ပြန်ရောက်တော့ အာလုံးက ဆိတ်ငြိမ်နေပြီ၊ အကြောင်းကတော့ တခုတည်း။ တခါမှ ချစ်ရေးကြိုက်ရေးနှင့် ဘာနောက်ကြောင်းမှ မရှိသော အကြီးဆုံးနေခြည်က ရည်းစားဦးကို ပိုင်ပိုင်ကြီး အိမ်ကို ခေါ်လာသည်ဟူသော အမှတ်နှင့် အာလုံးညက ဆိတ်ငြိမ်နေကြသည်။ ညစာ စားကြမည်ဆိုသော်လည်း ထိုနည်းအတိုင်းပင်၊ ယခင်က ဦးနှင့်ဝါလေးကြား ထိုင်စားသည့် ထွန်းမြတ်၊ ယခု နေခြည်နှင့် နှစ်ယောက်တည်းထားပြီး ခပ်ကွာကွာ နေကာ စားနေကြသည်။ အာလုံးက စကားမပြောပဲ ငြိမ်လွန်းတော့ နေခြည် နေရခက်လာသည်။
"ဦးလေး သမီး ဘာကူ..."
"ရပြီ သမီးက ဘာမှ လုပ်စရာမလိုဘူး။" စိတ်ပဲ ဆိုးနေသလား၊ အချစ်ဦးဆိုတဲ့ အထင်မှားနေတဲ့ လူအိမ်မှာ အိပ်ခဲ့တယ် ဆိုပြီး သိလိုက်ရလို့လား။ အမှန်ကိုသာ ပြောချင်တာ။ ပြောဖို့ ဟတိုင်း ဘေးက ထွန်းမြတ်က တံတိုင်းတခုလို ကြား ထဲမှာ လိုက်လိုက်ပိတ်နေသည်။ သူသိနေသလော။ ထိုနှင့် ညကျတော့ နဂိုပင်ညအိမ်ရှေ့က မြက်ခင်းပေါ်တွင် တပင်ခွေ၊ ညာ တံတောင်ထောက်၊ မေးတင်ကာ အလင်းလာရာ တဝက်သာရှိတော့သည့် လခြမ်းကို ကြည့်ရင်း တွေဝေနေမိသည်။ ငယ်ငယ်က အဖေအရင်း သင်အင်နဲ့ အမေအရင်းအကြောင်းမေးတဲ့ သင်အင်သားတယောက်အိမ်မှာ အိပ်ခဲ့တယ်၊ ဒါကို သူငယ်ချင်း သင်အင် သားတယောက်အိမ် မှာ အိပ်သည်ဟု တည့်ပြောလိုက်လျှင် 'ဘာလို့အိပ်တာလဲ' ဆိုတဲ့အမေးကို ကာဖို့ တခြား အကြောင်းလည်း မရှိ၊ ရှိခဲ့လျှင် အသေအချာ အဓိပ္ပာယ် မဲ့နေလိမ့်မည်။ ထွန်းမြတ်အိမ်မှာ အိပ်ခဲ့သည်ဟု ပြောလိုက်လျှင်လည်း မြို့က အိမ်နှင့် နည်းနည်းလှမ်းလို့သာတော်တော့သည်။ ဒါတောင် နာမည်ဆိုးက အမှန်အကန်ထွက်ဦးမှာမို့လို့ စိတ်ညစ်ရဦးမည်။ မပြီးသေး၊ သင်အင်သားတို့ရဲ့ အုပ်ချုပ်မူက လွတ်မြောက်က လမ်းကြောင်းကတော့စနေပြီ၊ ဒါကို နေခြည် မသိတာမဟုတ်၊ သိသည်။ သို့သော် သင်အင်မြို့တော်မှာ ကျူံးသားတွေ ရှိမယ်ဆိုတောင် ဆယ်ဂဏန်း ပေါ့။ ဒါက ထောင်ဂဏန်းရှိတဲ့ သင်အင်သားတွေရဲ့ လွတ်အောင် ဆယ်ဂဏန်းနဲ့ အစီအစဉ် လုပ်တာဟာ ရယ်စရာ မကောင်းလွန်းဘူးလား၊ ပိုပြီး နားလည်အောင်ပြောရရင် ဒါကို အစတောင် ဖြောင့်ပါ့မလား။ ရူပ်ရူပ်ထွေးထွေး စဉ်းစားနေရင်း နေခြည်က သက်ပြင်း ချမိသည်။
ESTÁS LEYENDO
မီးငှက်လေး ပျံသည့်ပမာ
Ciencia Ficción"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...
