အခန်းသုံးဆယ့်ငါး

116 15 0
                                        

Dimension opener ထဲကနေ နေခြည်တို့ရောက်ပြီး အုံအုံကြဲ အားပေးနေတဲ့ ပရိသတ်တွေ ဆူညံသံ မဆုံး ခင်မှာပဲ အနောက်ကနေ လိုက်လာခဲ့တယ်။

လင်းအောင်၊ ပင်ပန်းပြီး မျောနေတဲ့ ပြာမိုင်ကို သယ်လာတဲ့ ဟိန်းယံ၊ နောက် မျိုးကို ပခုံး တွဲလာတဲ့ နှင်းဆီ၊ ပိုင်ဖြိုးကိုကြိုးတုပ်ပြီး ဆွဲလာတဲ့ ရွှန်းလဲ့။ ဒါကိုမှ ဘေးနားက ချက်ချင်း ပြရမဲ့ လူနာတွေအတွက် ထိုင်စောင့် နေတဲ့ ဆေးကု အဖွဲ့ သုတ်သုတ် ပြေးလာတဲ့ အချိန်မှာ ဒဏ်ရာ အနာတရ ရှိတဲ့ လူအာလုံးကို အကြောင်း အရာနဲ့ တကွ အာလုံး အတွက် ရှင်းပြနေကြသည်။ အချိန် အနည်းငယ် ကြာလို့ နောက်ပြိုင်ပွဲ မစခင် ဆက်ကြားမှာ နေခြည် ပရိသတ်တွေထဲမှာ မိသားစုကို ရှာနေလိုက်သည်။

ဟော! တွေ့ပြီ... သုံးရက်တည်း ဆိုပေမယ့် ခွဲမနေဖူးတော့ အကြာကြီးလိုပဲ...
ကိုယ်က အနာတရ မရပဲ ပြန်လာတေည့ သူတို့လည်း ပျော်တာပေါ့။ ဘေးနားမှာလည်း ထွန်းမြတ်လည်း ပါတယ်။ အာလုံး ကို အစုလိုက် မြင်တော့ အလိုအလျှောက် နူတ်ခမ်း အနားတွေက မသိမသာ ကော့တက်သွားတယ်။

ထို အချိန်မှာ ကိုယ့် ခေါင်း အလိုအလျှောက် တခြား တနေရာသို့ လှည့်သွားခဲ့သည်။ ဖြိုးဝေ ပေါက်မှာ ဒဏ်ရာ တခု ဆေးကုပေးတဲ့ အသင်းထဲက တယောက်ကို ခေါ်ပြီး ပေါင်က ဒဏ်ရာကို ဒီကွင်းထဲမှာပဲ ပတ်တီး စည်းနေသည်။ ဒဏ်ရာကြီး တဖက်နှင့် ပြိုင်ဖို့ လုပ်သလား။ နေခြည် ဖြိုးဝေ ဆီ သွားကာ...

"ပေါင်မှာ ဒဏ်ရာ ကြီးနဲ့... ဟဲ့! နင် ဝင် မပြိုင်ပါနဲ့တော့လား။"
နေခြည် ဖြိုးဝေ ကို ပြောနေတဲ့ အချိန်မှာ တဖက်က ကူညီပေးမယ့် လူကိုတောင် တားပြီး အတင်း ခေါင်းမာမာနဲ့ ကိုယ်ဘာကိုယ် ပတ်တီး စည်းနေလေရဲ့။

"မရဘူး။ ငါပြိုင်ကို ပြိုင်ရမယ်။ ပြီးတော့... ပွဲပြီးတဲ့ အထိ ပြိုင်ရမဲ့ အကြောင်း အရင်း တခုလည်း ရှိတယ်။"
ဖြိုးဝေ တခြား တဘက်ကို ခေါင်းမော့ပြီး လှည့်သွားတယ်။ ဘာကို ကြည့်လို့တော့ မသိပေမယ့် သူ့ရဲ့ အကြည့်တွေထဲမှာ မဖြစ်မနေ လုပ်ရမဲ့ ခိုင်မာတဲ့ အကြောင်းအရင်း ရှိတာကိုတော့ ဖော်ပြနေတယ်။

ရုံရဲ့ အပေါ်ဘက် ပြောကြားသူ အခန်းက မှန်ပေါ်ကနေ ရုပ်ပုံမြင်ရုံလောက်ပဲ ရှိတဲ့ လူတယောက်ဆီကို ဖြိုးဝေသေသေချာချာ ကြည့်နေသည်။ ထို သူကိုယ်တိုင်လည်း ဖြိုးဝေ ကြည့်တာကို သိနေလျက်။

မီးငှက်လေး ပျံသည့်ပမာ Where stories live. Discover now