အခန်းနှစ်ဆယ့်သုံး

174 14 0
                                    

နေခြည်ဦးဆိုတာ စတင် ကြည်ကြည်လင်လင်မြင်လိုက်ရသည်နှင့် နဂိုက အမောက ခဏ ပြေနေသော ဖြိုးဝေ အသက်ကို ခဏခဏ ပြင်းပြင်းနှင့်ပါးစပ်ကပြန် ရူနေရသည်။ ထိုးခံရသည့် ဒဏ်ကြောင့် မူးဝေ၍ရှိသော နေရာတွင်သာ ပစ်လဲချင်သော ကိုယ်ခန္ဓာ ကို သူ့ထက်ပိုသန်သော လူက ကိုင်ထားသောကြောင့် သူ့ကိုင်ထားသည့်အတိုင်းသာ ရပ်နေရသည်။

"ထွန်းမြတ် ကျေးဇူးပဲ။" အလင်းတို့ကြားမှ မြင်နေရသော နေခြည်က တည်နေသော မျက်နှာနှင့် ပြောနေသော အသံကြောင့် နည်းနည်း ဖြိုးဝေရင်ထဲမှာ တုန်လူပ်နေသည်။

"ဖြိုးဝေ ငါနင့်ကို မေးချင်နေတဲ့ မေးခွန်းကို မပြောပဲ သိမယ်တော့ ထင်တယ်။" သိပါသည်။ သို့သော် အရူးကွက်နင်းရဖို့က အရင်ဆုံး လွတ်အောင်လုပ်နိုင်သည့် အကြောင်းသာ။

"ဘာပြောတာလဲ ငါမသိဘူး။" ဘုပြောပြောတာကြောင့် ဖိ၍ နဂို နာနေသည့် မျက်နှာ ပိုဖိခံရ၍ပိုနာလာသည်။

"သက်ထားဆိုတဲ့ မိန်းကလေး နင် သတ်လိုက်တာလေ။ ငါ့မျက်စိရှေ့မှာပဲ။ သူအဲ့လို စိတ်ဖောက်သွားတာကလည်း နင် သိလိမ့်မယ်လို့ ငါယုံတယ်" မေးစကားမှာ ပြီးသော်လည်းခေါင်းမာစွာ နေနေသော လူ၊ ဇွတ်မေးဖို့လုပ်သော်လည်း...

"ငါ နင့်နောက်ကြောင်း သိပြီးသား၊ မဟုတ်တဲ့ဆေးကိစ္စနဲ့ နင့်နောက်ကြောင်းက ရူပ်နေတာဆိုတာ။" ဖြိုးဝေက ခေါင်းမာမာနှင့် ဆိတ်မြဲ ဆိတ်နေ၏။

"နင် သူ့ကို ဆေးတိုက်လိုက်တာလား။" ထိုသူ အနည်းငယ် ရုပ်ပျက်သွားသည်ကို နေခြည်မြင်သည်နှင့် ဟုတ်သည်ဟု ယူဆကာ ဆက်မေးနေသည်။

"အဲ့လို လုပ်ရတာ ဘာရည်ရွယ်ချက်ရှိလို့လဲ။" ဆိတ်မြဲဆိတ်နေသည်က တကြောင်း၊ ခေါင်းမာနေသည်ကတကြောင်း မဟတော့ပဲ ငြိမ်နေသေးသည်။

"ထွန်းမြတ် လွတ်လိုက်တော့။" ထိုစကားကို ခဏတော့ မျက်လုံးပြူးသွားသည်။

"ဒါပေမယ့် ငါတို့ ခက်ခက်ခဲခဲ ဖမ်းထားတာလေ။"

"ရပါတယ်။ ပွဲမှာ တွေ့ရဦးမှာပဲကို။" လွတ်လိုက်သောကြောင့် တောင့်တောင့် ကြီး ရပ်နေခဲ့ရသော ကိုယ်မှာ အားမရှိသည့် အချိန်နှင့် တိုက်ဆိုင်၍ ကိုယ်ခန္ဓာ ၊ ခြေထောက်တို့မှာ ယိုင်နဲ့နဲ့ ဖြစ်နေသည်။ ပြေးဖို့အားမှာလည်း သိပ်မရှိတာကြောင့် ဖြည်းဖြည်းချင်းသာ လျှောက်နေမိသည်။ လမ်းပေါ်ရောက်ခါနီးတွင် ပြောသော စကားက သူ့ကို အနည်းငယ် တုန်လူပ်သွားစေသည်။

မီးငှက်လေး ပျံသည့်ပမာ Where stories live. Discover now