အခန်းလေး

435 36 7
                                    

" နေခြည် သမီး ပါမှာလား။"

"ပါမယ် ဦး"

"ကောင်းတာပါပဲလေ။ တိုက်ကွက်တွေကလည်း သမီးရဲ့ ဝါသနာလို ဖြစ်နေတယ်ဆိုတော့လည်း လုပ်ပေါ့။"

"အမ လုပ် ညီမတော့ အားပေးတယ်" ဝါလေးက ထပြောလေသည်။

"အမသာ ဝင်ရင် သေချာတယ် ထိပ်ဆုံးက ပါမှာ" ကြယ်လေးလည်း ပြောသည်။ မြလေးလည်း ခေါင်းညိတ်သည်။

" မပြီးသေးဘူး ခဏနေ စာရင်း သွင်းပြီးရင် တချို့ ရတဲ့ အသီးတွေ ပို့ကြမယ် သမီး။"

"ကျွန်တော်ပါ ကူပေးမယ်လေ ဦး" ထွန်းမြတ် တယောက် ဖြတ်၍ ဝင်ပြောလေသည်။ အငယ်သုံးယောက် မှာ မပြောသော်လည်း အံတော့သြလောက်လေသည်။

"ထွန်းမြတ် ရတယ်။ ငါပဲ လုပ်တော့မယ်။ နင့်နားရက်ဆို နားလိုက်လေ တခြား တချိန်တွေမှာ နင် အရမ်းအလုပ်လုပ် ကတာမလား။"

"ဒီလောက် လည်း မဟုတ်ပါဘူးဟာ ငါ နင် တို့အိမ်လည် ချင်လို့ပါ" ထွန်းမြတ် ခေါင်းကို ကုတ်ရင်း သွား၃၂ ချောင်းလုံးပေါ်အောင် ရယ်နေသည်။ ပြောသာပြောရတယ် အဲ့လို ရယ်တော့လည်း လူက ချစ်ဖို့ကောင်းသား။

" လည်ချင်တယ်လည်မယ် ဆိုရင်တော့ ဧည့်ဝတ်ကျေအောင် လုပ်ပါ့မယ်ဟယ် မကူတော့မကူပါနဲ့"
နေခြည်လည်း တော်လျှောက် အားနာ၍ အကူအညီတောင်းခံ ရန် ငြင်း သော်လည်း အိမ် ထဲထိ ကူမယ်ချည်း အတင်းလုပ်နေ၍ လက်လျော့ ကပင် နှစ်ယောက်သား ဈေးသို့သွားကာ အော်ဒါမှာထားသည့် စတယ်ဘယ်ရီသီး၅၀ ပုံနှစ်ပုံကို နေခြည်က သယ်၊ စပျစ်သီး ၅၀ ပုံနှစ်ပုံကို ထွန်းမြတ်က သယ်၊ ပြီး ဈေးထဲသို့ သွားလိုက်သည်။
မှာသူကတော့ တယောက်တည်း၊ ဈေးတန်း၏ ညာဘက် အစွန်းဆုံး ဂိုဒေါင် တွင် တံခါး ဖွင့်ထားကာ ရှေ့တံခါးဝတွင် စာဖတ်နေလေသည်။ အသက် ခပ်ကြီးကြီး အဘ၊ထောင်ထောင်မောင်းမောင်း အရပ်နှင့် မျက်လုံး မီးခိုး ဆံပင် မီးခိုး အရောင်တူတူသာ၊ပျော်တတ်သူ တယောက်လည်း ဖြစ်သောကြောင့်ရွာ ကလေးတွေလည်း သူ့ကို ချစ်သည်။စိတ်ကောင်းလည်း ရှိသူဖြစ်သည်။ မပြီးသေး၊ ရွာဈေး၏ ရောင်းချကုန် တဝက်ကို သူပိုင်သည်။ လူချစ်လူခင် ပေါသောကြောင့် စီးပွားရေး ကောင်းတာ ဖြစ်နိုင်သည်။

မီးငှက်လေး ပျံသည့်ပမာ Место, где живут истории. Откройте их для себя