တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညချမ်းဟာ သတ္တဝါ အာလုံးကိုတော့ ညချမ်း အလှနှင့် အေးချမ်းနေစေသည်။ တောအုပ်နားက စမ်းချောင်းမှာ ပိုးစုန်းကြူး လေးတွေရစ်ဝဲလျက်။ လင်းလက်နေသော စိမ်းမြမြ ကြယ်လေးတွေနှင့်အတူ၊ စိမ်းစိုစို သစ်ပင်တွေပေါ်မှာ မဟူရာ သွေးစ အရောင်တို့နှောကာ တည်ငြိမ်နေသော ရေမျက်နှာပြင်ပေါ်တွင် မှန်ပမာ ရောင်ပြန်ဟပ်လျက် နှစ်ဆတိုး လှလွန်းလေစွ၊ အို... ထို အခိုက်အတန့်ကို မြင်ရ၊ တွေ့ရ နေရသောသူ အဖို့ စိတ်ကူးယဉ်၊ ရင်သပ်မောလောက်အောင် နေချင်စရာ ကောင်းလွန်းလှလေဘိ။
ဒါတွေ ပြတင်းပေါက်ကနေ ကြည့်နေသော ဖြိုးဝေ။ တခုခုကို တမ်းတကာ လွမ်းဆွတ်နေလေသည်။
"ဝါဆိုတဲ့ မိန်းကလေး ငါ အရင်က ချစ်ကြိုက်ခဲ့တဲ့ မိန်းကလေး၊ ဒါကို ငါ မှတ်မိနေတယ်။ မနက်ကလည်း ငါတွေ့တယ်။ ဘာလို့... ငါအခုလည်း မြင်မြင်ချင်း...။"
_______________________
"မင်္ဂလာ နံနက်ခင်းပါ ခင်ဗျာ အခုဆိုရင် တတိယမြောက် ဦးသူလွတ် ပွဲလေးကို ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ကဲ ဒါကို ညွန်ကြားပေးမဲ့ စက် ကို ဖွင့်ပေးပါ့မယ်။"
" ကြွရောက်ကြသော အဖြာဖြာ ဂုဏ်သရေရှိ လူကြီးမင်းများ မင်္ဂလာ ပါ။ ဦးဆုံး ဦးသူလွတ်ပွဲ အညွန်းကို မပြောကြား ခင် ဖြစ်တည်လာသည့် အကြောင်းအရာကို ရှင်းပြချင်ပါတယ်။ ရှေးလူသား တွေဟာ အရင်က အမျိုးမျိုးသောဝါသနာတို့အနက် စွန့်စားခြင်းဆိုသည့် ကိုယ်ကာယ လေ့ကျင့်ခန်းတခုကို နှစ်ပေါင်းများစွာ ကြာသည်အထိ ခုံမင်ကြပါတယ်။ နောက်ပိုင်း မှာ ဒီ အကြံကို အခြေခံပြီး လူလုပ် ပတ်ဝန်းကျင်တခုနဲ့ စွန့်စားဖို့ ပွဲတခု ကို ဖန်တီးလိုက်ကြပါတယ်။ ဖန်တီးပြီး ကာလကနေ ယနှစ်တိုင် နှစ်ပေါင်း များစွာ ကြာသည့် အချိန်မှာတော့ ဦးသူလွတ် ကစားပွဲလေး တည်ရှိလာပါတယ်။ အခု ယှဉ်ပြိုင်မည့် ဦးသူလွတ် ပွဲလေးရဲ့ နေရာကို ရှင်းပြတ်သားစွာ မြင်ရဖို့ အတွက် အပေါ်က ရုပ်ပုံကို ကြည့်ပေးဖို့ ပန်ကြားအပ်ပါတယ်။" ရုပ်ပုံလေးက ပေါ်လာပါပြီ၊ စစ်တုဘုရင်နှင့် မတူ၊ကွင်းပြင်ရဲ့ ရုပ်ကို ပတ်ကာ ပတ်ကာ ပြနေခြင်း။
KAMU SEDANG MEMBACA
မီးငှက်လေး ပျံသည့်ပမာ
Fiksi Ilmiah"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...