"သားသားလေး ရေ... အိုး! ကြည့်ဦး ဒီကလေးလေး ဆော့နေတာပဲ"
ငယ်ငယ်က ဆော့တတ်တဲ့ စက်လေယာဉ်ပျံလေး တခု၊ ခြောက်နှစ်သားလေး ကိုယ်ထွင်ပြီး ဆော့ခဲ့ အရသာက ဘယ်နဲ့မှ မတူဘူး။ တီထွင် ပြီးတိုင်း ဦးဦး ကို သိပ်ပြချင်ခဲ့တယ်။ ဦးဦးလို ခေါ်နေခဲ့ပေမယ့် ခံစားချက်တွေက အဖေအရင်းကို တွေ့နေရတာနဲ့ ဘာမှ မခြားပါဘူး။"ဦးဦး လေယာဉ်... ကောင်းလား"
"ကောင်းတာပေါ့ သားလေး ဒါနဲ့ အပြင်မှာ မဆော့ချင်ဘူးလား။"
ကလေးပီပီ အဆော့မက်တဲ့အရွယ်၊ စူးစမ်းတတ်တဲ့ အရွယ် တွေချိန် မပေးပဲ ဇောက်ချ ခေါင်းညိတ် ပြလိုက်သည်။ နောက်ပါသွားပြီး ခေါ်လာခံရတဲ့ နေရာ က စိမ်းစိမ်းကြီးတွေနဲ့ အရွက်တွေက အချောင်းလိုက် အချောင်းလိုက် ကြမ်းပြင်ပေါ်ကို ပေါက်ပေါက်လာတာ၊ သားတို့ နေတဲ့ ပြောင်ပြောင်လက်လက် ကြမ်းပြင် ကြီး နဲ့ မတူဘူးရယ်။"သား ဒါတွေက မြက်ပင်လို့ခေါ်တယ်။ ဒါတွေက ညိုညို မဲမဲ မြေဆိုတဲ့ အရာရယ်၊ မိုးပေါ်နေရွာရင် ကျလာတဲ့ ရေလိုမိုးတွေက ကူညီပေးလို့ မြက်ပင်ဆိုတဲ့ အရာပေါက်လာတာ သားရဲ့။ ဒါတွေ ကြားတွေမှာ အကောင်တွေ ရှိနေတတ်ပေမယ့် အဲ့ အရွက်ကိုယ်တိုင်ကတော့ အန္တရာယ် မပေးဘူးလေနော်။ စနင်းကြည့်..."
ကြမ်းပြင်နဲ့ ကွာဟနေတဲ့ ကားပေါ်ကနေ တံခါးကို ဖွင့်လိုက်သည်။ နောက် သေးငယ်သော ကျွန်တော် ခန္ဓာကိုယ်ကို မကာ အဲ့ အရွက်တွေပေါ် ညင်ညင်သာသာ ချလိုက်သည်။ မမြင်ဖူးသေးသော အရာမို့ ကြောက်နေခဲ့သည်တော့ အမှန်၊ သို့သော် ဖိနပ်ဝတ်ထားသော ခြေထောက်ကို ကြမ်းပြင် နှင့် ထိသွားသည်ကို မှိတ်၍မမြင်သော ကြားထဲက ခံစားမိသည်။နောက်လွတ်လိုက်သည့် အချိန်ဖိနပ်ကို ကြည့်လိုက်တော့ ညိုညို အရောင် တို့နှင့် ဖြူနေသော ပြောင်ဖိနပ်ကို ညစ်ပေသွားစေသည်။ သို့်သော် မြက်ပင်ပေါ် နင်းရသော အရသာကို ကျွန်တော် စိတ်လူပ်ရှားမိသည်။ ထို အပင်များကို နင်းလိုက်၍ ကြားရသော အသံကို ထပ်ကြားချင်သည်။ နောက် ဦးဦး နှင့်အတူ ကျွန်တော်တို့ မြင်နေရသော စိမ်းစိမ်းအရာတို့ကို လေ့လာကြည့်သည်။
KAMU SEDANG MEMBACA
မီးငှက်လေး ပျံသည့်ပမာ
Fiksi Ilmiah"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...