အခန်းတစ်

2.4K 123 15
                                    

ထိုညက အဖြစ်အပျက်များက ကျွန်မခေါင်းထဲတွင် အိမ်မက်ဆိုးပမာပင် မှတ်ထင်လျက်။ လောင်ကျွမ်းသော နေအိမ်များ၊ အသက်ဆိုသည်မှာ ပဓာန ထား၍ မိသားစုကိုတောင် ထားလျက် ကျေးဇူးကြီးလှသော လုပ်စားကိုင်စား ခြေထောက်ကိုသာလျှင်အားကိုး ပြုလျက် ရုန်းထွက်ခဲ့ရသူများ၊ ကြားမိကြားရာ အကူအညီတောင်းကာ အသက်ကယ်ရန် တစာစာ အော်၍ ငိုနေကြသူများ၊ တန်ဖိုးထားရသော အရာများ လောင်ကျွမ်းသည့် အထဲတွင် ပါသွား၍ ဖြစ်ရာလေခြင်း ဟုသာ ရင်တမမနှင့် သောက ရောက်သူများ အမျိုးကို စုံလေသည်။ ထို အမျိုးမျိုး အဖုံဖုံ ထဲကိုမှ တခုတည်း ထင်းကနဲ ရှိနေတာ အရာမှာ ကျွန်မ ရဲ့ အမေ...။

"သမီးပြေးတော့ အမေလိုက်ခဲ့မယ်လေနော် ဘာမှ မဖြစ်ဘူး မီးထဲမှာက အန္တာရယ်များတယ် ပြေးတော့လေ သမီး အမေ အဲ့ဦးလေးနဲ့အရေးကြီးကိစ္စရှိလို့ပါ" ဟုပြုံးလျက်အော်ပြောသော်လည်း အမေ၏ မျက်နှာ တွင် ထိန်လန့်မူနှင့် ကြောက်ခြားမူတို့မှာ ငယ်ရွယ်စကလေးအတွက်ပင် အတိုင်းသားပေါ်နေသည်။

မှောင်မှိန်စညအခါတွင် မီးဟုန်းဟုန်းတောက်လင်းသောကြောင့် ဖြစ်ပေါ်လာသည့် ပူလောင်စေသော နီရဲရဲ အရောင် တို့မှာ အမေ၏နောက်မှ တည်ရှိသော ဦးလေး တယောက်၏ ရုပ်ကြမ်းကြမ်း ထင်းရှားနေသည်။ နှစ်လကြာရှည် မသန့်စင် မရှင်းမလင်း တို့မှာ မုတ်ဆိတ်ကြမ်းများနှင့် မျက်လုံးတို့မှာ လူသတ်သမား ပမာ ကျောချမ်းလွန်းလှစွာ။

သူ၏ ကြီးမား ခိုင်ခံသော ဘယ်လက်မောင်း အမေ့၏ပခုံးကိုအနောက်မှ ကိုင်ထားသည်။ ညာလက်မှာ အရာတခုနှင့် အမေ့နောက်ကျောကို ထောက်ထားလိုက်သည်။ ထိုအရာမှာ မမြင်လိုက်ရသောကြောင့် မည်သည့်မှန်း သေသေချာချာ မသိ။ သို့သော် ကျွန်မ အတွက် တည်ငြိမ်အေးမြလှသော အမေ့ကိုပင် ခြောက်ခြား အောင် လုပ်နိုင်သော အရာမှာ လူကို ထိခိုက်နိုင်သော အရာဟူ၍ သာ သိလိုက်သည်။

"သမီးရေ ပြေး ပြေးတော့ အမေ ဘာမှ မဖြစ်ဘူး သမီး ပြေးတော့ ပြီးရင် အမေ နောက် က လိုက်လာခဲ့မယ်"

ပြောလိုက်သောအမေ့၏ အသဲမှာ ကြောက်ရိပ်လွမ်းခြုံသယောင်၊ မည်သို့ဆိုစေ ၅နှစ်သမီးအတွက်တော့ သူ၏အမေကို အကြွင်းမဲ့ယုံ မိလိုက်သည်။

သစ်တော ပတ်လည်ဝိုင်းနေသည့် ရဲရဲတောက် မီးလောင်နေသည့် ရွာမှ မီးပုံအလယ်တွင် အမေ့ကို ယုံလျက် ထွက်ပြေးလိုက်ခဲ့လိုက်လောက်အောင် ကိုပင် မိုက်မဲမိလိုက်သည်ဟုထင်မိသည်။ ထို မိုက်မဲခြင်း နောက်ဆက်တွဲအကြောင့် သစ်တောကြားက ပူလောင်ခြင်း မီးသာ ငြိမ်းချုပ်သွားသည်။ အမေကား ပေါ်မလာခဲ့။ ထိုည ကိုညတယောက်တည်း အိပ်ခါနီး အချိန်ကိုလည်း မှတ်မိသည်။

အမေ ပေါ်မလာသော်လည်း မျော်လင့်ချက် ကြီးစွာဖြင့်သာ မှောင်မှောင်မဲမဲ၊ ခြင်တကိုက်ကိုက် နှင့်သာအိပ်လိုက်သည်။မနက်မိုး လင်းသော် ညက ပြောသောစကားကို နားယောင်လျက် အားတင်း၍ ညက နေရာကို သွား၍လိုက်လံ ရှာဖွေခဲ့သည်။ ရွာ ဟူသောသဲလွန်စပင် တစိုးတစမှ မကျန်။ တွေ့သော အရာမှာ ဆိုလို့ အသက်အလယ်ပိုင်း လူကြီး တယောက်နှင့် မိန်းကလေး သုံးယောက်ကိုသာ တွေ့လိုက်သည်။ ကျွန်မမယုံနိုင်သောစိတ်တခုနှင့်သာ ထို လူကြီးကို မေးလိုက်သည်။

"သမီးအမေဘယ်မှာလဲ"
လူကြီးမှာလည်း အံသြပုံရလိုက်သည်။ခဏတာ ကြာသော်

"အမေက ကောင်းကင်ပေါ်ကို ရောက်ပြီပေါ့ သမီး"
အမေကို ခဏခဏ ပြောဖူးသည့် စိတ်ကောင်းမွေးလျှင် ဒီအသက်ကုန်သည့်အခါ ကောင်းကင် သို့ရောက်သည်ကို သတိရရင် ပျော်မိသော်လည်း ခွာရပြီဖြစ်သဖြင့် လွမ်းလျက် မျက်ရည်များ ဆို့နင့်လာသည်။ ထိုသို့ ကွဲအောင်လုပ်သည့်ကို ဦးလေးကို မုန်းတီးသည်။ ဤသူကိုသာ ပြန်ရှာလိုက်ချင်သည်။ သူနှင့်ပက်သတ်၍ မှတ်မိထားသည်မှာ တခု တည်းချေ။

သည်မှာ ကောင်းကင်ပေါ်သို့ရောက်သွားသော အမေ့ကို ဖက်ထားခဲ့သော ဘယ်ဘက်လက်မောင်းမှ အမှတ်အသားတခု။ ကြီးမားသောလက်ပေါ်မှ မည်းမည်း အရောင်နှင့် သင်္ကေတ ကြီးကြီး ကို ပြန်မြင်ယောင်လာသည်။ အဲ့လူကိုသာ ပြန်တွေ့ချင်လိုက်သည်။ ကျွန်မပြေးလိုက်ရသော အခိုက်အတန့်ကြားမှာ ဖြစ်ခဲ့သောအကြောင်းများကို ပြန်သာမေးပြီး နောက်ဆုံး သူ့ကို သတ်ပစ်ချင်လောက်အောင် မုန်းတီးသည်။

ထိုထိုသော များစွာသော အတွေးများကြားမှာ နစ်မျောသော ကျွန်မကို ကျွန်မ ရွယ်တူ နီးပါး မိန်းကလေး သုံးယောက်ကို လက်တွဲခေါ်ထားသော ဦးလေးက အတွေးဖြတ်လိုက်ခြင်းမှာ

"သမီး ဦးလေးနဲ့ လိုက်နေပါ။ ဒါနဲ့ သမီး နာမည် မှာ ဘယ်လို ခေါ်လဲ။"

အမေ တယောက်ကို ဆုံးရူံးသွားပေမယ့် တခြားမိသားစု တစုံ ကို ရမည်ကို ပျော်ရွှင်လျက် အားရဝမ်းသာပြောမိလိုက်သည်။

"သမီးနာမည်က နေခြည်ဦး ပါ ဦးလေး"

ဆက်ရန်

မီးငှက်လေး ပျံသည့်ပမာ Tempat cerita menjadi hidup. Temukan sekarang