ထို အဖြစ်အပျက် မှာ ၁၄နှစ်တာ ကြာမြင့်ခဲ့ပြီ။ သို့ပေသော်ငြား အရွယ်ရောက်ပြီးသား သူတယောက်အတွက်ပင် ယခုထိ ရှင်းရှင်းလင်းလင်း ပြန်မြင်ဆဲ။ နာကြည်းမူ၊ မုန်းတီးမူ နှင့် သောကအလွမ်း တို့လည်း ယခု ထိ မပြောတော့သည့်တိုင်အောင် ပြည့်နှက်နေသေးသည်လို့ သတ်မှတ်လို့ ရသေးသည်။
မျက်နှာ ပင် သဲသဲ ကွဲကွဲ မသိတော့သော ကျေးဇူးရှင် ဖခင်မှာလည်း ကျွန်မ စမှတ်မိခါစကပင် ပြန် မပေါ်လာပေ။ လက်တွင် သင်္ကေတ ရေးထိုးထားသည့် လူယောင်ဆောင် ဘီလူးတယောက်သာလျှင်ပင် ကျွန်မကို ဖြေဆို နိုင်မည် ထင်လေသည်။
ထိုညက အဖြစ်အပျက် နှင့် နောက်ဆက်တွဲ အတွေး များတွေးလျက်ရှိသော ကျွန်မ ၏ ခြောက် သွေ့နေသောမနက်ခင်း ကို ဝင်ရောက် လာသည် မှာ ကျွန်မ ၏ ညီမပမာ ချစ်ရသော အငယ်ဆုံး ညီမလေး ကြယ်ဖြူလင်း၊ နာမည်နှင့်လည်း လိုက်ဖက်ရအောင် ဖြူစင်သည်၊ အသားမှာလည်း ညီအမ လေးယောက် ထဲတွင် အကြည်ဆုံး၊အဖြူဆုံး၊ သို့နှင့် မပြီးသေး အငယ်ဆုံးမို့လည်း ကြယ်ကလေး ဟု ချစ်စနိုးနှင့်ခေါ်သည်။
" မမရေ... ထတော့ မြစိမ်းရည် က မနက်စာ ပြီးပြီ၊ မနေ့ညကကော နေလို့ကောင်းရဲ့လား မမရဲ့"
ကြယ်ကလေးက ကျွန်မလဲနေသော အိပ်ရာ ရှေ့တွင် သူ့၏ နက်မှောင် သော ပိုးပိတုန်း ရောင် ဆံပင် ရှည်ကို လက်ဖြင့် အညင်အသာ သက်လျက်
"လာပြီ ကြယ်လေးရေ။ အမလည်း နေလို့ထိုင်ကောင်းပါပြီကွယ်။"
ကျွန်မလည်း ထလိုက်တော့သည်။ နေခြည်ဦး ဆိုနာမည်ရလာသော အကြောင်း ဖန်လာတဲ့ ထူးဆန်းလာသော ကျွန်မ၏ နီ ရဲရဲလို၊ လိမ္မော် တောက်တောက်လို ဂုတ်ဝဲဆံပင် ညာ ဘက်ခွဲ ထိပ်ဆံစကို ကျစ်ဆံမြီး ကျစ်လိုက်ပြီး ကြယ်လေးနှင့် စားခန်း သို့သွားလိုက်သည်။
ကနြေ္ဒကြီးသော ဒုတိယအငယ်ဆုံး မြစိမ်းရည်၊ သိမ့်မွေ့မူအပေါင်းနှင့်ပြည့်စုံလေသော ကျွန်မ ထက် လပိုင်းသာငယ်သည့် ဝါဝင်းလဲ့ နှင့် ဖခင်တဖွယ် အရာရာကို ကူညီပေးခဲ့ပြီး ယခု နာမကျန်း ဖြစ်နေသည့် ဦးလေး စိန်ဝင်း တို့အသင့်စောင့်လေသည်။ နောက်ကျမှ ထသော ကျွန်မ အနေနှင့် ချစ်ရသောသူများ ကိုယ်ကြောင့် မစားရသည်ကို ရိမ်မိသဖြင့် ခပ်သုတ်သုတ်ပင် စားပွဲဝိုင်းထဲ ထိုင်လိုက်ကာ
"စုံစုံညီညီ စားကြရအောင်"
ဟု အစပျိုးပြောလိုက်သည်။ ရိုးရိုးသားသားပြောရသော် ကျွန်မတို့သည် မနက်စာကိုစားပြီးလျှင် ကျန်သော အချိန်မှာ ဟင်းက တပွဲ ပါဖို့ပင် ကံကောင်းလွန်းလာသည်။
ကျွန်မတို့ "ကျုံး" အုပ်စုဖွားတို့သည် အနေအထိုင်ဆင်းရဲသည်။ သာမန်မှာ တနေ့လုပ်မှ တနေ့စားဘဝ။ အခြေအနေပို၍ ဟန်သော သူများဆိုလျှင်သာ သုံးရက်စာ လေးရက်စာကာမိလေရုံသာ။ ကျွန်မ နေသော အုပ်စုမှာ အခြေအနေပို ဟန်သောမိသားစုပင်။ အမဲလိုက် ကျွမ်းကျင်သော အမကြီး အမိရာ ကျွန်မ ရှိသည်ကတကြောင်း၊ သစ်သီးဝလံ ဟင်းသီးဟင်းရွက်ကောင်းစွာနားလည်၍ ပူးပေါင်းစိုက်ပျိုးသော ဦးလေးနှင့် မြစိမ်းရည် က ကူညီနေသည်က တကြောင်း အတော် အတန်အဆင်ပြေနေသည်ဟု ဆိုရမည်။ ဒီလောက် အဆင်ပြေနေသည့်ကြားက ဟင်းက ဘာလို့ မပါနိုင်ရသနည်း ဟုမေးရလျှင် အကြောင်းအရင်းတခုတည်းသာ။ ခေါင်းပုံဖြတ်သော လောဘသား "သင်အင်" အုပ်စုကြောင့်။ နေလောင်မခံ၊ မိုးရွာမခံ၊ အေးသည့် ဒဏ်ကို တခုတလေမျှ မခံနိုင်သော ဖြူဖျော့ဖျော့အဆင်းနှင့် အရောင် အဆင်းမရှိသော လူသားတို့သည် အရောင်အဆင်းပေါင်းစုံနှင့် ညီညွတ်ကြသည့် "ကျုံး" အုပ်စုကို မတရား အုပ်ချူပ်လေသည်။လွန်လေပြီးသော နှစ်၃၀၀၀နီးပါးလောက်က လူသားတို့သည် မတည့်မတည့်ဖြစ်သောကြောင်း ဂိုဏ်း အသွင် နှစ်ဂိုဏ်း ခွဲထွက်သွားသည်။ သင်အင်တို့မည်သည်မှာ ဒုက္ခ ကို မခံနိုင်သလောက် ဉာဏ်ဖြင့် ဘာမဆိုကိုအောင်မြင်သည်ကို ယုံကြည်သူများ၊တဖက်က ကျုံးကလည်း မိမိတို့သည် စိတ်ဓာတ်၊ညီညွတ်မူသာ လိုသည်ဟုခံယူများသာ။ ထိုအချိန် နည်းပညာတိုးတက်သည့်အလျောက် တိုးတက်သော်လည်း သင်အင်တို့ဘက်မှာ တပန်းသာကာ ကျုံးတို့ကို ခေါင်း မမော့လောက်နိုင်အောင် ကြီးစိုးနေခဲ့သည်။ ထို အချိန်မှ စ၍ ယနေ့ထိတိုင် လက် သီး တချက် ထိုးပင် အသက်ပါလောက်သော သင်အင်တို့ကို သခင်သဖွယ်ဆက်ဆံကာ သူတို့ကလည်း ကောင်းပေ့ ဟူသမျှ အခွန် အနေနှင့် သိမ်းလျှင်သိမ်း မသိမ်းလျှင် အိမ်ရှိ စိတ်ကြိုက် လူတဦး ကျွန်အနေဖြင့် လက်ထိပ်ခတ်ခေါ်သွားလေသည်။ယခုမှာ ၅၀၁၉ အေဒီပင်ရောက်နေလေပြီ။ယခုထိ ခေါင်းပြန်မမော့နိုင်ကြသေး၊ တခုခု ပူးပေါင်းကြံစည်မည်ဆိုသော် သွေးခွဲ ၍ သေကြေပျက်စီးခဲ့ရသည်က များသည်။ ထိုသို့ အကြောင်းအရာများကိုလည်း မည်သူ့မှ အသိမပေးနိုင်။ သင်အင်တို့ဆီမှ ခိုးဝှက်ကာ ဖတ်ခဲ့ရသော စာတို့မှ သိခဲ့ရချည်းများသာ၊ စာတတ်ပေတတ် ဦးလေး စိန်ဝင်း ကိုလည်း တဖက်မှ လိုက်လိုက်လှဲလှဲ ကျေးဇူးတင်လွန်းလှသည်။
VOUS LISEZ
မီးငှက်လေး ပျံသည့်ပမာ
Science-Fiction"သင်အင်" ဆိုတဲ့ သခင်အုပ်စုနှင့် "ကျုံး" ဆိုတဲ့ ကျွန်အုပ်စု တဖက်က ပြည့်စုံ ချမ်းသာခြင်းနှင့် သာယာခြင်း တဖက်က သောကပေါင်းများစွာနဲ့ အရာရာ မနည်းရုန်းကန်ရတဲ့ဘဝ ဒီ ဆန့်ကျင်ဘက် နှစ်အုပ်စုကြားမှာမွေးဖွားလာတဲ့ ကပြား တယောက် နဲ့ ဘယ်လို ရုန်းကန်ရမလဲ ဆိုတာ... ကြ...
