အခန်းနှစ်ဆယ့်ခုနှစ်

131 16 0
                                        

"ငါ လည်း အဆင်ပြေပါ့မလား။" တီးတိုးနှင့် စိုးရိမ်စွာ ရွတ်နေမိသော စကား။ စကားကို ပြောနေရင်း အတုံးတွေကို ကြည့်နေမိသည်။ အရှေ့က အဖွဲ့သား ကိုယ်ခန္ဓာ နီးပါး လေးလံသော ကိုယ်ကို ပိုင်ဆိုင်နေပေမယ့် မလုပ်နိုင်မှာကိုတော့ စိတ် ထစ်နေမိသည်။

'လုပ်နိုင်ပါ့မလား' လို့ မေးခွန်းကို စိတ်ထဲမှာ ထပ်ခါ တလဲလဲ မေးနေရင်း ကိုယ့် ကိုယ် မယုံကြည်နိုင်သေးသော လူသား တဦး။

" ညီပြာမိုင် လို စိတ်ပြန်တည်ငြိမ်အောင် အသက်ပြင်းပြင်း ရူမယ်။ ပြီးရင် အာရုံ စူးစိုက်ပြီး မျိုးကို လွင် ပြောသလို ဟန်ချက် မှန်မှန် ထိန်းရင်း ခုန်မယ်။" စိတ် ထဲ အသေအချာ တွက်နေကာ အတန်ကြာအောင် ရပ်ကြည့်နေမိသည်။

ခုန်ချပြီ!

နေခြည် ကို ခုန်ချလိုက်သည် စိတ်ထဲမှာတော့ အတုံးတွေက ခြေလှမ်း မကျယ် ကျယ်အောင် အကွာအဝေးတွေကို ခြားထားပေမယ့် နည်းနည်းပါးပါးတော့ ခုန်ခုန်ပြီး အမြန်ကို လှမ်းခဲ့သည်။ ခုနက အဖြူအသင်းရှုံးလို့သာ စိတ်ပူနေမိတာ။ လုပ်ပြန်တော့လည်း ကိစ္စက အဲ့လောက် ကြောက်စရာမကောင်း။

နောက်ဆုံးတော့ သူ ပိုက်ကွန်ပေါ် ခုန်ပြီးရောက်လာပြီ။ တက်ဖို့ မော့ကြည့်နေရတဲ့ မျက်လုံးတွေက အပေါ်ကို ရောက်ဖို့ အကွာအဝေးကို ကြည့်နေရင်း တဆက်တည်း စောင့်နေတဲ့ အဖွဲ့သားတွေ ပါ မြင်နေရတယ်။ တဖြည်းဖြည်း နီးလာတာနဲ့ ပထမဆုံး မြင်ရတာက ဖြိုးဝေ။

ဖြိုးဝေ က ရပ်ပြီး စောင့်နေတယ်။ ပိုနီးလာတော့ ဒူးထောက်နေတဲ့ မျိုးကိုလွင်နဲ့ ပိုင်ဖြိုးရဲ့  အလယ်က ကုန်းကုန်း နဲ့ လူပ်နေတဲ့ အရာကို ကြည့်နေရင်း တတွတ်တွတ် ပြောနေတယ်။ အပေါ်ဆုံးထိ နီးကပ်လာတော့မှာ ညီပြုမိုင် က လည်ပင်းကို ညစ်ကိုင်ပြီး ဘေးက နှစ်ယောက် ဘာပြောပေးရမှန်း မသိတဲ့ အခြေအနေ။

"တီ"

"ကြည့်ရူအပေါင်းတို့ အခုဆိုရင်တော့ အနက်အသင်းက ဦးသူလွတ်ပွဲကို မိနစ် လေးဆယ့် နှစ် မိနစ် နဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။" နောက်ပိုင်းမှာ ပြောဆိုသူက အမှတ်တွေကို ဆက်တိုက်ပြောနေသည်။ သို့သော် နားမထောင်၊ အရေးကြီးသည်က ညီပြာမိုင် ကိစ္စ။

မီးငှက်လေး ပျံသည့်ပမာ Onde histórias criam vida. Descubra agora