အခန်းသုံးဆယ့်ရှစ်

147 15 0
                                        

ထိုနေ့ ဈေးတန်းများကို လှည့်လည်လျှောက်လာရင်း မနက်ခင်းမို့ အရာရာ ဟာ ကြည်လင်ပေါ့ပါးနေသလောက် တယောက်သောသူကတော့ စိတ်နောက်ကျိနေသည်။ အမ ပျောက်ဆုံးသွားသော ကိစ္စနှင့်ပက်သတ်၍ သတင်းလည်းမရ၊ အကြောင်းအရာလည်း မသိရရှာ၊ အပြောင်းအလဲကလည်း တိုက်ခတ်နေသော လေအတိုင်းအပင် မြန်လွန်းလှသည်။

"အမ နေ..."

ကောင်းကင်ပြာကို မော့ကြည့်နေပေမယ့်လည်း စိတ်ထဲက ရူပ်ထွေးနေတဲ့ မီးခိုးတိမ်တွေ အပြင်က ကြည်လင်နေတဲ့ ကောင်းကင်ပြာနုနုက တောင် မရှင်းပေးနိုင်၊ သူ ဈေးတန်းနားကိုသာ လေးလေးပင်ပင် လျှောက်လာခဲ့သည်။ ခါတိုင်း တနေ့တာ စတင်ချိန်မှာ ကြည်လင်နေခဲ့သော သူ့ စိတ်အစဉ်က ယခုတော့ မကြည်လင်နိုင်။

ဈေးဝယ်ပြီး အပြန် မြို့ အထွက် နားမှာ သင်အင်တို့ စာလာလာ ကပ်တတ်သော နေရာ တွင် လူသူစုဝေးနေသဖြင့် ခိုအောင်းနေသည့် စပ်စုတတ်သော ဝါသနာက အလိုလို ဆွဲခေါ်သွားသည်။ ကျဉ်းလွန်းသော နေရာတွင် များပြားလှသော လူများ ကြား တိုးဝှေ့ကပင် စာလာကပ်ထားသော သင်ပုန်းရှေ့သွားခဲ့သည်။ စာကို ဖတ်ပြီး နောက် ချက်ချင်း ညှိုးနွမ်း နေသော မျက်နှာ ပို၍ပင် အားလျော့သွားသည်။ ရူပ်ထွေး နေသော စိတ်ကား ပို၍ ပင် ရူပ်ထွေးသွားခဲ့သည်။

"အထူးသတိပေးချက်

ယမန်နေ့ညနေက ရှင်ကျန်နေခဲ့သော ပြိုင်ပွဲဝင်များမှာ မြို့ဝန် တွေ့ဆုံဆဲကာလ ၌ပင် မြို့ဝန်၏ ပြောကြားချက် ကို ငြင်းဆန်လိုက်သည်က တကြောင်း၊ ပြင်းထန်စွာ အမိန့်ကို ကန့်ကွက်သည်က တကြောင်း၊ အပြစ်သားအနေဖြင့် ခေတ္တ ဖမ်းဆီး ထားပါကြောင်း၊ သို့သော် လွတ်မြောက် သွားခဲ့ကြသော ဝရမ်းပြေး များထဲတွင် လည်း လူသူများစွာကို အန္တရာယ် ပေးနိုင်သည့် ကိရိယာများ ပါရှိသွားသဖြင့် သတိထားကြပါရန် အသိပေးအပ်ပေးပါကြောင်း။ ဒီကနေ့မှ စ၍ လိုက်လံ ရှာဖွေပါမည်ဖြစ်ပါသဖြင့် ဝိုင်းဝန်းကူညီပေးပါရန် တောင်းဆိုအပ်ပါကြောင်း၊ ကူညီပေးပါက ဆုလာဘ်များစွာ ချီးမြင့်ပေးပါမည်ဖြစ်ကြောင်း။

မီးငှက်လေး ပျံသည့်ပမာ Donde viven las historias. Descúbrelo ahora