အခန်းဆယ့်ငါး

130 17 5
                                        

"ကျွန်တော်က စစ်မင်းပါ" ထိုသူကပြောလိုက်တော့ နေခြည် ခမျာ ပြာသလဲလဲကနေ အတန်ငယ်ငြိမ်ကျသွားတယ်။ တဆက်တည်း နောက်က အဆင့်သင့်ရှိနေသော လှည်း ဘီထိုင်ခုံပေါက်ကို ထိုင်မိပြီသား။ သို့သော် ၁၄နှစ်လိုလို မသိခဲ့ရသော အကြောင်းအရာက သူ့ကို တစ္ဆေ သရဲလို စတင် ခြိမ်းခြောက်နေသည်။ ဤကဲ့သို့ နှစ်ပေါင်း ထောင်ချီ မတည့်ခဲ့ကြသော သင်အင်နဲ့ ကျုံးကြားမှာ ကပြား အနေဖြင့် ဆက်လက် ရှင်သန်ရမည်မှာ ခက်ခဲလွန်းလှသည်။ သို့သော် သူ့ရှေ့မှာ ကပြားအနေဖြင့် ဘဝကို နေထိုင် ခဲ့ကြသော လူများလည်းရှိလောက်သည်။ သူတို့ကော? ကိုယ်တွေ နေရာမှာ ဘယ် လမ်းကို ရွေးခဲ့သလဲ၊ ကျုံဘဝလား သင်အင်ဘဝလား။ ပြီးတော့ ကိုယ့် အဖေ နဲ့ တထပ်တည်း ဝေခွဲ မရအောင် ရှေ့က တူနေတဲ့ မေးခွန်းမေးသူလိုကော သူတို့မှာ ကိုယ်လို အဖေက ကိုယ် ထက် ငယ်နေတာကို မြင်ဖူးကြတဲ့လူကော ရှိသေးလား။ ကိုယ့်ရဲ့ မောင်လေးများလား။ မောင်လေးတောင် အမေ့ပုံပေါက်ရဦးမည်၊ တခုမှ မတူသောကြောင့် မဖြစ်နိုင်ဟုယူဆမိသည်။ ကိုယ်တွေက အချိန်ရွေ့သွားပြီး သူပဲ အချိန် မရွေ့တာလား။ အဲ့လို ဆို ကိုယ့် ငယ်ဘဝ ကနေ မတက်တော့ပဲ ပျော်ပျော်ကြီး နေလို့ရတာ ကြာပြီ။ ဒါဆို သင်အင်တွေပဲ ဘယ်တော့မှ မသေတဲ့ လူတွေလား။ မဖြစ်နိုင်ဘူး။ ကိုယ့်မျက်စိရှေ့မှာ ကျုံး တော်လှန်ရေးတွေ ခဏခဏ ဖြစ်ခဲ့တယ်။ လယ်သမား သပိတ်မှောက်ရေး၊ တောင်သူလက်သမား တော်လှန်ရေး၊ ကုန်ဈေး နူန်း လျော့ချရေး၊ အဲ့ဒါတွေကို သင်အင် အကြမ်းကိုင်တုန်းက ဘာလို့ သူတို့ မြင်လို့ မကောင်းအောင်...။ နေခြည့်ခမျာ မျက်လုံးထဲမှာ ကျုံးနည်းတူ အပိုင်းပိုင်း ပြတ်ကာ သေနေကြသော သင်အင်တို့ကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်လျက်၊ အရင် အချိန်က တုန်ယင်ခြင်းများထက် များစွာ တုန်လူပ်နေသည်။ သူ့အနေဖြင့် မနက်ဖြန် လူရွေးပွဲ မတက်ရလောက်အောင်၊ သင်အင်တွေက မိစ္ဆာတွေလား၊ ပညာတခုခုနဲ့ အမြဲတမ်းနေလို့ရအောင် ဖန်တီးနေတာလား။ မေးခွန်းတွေကော၊ အကြောင်းအရာတွေကော၊ ခေါင်းထဲမှာ မဆန့်လောက်အောင် ရူပ်ထွေးနေသည်။ ထိုကြောင့် နေခြည်ခမျာ့ ထိုသူကို 'အဖေ' စမ်းခေါ်မည် ပြုလုပ်နေသည်။ သို့မှသာ အဖြေပေါ်မည်လေ။ ကြည့်လိုက်တော့ ထိုသူမှာ ဘာမှလည် မပြော၊ ဖိုင်တခုကို သူ့၏ ကိရိယာ တခုဖြင့် ဖွင့်နေသည်။ ကိရိယာဆိုသည်ကလည်း နှစ်လက်မ ခန့် စတုရန်းမှ နေခြည့်မျက်နှာ မူနေသော သူ့ကို နောက်ကျော ပေးဘက်ထားသော ဘက်မှာ အလင်း များကို ထုတ်သော မှန်ပြောင်းတခုပါသည်။ အပေါ်က ခလုတ်တခုကို နှိပ်လိုက်လျှင် ဆယ်လမ်ခွဲ ခန့် ရှိသော screen တခုမှ ပြာပြာ အလင်းများနှင့်ပေါ်လာသည်။ ထို ပေါ်လာသော screen မိမိ မျက်နှာနဲ့ တည့်အောင် ထို တယောက် ကိရိယာမှ ဒေါက်ကို ချိန်ပြီး ကြည့်နေသည်။ ကြည့်လိုက်သော် ဖိုင်မှာ ခပ်ကြီးကြီး သင်အင်သား တယောက်ပုံကို တွေ့ရသည်။ သူ့နှာမည်က ကိုယ့်ဘက်မှ ကြည့်လည်း အက္ခရာတို့မှာ ပြောင်းပြန် ဖြစ်နေ၍ မနည်းကြိုးစား ဖတ်နေရသည်။ နာမည်က...

မီးငှက်လေး ပျံသည့်ပမာ Tempat cerita menjadi hidup. Temukan sekarang