"ဖြိုးဝေ မင်းရဲ့ ပါရမီတခုကြောင့် ငါ ဒီမှာ ထည့်ထားတယ်။"
ဦးလေးရဲ့ စကားသံ။ အရင်တုန်းကလို သာ ဆက်၍ တူတူနေခဲ့ရရင် ဦးလေးရဲ့ အသံသည် အဲ့လောက် မာမည်၊ စိမ်းမည် မဟုတ်။ နောက်ဆုံး နှစ်ယောက် က သူစိမ်းနှစ်ယောက်လိုပင်။ ကိုယ်သည်လည်း နောက်ဆုံးတော့ လူပို၍နည်းပါးသော နေရာသို့ ရောက်ရှိခဲ့သည်။အရင်က ကြီးမားလှသော အခန်းပေါ်မှာ သိပ်မနိုင်သော မီးအားနှင့် အနည်းငယ် ညစ်ပတ်သော နေရာ၊ မြေကြီးတို့နှင့် နီးစပ်နေသေးသော နေရာမှာ၊ ပို၍ ချောမွတ် လှပစွာ ကနုတ်တို့နှင့် ပေါ်လစ် တင်ထားသောနေရာ၊ ပိုပြီး တင်းကြပ်သော နေရာ၊ တစ်ဖန် လေ့လာခွင့်ပေးသော နေရာ၊ နောက် အစမ်းသပ်ခံ နေရာကို နောက်ဆုံး ရောက်ရှိလာပြီ။ ပိုကာ ချောမွတ်သော ကြမ်းပြင်တွင် ဖိနပ်ပွန်သံများ အနည်းငယ်ဆူညံလာသည်။ နောက် လူတယောက်ရှေ့ ရပ်သွားသည်။
"ဖြိုးဝေ နင်နဲ့ တွဲ ရမယ့် သူပဲ။ ဟိန်းယံတဲ့! နောက်တစ်ခုက သူလည်းထူးခြားတယ်။"
လက်ဖျံမှာ အမာရွတ် အမှတ်အသားကို အင်္ကျီ စဆွဲကာ လန်ပြလိုက်သည်။"မင်းလို ဘယ်အမိန့်၊ ဘယ် အမေးကို မဆိုဖြေရှင်း ပေးရမယ့်သူပဲ။ တူတူလုပ်ကြ တစ်ခုပြောထားမယ်။ မင်းတို့လို အမှတ်အသားရှိတာ ဒီနှစ်ယောက်တည်း။ ဒါကိုလည်း ဘယ်သူမှ မပြနဲ့!"
ဦးလေး... နားမလည်နိုင်တာထက် ရှင်းပြဖို့ရင်တောင် မကျေနပ်တာတွေ၊ ဘာကြောင့်လဲ? ခန်းမတခုလုံးရဲ့ စက်ယန္တရား ကိုလျှောက်လုပ်ခဲ့တာကို ပါရမီတဲ့! ဒါထက် ဒီတိုင်း ဖြစ်တည်နေတဲ့ အသားကို အနာခံ အမှတ်အသား လုပ်ခံရတယ်။ဘာရှင်းပြချက်မှ မပေးဘူး။ ဘာကြောင့်လဲမသိရဘူး။ ငယ်ငယ်လေး ကတည်းက လုံးဝပြောင်းလဲတဲ့ သူ။ အဲ့နေ့... အဲ့ အန်တီ ကို တွေ့ခဲ့တဲ့ နေ့၊ ဘာကြောင့်မှန်း မသိတော့ဘူး။ အခုထိ မှတ်မိနေဆဲ။ မဖြစ်သင့်တာတော့ သိတယ် ဒါပေမယ့် သူ့ဆီ သွားချင်နေဆဲ။ သွားလို့ရမှာပါ။ ရေစက်ဆိုတဲ့ အရာက တကယ်ရှိရင်...။
"ဟေ့! ဖြိုးဝေ အသံမထွက် ဘာမထွက်နဲ့! ထပ်မိတ်ဆက်မယ်။ ငါ့နာမည်က ဟိန်းယံ"
ခပ်ကွကွ ခါးကုန်းကုန်း တယောက်သည် ပခုံးတိုက်သည်။ ဘာမှ မပြောပဲ ငြိမ်နေဆဲ။
ESTÁS LEYENDO
မီးငှက်လေး ပျံသည့်ပမာ
Ciencia Ficción"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...