အခန်းဆယ့်လေး

136 18 4
                                        

ပွဲကို စဖို့ ရက်တရက်သာ အလို၊ အလို ဆိုတာကလည်း ၂၄နာရီ လောက်တောင် မလိုတော့၊ နာရီပိုင်းပဲ အလို၊ အာလုံးကလည်း ရင်တဒိတ် ဒိတ် ခုန်နေပြီ၊ ဘယ်လိုပြိုင်ပွဲလဲ။ နှစ်ယောက် ချရမည်လော၊ အဖွဲ့နဲ့လော၊ သို့လောသို့လောနှင့် အာလုံးခေါင်းထဲမှာ တွေနေကြပြီ၊ သို့ပေသီ အာလုံးကား အပြင်း အထန် ကြိုးစား နေကြပြီ၊ နှင်းဆီဆိုသူကလည်း အဖွဲ့ ထဲမှာ လူမသိသူမသိအောင် အလစ် သုတ်နိုင်သူ၊ လျင်လွန်သူ၊ အမြွာနှစ်ယောက်ကလည်း အဖွဲ့ညီသည်၊ အဘိုးနဲ့ မျိုးကိုလွင်ကလည်း သိုင်းသမား၊ သိုင်းသမားထက် လူခန္ဓာကိုယ်ကို ဆိုစရာမရှိအောင် သိကျွမ်းပြီး တကိုယ် လုံး မလူပ်နိုင်တော့အောင် အကြောကို လုပ်နိုင်တဲ့ သူတွေ၊ ကျန်တဲ့ နိုင်းအောင်လံနဲ့ ဒုတိယပွဲမှာ ရူံးသူ လင်းအောင်ကလည်း သူဘာနဲ့ သူ ခေသူမဟုတ်။ နိုင်းအောင်လံ က သူ့မြေမှာ အင်အားအကြီးဆုံး လူတယောက်၊ တပြိုင်တည်း လင်းအောင် ဆိုသူကလည်း အဲ့မြေပေါ်က အမြန်ဆုံးသူတယောက်။ အာလုံးက လည်း အဆင့်သင့်ဖြစ်နေကြပြီ။ ကျွန်မက... ကျွန်မက ဝင်းမြတ်နဲ့ အခု ချိန် ထိ လေ့ကျင့်နေရပြီ။ အခုတောင် ညရောက်နေပြီ။ လပြည့်ည ထိန်ထိန်သာမှာ ကျွန်မကတော့ လေ့ကျင့်နေရဆဲ။ ကျန်သော သူတို့မှာ ပြန်ကုန်ကြပြီ။ ကလေး နှစ်ယောက်ကိုလည်း မျိုးကိုလွင်က လိုက်ပို့သည်။ နေ့တိုင်းနေ့တိုင်း ကလေးတွေက သူလိုက်ပို့ပြီး နေခြည် ညမိုးချုပ်အထိ လေ့ကျင့်နေရသည်မှာများသည်။ လေ့ကျင့်ပေးသူက ဝင်းမြတ်ကိုး။ ဘယ်တတ်နိုင်မည်နည်း။ အလုပ်အကြိုးစားဆုံး သူနဲ့မှ ကျတော့လည်း ခွင့်နှစ်ရက်ပျက်သော ပြစ်ဒဏ်ဟူသာ မှတ်လျက် ညအထိ ချနေရပြီ။ သို့သော် တော်တော်တိုးတက်လာသည်ဆိုရမည်။ လက်တွေကလည်း ခါတိုင်းထက် သွက်လာသည်။ ဝင်းမြတ် လူပ်ရှားမူကို ရိပ်စားမိသည်။ ဘယ်ကစသနည်းဆို လေ့ကျင့်ပေးပြီး သုံးရက်ကျော်လောက်မှာ ခြေလှမ်းတွေကစ ရိပ်မိလာပြီ။ အားကိုလည်း တွက်မိပြီ။ နောက်ဆုံး ကိုယ့်ကို ထိုးမည့်နေရာကိုလည်း တော်ကခနဲသိလာသည်။ ပထမသိတဲ့ ပွဲကစ ပြောမည်ဆို ဝင်းမြတ်ခြေလှမ်းက ခုန်ပြီး ခေါင်းတည်နေရာကို ဆက်တိုက်ထိုးသည်။ ဆုတ်ရင်းဆုတ်ရင်းအာရုံပြောင်းသည်အနေနဲ့ ဘယ်လက်လက်ကို ဖမ်းနိုင်အောင် အရှိန်အနည်းငယ်လျှော့ လက်နဲ့ကာလိုက်သည်။ ထို အချိန်ကို အလစ်ဖမ်းပြီး၊ အောက် ဗိုက်နေရာကို ညာဘက် လက်သီးတခု၊ ထို ကို တွက်မိသော နေခြည်ကလည်း သူ့ဘယ်ဘက်ကို ညာခြေဖြင့် ဝိုက်ကန်ပြီး၊ သူ့ညာလက်သီးကို ရှောင်သည်။ ခါးနေရာကို တည့်တည့်ထိသွားသည်။ စသဖြင့် အားပြင်းသည့် ပွဲသိမ်း အချိန်ကိုလည်း ကောင်းကောင်းကြီး ခံစားရှောင်မိလာသည်။ အခု မှာလည်း ထို နည်းတူ၊ ဝင်းမြတ်က ဒီတခါ ထူးထူးခြားခြား ခြေကွက်ကို တောက်လျှောက်သုံးနေသည်။ ဆုတ်၍ဆုတ်၍ သူ့ အကွက်ထက် ဒါထက်... တခြား အရေးကြီးတဲ့လူတွေကို စဉ်းစားနေမိသွားသည်။

မီးငှက်လေး ပျံသည့်ပမာ Donde viven las historias. Descúbrelo ahora