" ပရိသတ်တို့ခမျာ အခုဟာဆိုရင် လူဆယ်ယောက် ကျန်ရှိခဲ့ပါပြီ ဗျာ။"
တော်သေးသည်။ တော်သေးသည် ခေါင်းကိုချိန်ထားပြီး တော်တော်ကို နီးကပ်နေတဲ့ အချိန်မှာ အသံကြားလိုက်လို့။ မဟုတ်ရင်... နေခြည် ဘယ်ဘက်ဘေးမှာ တခု၊ အဲ့တယောက်ရဲ့ ဘေးမှာ တခု၊ dimension opener တံခါး နှစ်ခု ပေါ်လာသည်။ ထို သူက ဝင်သွားသည်ကို တွေ့သည်နှင့် ကိုယ့် တံခါး ကိုယ် ဝင်လိုက်တာ၊ ကွင်းပြင်ထဲသို့ ပြန်ရောက်သွားသည်။ နေခြည်က နောက်ဆုံးရောက်တော့ ကိုယ့်ရှေ့ ဖြူဖြူမဲမဲ လူကိုးယောက် တန်းစီသည်ကို တွေ့လိုက်သည်။ ပြီးတော့ ဘေးတဝိုက်ကို ကြည့်တော့လည်း ပွဲ မစမီ အမှောင် အတိ ပြီးနေခဲ့ငည့် ခန်းမကဘအလင်းဖြူတန်းများ ထိန်ထိန်လင်းပြီး ဂုဏ်ပြုတေးသံများ၊ ဂုဏ်ပြု ခြင်းဖြင့် မွမွကြဲ ဖြစ်နေသော ဖဲပြားတို့မှာလည်း ဝဲပျံနေသည်။ ကြည့်ရင်းနဲ့ မိသားစုရှိတဲ့ဘက်ကို မျက်လုံးက ရောက်သွားသည်။ ထိမခိုက်ပဲ ပြန်ရောက်လာတဲ့သူကို ဘယ်မိသားစု ဝမ်းမသာပဲ နေမည်နည်း။ သို့သော်... ဘေးမှာက သားသမီး ပြန်မတွေ့တော့မှာမို့ ငိုကြွေး နေတဲ့ အဒေါ်ကြီး၊ သူမတင်မက ကျန်သော သူတော်တော်များများပါ မဖုံးမဖိနိုင် ငိုနေပေသည်။ ကိုယ်သာ သေခဲ့ရကော၊ ကိုယ့် မိသားစု ဝင်သာ တယောက်ယောက် သေခဲ့ရင်ကော။ တေးသံတွေကြောင့် ငိုသံ မကြားရပေမဲ့ ကြည့်ရုံနှင့် ဘယ်လောက်တောင် အော်ဟစ်၍ ငိုကြွေး နေကြသည်ကို ခံစားနိုင်သည်။ ဟိုဘက်ကြည့်ဒီဘက်ကြည့်နဲ့ ကိုယ့် အရှေ့ကိုပဲ ကြည့်လိုက်တဲ့ အချိန်မှာ အမဲ ကိုယ်ကြပ်ဝတ်စုံကို ဝတ်ထားတဲ့ နှင်းဆီက လှည့်ကြည့်ပြီး လက်ယပ်ခေါ်တာနဲ့ သူ့ ဘေးနား၊ ညာဘက်အစွန်းဆုံးကို ကပ်ရပ်သည်။ အာလုံး ကား အောင်မြင်ပြီး ပြန်လာသည့်အတွက် ခေါင်းမော့ ရင်ကော့ကာ သတိ နှင့်ရပ်နေပြီ၊ နေခြည်မူ ဘယ်သူတွေ ပါမှန်း သိချောစော က များနေသဖြင့် ခါးကိုကိုင်း၊ ခေါင်းကို ကုန်း၊ မျက်လုံးလေးကို ပြူးပြီး ကိုယ့် ဘယ်ဘက်ကို ကြည့်လိုက်သည်။ ကြည့်လိုက်တော့ ဟိုဘက်က စကြည့်လိုက်တော့ အကျင့်မကောင်းတဲ့ လူ၊ ပြီးတော့ မျိုးကိုလွင်၊ အမြွာနှစ်ယောက် ထဲက တယောက်၊ နိုင်းအောင်လံ၊ လင်းအောင် ၊ တခြား လူသုံးယောက်၊ နှင်းဆီ။ ကျန်တဲ့ လေ့ကျင့်ကွင်းက လူတွေကကော သေ သွားတာလား၊ မပါလာတာလား။ အတွေးကို အစပျိုး နေချိန်မှာပင် ပြောဆိုသူ ရဲ့ အပြော ကြောင့် ခါးကို ပြန်မတ်၊ ခေါင်းမော့ကာ နေနေမိသည်။
YOU ARE READING
မီးငှက်လေး ပျံသည့်ပမာ
Science Fiction"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...
