အခန်းသုံး

596 51 26
                                        

"ဘယ်လိုအူကြောင်ကြောင်လူနဲ့တွေ့နေတာပါလိမ့်"

"ဒီတယောက်ကို ငါ ရင်းရင်းနှီးနှီးတွေ့ဖူးသလိုလိုပဲ စိတ်ထဲမှာ..." သေနေသောတောဝက်ကို အတန်ကြာစိုက်ကြည့်လျက်

"အို ဘာပဲဖြစ်ဖြစ် သေချင်းဆိုးလေး သင်းကြောင့် အချီကြီးရတဲ့ အမဲ တဝက်ပဲကျန်တော့တယ်။ တောဝက်ကိုသာ အပိုင်းပိုင်းခုတ်ပြီး ရသော အသားကို အိတ်နှင့် ထမ်းလိုက်သည်။

"အခုတော့ ဘယ်လိုပဲဖြစ်ဖြစ် အမဲက များတယ်ဆိုတော့လည်း သည်းခံလိုက်ပါမယ်လေ"အမဲကို ထမ်းလျက် ပြန်လာခဲ့လိုက်သည်။အီ! ဘယ်လိုတောင် လောကကြီးဆန်းကြယ်ရတာလဲ။ အိမ်တံခါးဝမှာ သေချင်းဆိုးကြီး အခွန်ကောက်တာနဲ့လည်း မတူ။ ဘာမှ မယူပဲ ပြန်ထွက်သွားပြီ သင်အင်တွေရော အများကြီးပဲ ဘာလို့ပါလိမ့်။ နေခြည်ဦး တယောက် စိုးရိမ်ဇောနှင့် အိမ်သို့ အမြန်ပြေးလိုက်သည်။

"ဟင်" နေခြည်ဦးခမျာ မျက်လုံးအပြူးသား ခါတိုင်းအခွန်လာကောက်လျှင် ကြောက်တတ်သော ဝါလေးကော၊ ကြယ်ကလေးကော မျက်နှာ ညှိုး နေကျ၊ ဦးကလည်း မျက်တည်တည်ကြီးနှင့် စာဖတ်တတ်သည်။ ယခုမြင်ကွင်းမှာ ဆန်းလေသည်။ အမဲလိုက်၍ မောနေသော စိတ်ပင် ပျောက်သွားသည်။ တအိမ်သားလုံး ကနေသည်။ ဦးကလည်း အချိန် ဆယ်စုမနည်း ကြာညောင်းနေသည့် သီချင်းဖွင့်စက်မှ သီးချင်းမြူးမြူးလေးတွေ ဖွင့်ထားသည်။ သင်အင်တို့လည်း ကြားမည်ထင်သည်။ စိတ်သိချင်ဇောနှင့် အသံပင် ပြတ်ပြတ်သားသား မထွက် တော့။

(Name- I vow to thee country

ပြန်ဖတ်တဲ့လူအတွက် edit ကြောင့်ပိုကောင်း၊ပိုရှင်းပေမယ့် တော်တော်ကြာမှ လုပ်လို့ ပါတယ်။)

"ဘာတွေ ဖြစ်ကုန်ကြတာလဲ။" တအိမ်သားလုံး လှည့်ကြည့်သော မျက်လုံးများမှာ လက်လျက် ပျော်နေကြပုံများသာ။ကြယ်ကလေးလည်း ထူးထူးဆန်းဆန်း ပါးတွေရဲနေသည်။

"အမရေ အကြောင်းစုံပြောပြရဦးမယ် အချိန်ကသာ ခဏလေး အဖြစ်အပျက်တွေက အများကြီးပဲ" ကြယ်ကလေးကို လက်ဆွဲခေါ်၍ အိမ်ရှေ့က ဒန်းတွင် နှစ်ယောက်သား ထိုင်လုပ်သည်။

မီးငှက်လေး ပျံသည့်ပမာ Dove le storie prendono vita. Scoprilo ora