သားကောင်လိုက်တမ်း ဒုတိယရက် မနက် စောစော။
အာလုံးအတွက် ပွဲပြီးရန် နှစ်ရက်ပေါင်း နာရီ ၄၈နာရီ ထက်အနည်းငယ်ပိုကာ အချိန်ကား ရှိနေပြီ။ ပထမရက်တော့ မုဆိုးများက အေးအေးလူလူနှင့် သားကောင် နောက်ကို လိုက်မလာကြသေး။ အေးအေးလူလူနှင့် လိုက်မည်ဟု ဆုံဖြတ်ထားဟန်ပေါက်သည်။ ခြေရာများ မျက်ခြည်ဖျောက်ထားခဲ့သည်ယ ထောင်ချောက်များ ဆင်ထားခဲ့သည်။
ရှေးနှစ်များက တစိုက်မတ်မတ် သုံးစွဲခဲ့သော ထောင်ချောက်များ များစွာ ထောင်ခဲ့ပြီးမှ လာသောကြောင့် လမ်းမှာ အဖွဲ့သားများ ထောင်ချောက် အငိုက်ကျသွားသောကြောင့် ကယ်ဆယ်ရင်း တရက်တော့ ကုန်သွားပြီ။ မနက်စောစော နေက ဖုံးလွမ်းထားသော သစ်ပင်တို့ကြားကနေ ထိုးထွက်လျက် အလယ်က သားကောင် အဖွဲ့တို့ နားခိုရာ မြေကွက်လပ်ကို တဖြည်းဖြည်း လင်းလက်ကာ ကျလာသည်။
ဒုတိယရက်၊ သားကောင် တွေကို နေမဝင်ခင် အစာရှာ ရှာကြရတော့မည့် မုဆိုးများ၊ ပေးထားသော အချိန်မှာလည်း မလောက်တော့မည် ဖြစ်သောကြောင့် 'ဒီအမဲကို ရမှ ပြန်မယ်' လို့ ဇွဲ ကောင်းကောင်း နှင့်ရှာနိုင်လောက်သည် အမဲလိုက် မုဆိုး တို့ကို သားကောင်တို့ဘက်ကလည်း ကိုယ့် အသက်မပါအောင် သတိနဲ့ နေရတော့မည်။
"ငါတို့ ဒီမှာပဲ နှစ်ရက်ဆက်တိုက်နေမှာလား။" ဖြိုးဝေမေးသော စကားကို နေခြည်က ထိုးထွက်နေရောင် ကြားတွေကနေ မတ်တပ်ရပ်ကာ အပြင်က အခြေအနေကို ကြည့်လျက်။
"ဟုတ်တယ် နေမယ် အခုတော့ ငါတို့ အမဲလိုက်ရှာရမယ်။ အဖြူကို အခြေအနေကြည့်ရမယ်။ ထောင်ချောက်တွေ ဆက်ထောင်ရမယ်။ မနေ့က ထောင်ခဲ့တဲ့ ထောင်ချောက် တွေမှာ အမဲ ရှိမရှိ သွားကြည့်ရမယ်။ ပြီးမှ ညရောက်မှ ဒီမှာ ပြန်ရောက်လာမယ်။" ရူခင်းကြည့်ပြီး မိုးလေဝသ အခြေအနေသုံးသပ်ကာ တခါတည်း ပြောနေသော နေခြည်ကို အဖွဲ့သားများအာလုံး ထဲမှ ပိုင်ဖြိုး ထိုနောက်မှ စကား တခွန်းပြောတော့သည်။
"ငါတို့ အဲ့ဒါဆို လူစုခွဲဖို့ သွားရမယ် ထင်တယ်။"
"ဒီမှာ အဖွဲ့ ကွဲပြီး လိုက်ရှာတာကို ဟိုဘက် အဖွဲ့လိုက် လိုက်မယ်ဆိုရင်ကော။" မျိုးကို ပြန်လည်ကာ မေးခွန်းထုတ်သောကြောင့် ငြိမ်သက်သွားသည်။ ဟုတ်သည်။ အဖွဲ့ခွဲကာ လိုက်ရှာလျှင် မြန်မည်။ သို့သော် တယောက်တယောက်ကတော့ ဖမ်းမိမည်မှာ သေချာသည်။ အဖွဲ့လိုက်ရှာလျှင် ကြာမည်။ ဒါကိုက သူတို့ခေါင်းထဲမှာ ကျွန်းကို အချိန်မီ မရောက်မှာ စိုးရိမ်နေကြခြင်းသာ။
VOCÊ ESTÁ LENDO
မီးငှက်လေး ပျံသည့်ပမာ
Ficção Científica"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...