အခန်းသုံးဆယ့်ကိုး

121 8 0
                                    

စက်ရုပ်ကြီးတွေဆိုတာက အရင်က နေခြည် တွေ့ဖူးသလို ပျော့ပျောင်းသော အနေအထားအနေဖြင့် တွေ့နေရဖြင့် မိုးကောင်းကင်ကို ထိုးထွက်တော့မလို မြင့်မားလှသည့် ဤ စက်ရုပ်များက မြင်နေရသော ပုံသဏ္ဍာန်အနေဖြင့် တောင့်တင်းခိုင်ခံသည်၊ ခိုင်ခံလွန်းလှသဖြင့် လူများစွာကို ဖြေဖဝါး တချက် နှင့်တင် ဖိချေလိုက်နိုင်လောက်အောင် ကြီးမားလှသည်။

ထို စက်ရုပ်များမှာ မြူများကျဲကျဲနှက့် အခြား ချမ်းသာမြို့မှ လာနေသည်ကို တွေ့နေရခြင်း။ နေခြည်တို့ မှာလည်း အဘိုး အိုပေါသလို အဆောက်အအုံ တခုတည်း၌ဝင် ရန်ကြိုးစားသည် မဝင်ခင် လူများ အာလုံး အသက် အန္တရာယ် မရှိရအောင် နှင်းဆီ၊ နေခြည် နှင့် ထွန်းမြတ်တို့က ကူစစ်နေသည်။

ထို အချိန် စက်ရုပ်များမှာ နေထိုငနေသည့် အရပ်တို့ နီးကပ်စွာ ရောက်ရှိနေပြီ၊ လူအများမှာ ရရာ အဆောက်အအုံ သို့မဟုတ် နဂို နေထိုင်ရာ မြေအောက်သို့ အတော်အတန် ရောက်ရှိ နေကြပြီ၊ နှင်းဆီမှာလည်း လူစစ်ရင်း မျက်မှန်း တန်းနေသော နေရာမှာ ကလေး နှင့် ကလေး အမေ၊ ပြေးရင်း လွှားရင်း ကလေးမှာလည်း ကြောက်စိတ်ကြောင့် နောက်မှ ကျခဲ့သည်။

"သားလေး!"
မြေအောက် တံခါးဝသို့ ရောက်ရှိနေသော ကလေး အမေမှာလည်း မြေအောက်သို့ တံခါးဝသို့ရောက်နေပြီမှ အပြင်ထွက်လျှင်လည်း စက်ရုပ်များ နီးကပ်လာပြီဟု မြင်နေရသော အသိစိတ်ကြောင့် ထွက်မရ၊ ဝင်မရ။ သေးင်ါသော ကလေးရဲ့ ကိုယ်ခန္ဓာ ကို အနောက်က လူတယောက် ပွေ့ချီ လိုက်သည်။ ကလေး ငယ်လေးမှာလည်း အံဩမိသည်။

အခြား လူသာ ကလေး တို့၏ နူးညံသော အသား ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်မိမည်ဆိုပါက နာကျင်ခြင်းကြောင့် အော်ဟစ်ကာ ငို လျှင်ငို သို့မဟုတ် ကြောက်စိတ်ကြောင့် ကုပ်ကာ နေမိစမြဲ၊ သို့သော် သေးငယ်သော ကိုယ်ကို ဝေ့ခနဲ မချီကာ မြေအောက် သို့ ပွေ့ချီခဲ့သော အထိအတွေ့မှာ မကြမ်းတမ်း နူးညံသည်၊ ပျော့ပျောင်းသည်၊ သို့သော် ဖျက်လတ်ကာ မြန်ဆန်သည်။ အချိန်တို တခဏအတွင်း အမေဆီ ရောက်ရှိရန် မချီကာ ပို့လိုက်သော အချိန်ကား တိုတောင်းသည်။

မီးငှက်လေး ပျံသည့်ပမာ Onde histórias criam vida. Descubra agora