အခန်းနှစ်ဆယ့်ခြောက်

195 15 5
                                        

ဒီတယောက် အကြာကြီးပဲ ဒီလောက် သေရေးရှင်ရေးမှာ သူက သွက်သွက်လုပ်မလား မှတ်တယ်။ နောက်မှ တလွဲပြသနာဖြစ်တာပဲ။ ငါ့မျက်နှာ ဘာပေနေလို့လဲ။ ထူးထူးဆန်းဆန်းကြီး ကြည့်နေတယ်။

"ဟဲ့ အကောင် ငါ ပြုတ်ကျတော့မယ်။ ငါကိုင်ထားကတာ ကြာနေပြီ ဟဲ့။" ပြောခါတော့မှပဲ ဟိန်းယံ ပြန်အသိဝင်ပြီး မျက်နှာ အမူအရာကနည်းနည်းလေး လူပ်ရှားလာတော့သည်။ နှင်းဆီရဲ့ လက် မှာ လူနှစ်ကိုယ်စာကို သယ်ပြီး စောင်းကို ကိုင်ထားရတော့ကြောင့် ကုပ်ကတ် ကိုင်ထားရသော လက်တို့မှာလည်း လျှောကျခြင်းသလိုလို ဖြစ်တည်နေသော လူပ်ရှားနေသော အကြောင်းအရာမှာလည်း စတင်လာပြီ၊ ဒါကြောင့် ဟိန်းယံကို အရှေ့ကို လွဲပေးသည်။ ခုနက အသိစိတ်မကပ်သော ဟိန်းယံအခုတော့ ပြန်ကပ်ပြီ။ အားနဲ့ လွဲ၍ ပါလာသော ကိုယ်မှာ အပေါ်သို့ တက်လာပြီး စောင်းကို လက်တဖက်နှင့် ဆွဲလိုက်သည်။ နှင်းဆီကိုင်ပေးထားသော လက်ကို မလွတ်သေး။ ဒါကလည်း ယခုတော့ နှင်းဆီအပေါ် အကြွေးကြေ သွားပြီ။ အကြောင်းမှာ သူ့ကို လွဲပေး၍ လက်တဖက်မှာ ချော်ကျပြီး ပြုတ်ကျခါနီး ပြန်ကိုင်ပေးထားသောကြောင့်သာ။ ယင်းနည်းတူ နှင်းဆီကို ပြန်တင်ပြီး နှစ်ယောက်က အတုံးတွေပေါ်ကနေ တက်လျက် အာလုံး စောင့်နေသည့် ဖောင်ပုံစံ ခြားထားသည့် တန်းပေါ်ကို ပြေးလာခဲ့ပြီ။ ကြည့်လိုက်တော့ နာရီဝက်ကား ကျော်သွားပြီ။ တိတိလင်းလင်း ဆိုလျှင် မိနစ် သုံးဆယ့်သုံး။ အာလုံး မှာ လှေပေါ်တက်၊ ချွတ်ထားသော ကြိုးတန်းကို ဖြုတ်နေရင်း ရေဆန် လာသော ရေရဲ့ အားကို တွက်နေပြီ။

"တော်တော် ရေစီးကြမ်း တယ်ဟ။ ကဲ အာလုံး ငါတို့ သွားရမှာက တည့်တည့် လှေတံကလည်းငါးတံကိုမှ ကိုယ်စီကိုယ်စီ လှော်တက်က တဖက်တချက်စီ လုပ်ပေးထားတယ်။ အဲ့တော့ 'ဘယ်'ကနေ စလှော်မယ်။ ဘယ်တဖက် ညာတဖက် လှော်မယ် လှော်တိုင်း 'ဟေ့' လို့ သံပြိုင်ထွက်ပြောရမယ်။ ဟုတ်ပြီလား။" ခေါင်းဆောင်လုပ်ကာ ပြောနေသော နိုင်းအောင်လံ၊ အာလုံးတက်ပြီးမှ သူ့ထိပ်ဆုံးကို တက်သည်။ ပြီးလျှင် ချည်ကို ကြိုးကျစ်ကို ဖြည်လိုက်သည်။ ပြေသည်နှင့် အာလုံးက ဘယ် ကနေစလှော်ကာ လှော်ချက်တိုင်း ညီအောင် 'ဟေ့' လို့ သံပြိုင်အော်စေသည်။ ပြီးလျှင် ဘယ်တချက် 'ဟေ့'၊ ညာတချက် 'ဟေ့'။ စစက လှော်ချက်က မှန်မှန်လေးနှင့် နှေးနေသည်။ ပြီးလျှင် အာလုံးကား အချိန်မမီသည်ကို စိတ်လောနေတာကြောင့် မြန်လိုက်သည်။ သို့သော် မြန်လိုက်သော လှော်ချက်တို့မှ မညီတော့။ တည့်တည့် သွားရမည့်လမ်းကြောင်းမှာ ဘေးယိမ်းလိုက်၊ ညာယိမ်းလိုက်နှင့် ရေစီးလိုင်းကြောင့်လည်း လှေကတက်လိုက် ကျလိုက်ဖြစ်နေပြီ။ အာလုံးက အနည်းငယ် ခြောက်ခြား နေသည့်ပုံရိပ်တွေပေါက်နေသည်။ ဘယ်တချက် ညာတချက် လှော်နေသည့် ဟန်ချက်မှာလည်း အနည်းငယ် ပျက်နေပြီ။

မီးငှက်လေး ပျံသည့်ပမာ Donde viven las historias. Descúbrelo ahora