*1*uni

953 39 2
                                    

Bam Bam စိတ်​တွေ အလွန်​လှုပ်​ရှား​နေသလို အစ်​ကို Ji Hyun ပြန်​မလာပါ​စေနဲ့လည်းဆု​တောင်းမိ​နေသည်​။

အစ်​ကို Ji Hyunက သူ့ထက်​၈နှစ်​မျှကြီးသည်​။

အစ်​ကို Jae Hyunက​တော့ ၅နှစ်​ပေါ့။

အရင်​က သူတို့ Song gp မှာ အ​တော်​အတန်​နာမည်​ရ​သောကုမ္ပဏီဖစ်​ပေမယ့်​ယခုမှာအစ်​ကို Ji Hyun ၏ အထိန်းအသိမ်းညံ မှု အခွန်​ငွေ​တွေ အလွဲသုံးစားလုပ်​မှု​ကြောင့်​အခွံသက်​သက်​သာကျန်​တော့သည်​။

အဲကိစ္စကို​ဖြေရှင်းရန်​မိသားစုအားလုံး တိုင်​ပင်​သည့်​အ​ဖြေက သူတို့ထက်​အင်​အားကြီး ကုမ္ပဏီဖြစ်​သော MK gp မှ အကူအညီယူရန်​ဖြစ်​သည်​။

အကူအညီဟုဆို​သော်​လည်း တကယ်​တမ်း​ပြောရရင်​သူ့ဘဝနှင့်​ကုမ္ပဏီ ကို အလဲအထပ်​လုပ်​ရ​တော့မည်​။

"တီး.....​တောင်​"
တံခါးဘဲလ်​သံသည်​ယ​နေ့အတွက်​တော့ သူ့အတွက်​ခြောက်​ခြားစရာ တစ်​ခုဖြစ်​နေသည်​။

တံခါးဘဲလ်​သံကြားကြားခြင်း Song သခင်​မ မျက်​နှာသည်​ရေငတ်​နေသူ​ရေတွင်း​တွေ့သည့်​အလား ဝင်းပလာပြီး​နောက်​

"Bam Bam မင်းကို အ​မေယုံမယ်​နော်​"

Song သခင်​မသည်​ခါတိုင်းခါမူ သူ့ကိုယ်​သူ လူ​အများ​ရှေ့မှလွဲရင်​အ​မေဟူသည့်​နာမ်​စားကို မသုံးခဲ့ဘူး​ပေမယ့်​ယခု​တော့ ကိုယ်​ကျိုးအတွက်​အ​မေဟူသည့်​နာမ်​စားကိုပင်​သုံး​နေသည်​။

"Da Hyun​လေးက အသက်​မပြည့်​သေးလို့ မင်းကို​အကူအညီ​တောင်းရတာပါ"

အဲတာဆိုရင်​အစ်​ကိုနှစ်​ယောက်​ကို ဘာ​ကြောင့်​မလုပ်​ခိုင်းတာလဲဟု​မေးလိုက်​ချင်​သည်​။

Da Hyun အသက်​၁၈ နှစ်​မပြည့်​ဟူ​သော အ​ကြောင်းပြချက်​ကြောင့်​ကျွန်​တော်​လို​ယောင်္ကျားတစ်​ယောက်​က အခြား​ယောင်္ကျားနှင့်​အတူ​နေရ​တော့မှာလားဟု​မေးလိုက်​ချင်​သည်​။

စိတ်​ကို အတည်​ငြိမ်​ဆုံးထားပြီး ပျားသံပရာရည်​ခွက်​ကို ကိုင်​ကာ အ​ပေါ်ထပ်​သို့ တစ်​လှမ်းချင်းတက်​ခဲ့သည်​။

Innocent Boy {Z+U}(complete)Where stories live. Discover now