အခန်းခြောက်

308 34 5
                                    

ကျန်ခဲ့ရတဲ့ သူအဖို့ ပါးစပ်အဟောင်းသား။ သင်အင်တယောက်က ကျုံးသူ တယောက်ကို ကျုံးသားတယောက်ဆီက ဝင်ကယ်ဖို့ဆိုတာ အင်မတန့် အင်မတန်ကို နားထဲမှာ မကြားဖူးတဲ့အကြောင်း အရာ။
အို! ဘာပဲဖြစ်ဖြစ် ကိုယ် နဲ့ ကိုယ့် ညီမကိုပဲ အသက်ကယ်ပေးတာပဲ ကျေးဇူးတင်လှပြီ။ သင်အင်ပဲဖြစ်ဖြစ် ကျုံးပဲဖြစ်ဖြစ် စိတ်ကောင်းရှိတဲ့လူက ရှိတာပါပဲ။

မြလေးတယောက် ကြယ်လေး နောက်ကနေ လိုက်ပြီး အိမ်ပြန်ရာ သို့ သွားကြလေသည်။

"ငါ မြင်ဖူးတဲ့ လူတွေထဲမှာ သူနဲ့ ဆင်တာကို တွေ့ဖူးသလိုလို၊ သူ့ကိုပဲ အရင်က မြင်ဖူးသလိုလို ဘယ်လိုမှကို စဉ်းစားမရဘူး" မြလေးတယောက် အဲ့ သူတယောက်ကို စဉ်းစားရင်းကောင်းကင်ကိုမော့ကြည့်မိသည်။

"ဘာလဲဟင် မမ" ကြယ်ကလေးမှာလည်း စပ်စုချင်စိတ်နဲ့ နဂိုတည်းကမှ ဝိုင်းနေသောမျက်လုံး ပိုတောင်ဝိုင်းသွား၍ နောက်ကို လှည့်ကြည့်လေသည်။

"ဘာမှ မဟုတ် ဘူး ညီမလေး။"

"ဒါဆိုလည်း ဘာလို့ ဖြည်းဖြည်း သွားနေရတာလဲ အမ။ နဂိုတည်းကမှ လူဆိုးတွေ ထပ်လာမလား မသိနိုင်တာကို။ လာ!" မြလေး လက်ကို အတင်းဆွဲ ၍ အိမ် သို့သွားသည်။အိမ်နားက အဝတ်တန်းမှာ အမ ဝါလေး ကအဝတ်တွေရုပ်နေသည်။

"ညီမလေးတို့ အထဲမှာ ပစ္စည်းတွေ အကုန် ပြင်ဆင်ပြီးပြီ။ အထဲမှာ အဆင့်သင့်နားရုံပဲ။"ညီအမနှစ်ယောက် ခေါင်းညိတ်၍ အထဲသို့ရောက်သွားသည်။

အိမ်သို့ရောက်သော် မနေ့က ဖြစ်ခဲ့သော အရာတွေ အိမ်မက်လိုလို၊ သူမဟုတ်တဲ့ အတိုင်း ကြည့်တဲ့ နေရာတိုင်းက ပြောင်းလဲနေသည်။ ညီ အမနှစ်ယောက်လုံး ဒါ သူတို့ အိမ်မှ ဟုတ်ရဲ့လား လို့ကို မေးခွန်းထုတ်ရသည်။ အိမ်က နဂိုလူတွေ မပြောင်းသွားသည်ကိုပဲ တော်သေးသည်ဟု ကျေးဇူးတင်ရမည်။ မြင်နေရတဲ့ မီးဖိုဆောင် ဘယ်ဘက် မျက်စောင်းထိုးမှာ အမနေကတော့ ပန်းဆေး၊ ဦးကတော့ စာပေချစ်သူမို့ ဧည့်ခန့်မှာ စာထိုင်ဖတ်နေသည်။ ဟော! ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အကို ထွန်းမြတ်ကလည်း ဦးဘေးနားက နှစ်ယောက်ထိုင် ထိုင်ခုံမှာ အားရပါးရ ပတ်လည်ကြီး အိပ်နေလေသည်။

မီးငှက်လေး ပျံသည့်ပမာ Où les histoires vivent. Découvrez maintenant