးချစ်သူ မြင့်မြတ်က လက်ကို တယောက် တဖက်စီကိုင်၊ ကောင်းမြတ်ကိုကျ ထွန်းမြတ်နဲ ဝင်းမြတ်က ငြိမ်ငြိမ်နေ ပြောလိုက်၊ သုံးယောက်ပေါင်း စကားဝိုင်းကျနေလိုက်၊ တဖွဲ့လုံးမှာ အသက်ဝင်နေလျှက်။ ထိုနေ့က အိမ်ကို ည ခုနှစ် နာရီလောက်မှ ရောက်သည်။ အိမ်မှပဲ တဖွဲ့လုံး ညစာစားလိုက်ပြီး၊ မနက်က မုန့်များလည်း ကျန်သဖြင့် ကျန်မုန့်ကို နွေးပြီး စားသူကစား၊ ညနေက ဈေးမှ ဝယ်လာသည့် ဟင်းသီးဟင်းရွတ် အချို့ကို ဟင်းကို ရေလုံပြုတ်လို ချက်၊ ဤသို့နှင့်သာ အိမ်မှာ ညစာ အာလုံးပြီးသွားခဲ့သည်။ ကလေးနှစ်ယောက်ကို ဦးလေးက အခန်းပိုမှာ သိပ်လိုက်ပြီး၊ သူ့ မြေအောက်ခန်းနားနဲ့ အနီးဆုံး ဖြစ်သည့် အခန်းကို ဝင်ကာ အိပ်လေပြီ။ မြင်းပျံလေးကောင်ကလည်း သင်အင်ကို ပြန်ရမည့် အစည်းအဝေးပေါ်သည်နှင့် တဆက်တည်း ညတွင်း ချင်း ပြန်ပြီ။ ထို အချိန် ၊ ညဆယ်နာရီလောက်မှာ မအိပ်ပဲ ရှိနေသူတွေကတော့ ညီအမ လေးယောက်၊ အမအကြီး နေခြည်ကတော့ စာ အုပ်တအုပ်ကို ဖတ်နေသည်။ ကျန်ညီမတွေကတော့ တခြားဘာ အလုပ်မလုပ်နိုင်၊ ခါတိုင်းဆိုရင်တော့ မြလေးက အပင် စာရင်းတွေစစ်၊ ဝါလေးက သိုးမွေးထိုး၊ ကြယ်လေးက ပုံပြင်လေးတွေ ဖတ်နေတာနဲ့ ပြီးသွားတတ်သည်။ ထိုညကတော့ ထူးထူးခြားခြား၊ မြင်းပျံလေးယောက် အကြောင်းကို မမောနိုင်မပန်းနိုင် ပြောနေလေပြီ။ အဖြစ်အပျက်ကို ဘယ်ကစ သလဲ ဆိုရင်တော့ လင်းနို့ကြီး အကြောင်းကို ပြောရင်းက သူတို့ဆီရောက်သွားတာပဲ။
"အဲ့မှာ အပေါ်ကနေပြီးတော့ အကိုကြီး ဝင်းမြတ်က ကြိုးချည်ပြီး လှံနဲ့ လင်းနို့ကြီးရဲ့ ဘယ်လက် တောင်ပံ ထိုးချင်းပေါက် အောင်ပစ်လိုက်တာ။ အကောင်ကြီးက မလူပ်နိုင်တော့ဘူး။" ကြယ်လေးက လက်နဲ့ ပုံဖော်ရင်း ပုံဖော်ရင်း ပြောနေပေသည်။
"ဒါ ဆို သူကတော်တော် သတ္တိရှိတာပဲနော်။" ဝါလေးက ဖြတ်ပြောသည်။ မြလေးကော၊ သူကော ဘာဆက်ဖြစ်မည်ဆိုတာကို နားမထောင်ပဲ မနေနိုင်ဖြစ်နေပြီ။
BẠN ĐANG ĐỌC
မီးငှက်လေး ပျံသည့်ပမာ
Khoa học viễn tưởng"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...
