*8*zawgyi

253 13 0
                                    

မြူးမြူးကြွကြွ သံစဉ်​တွေကလည်း Mark ၏ စိတ်​ကိုလန်းဆန်းသွား​အောင်​မစွမ်းနိုင်​။

ထို့အတူ​ဘေးနားက မိန်းမပျိုနှစ်​ယောက်​ကလည်း Mark ၏ စိတ်​ထဲမှာ ရှိ​နေတဲ့ လူသားကို​မေ့​ဖျောက်​နိုင်​အောင်​မစွမ်း​ဆောင်​ပေးနိုင်​ချေ။

"Shit ဘာလဲကွာ"
Mark.​ပြောလိုက်​သော အသံ​ကြောင့်​သူ့ရင်​ဘက်​ပေါ်မှာ​ပြေးလွှား​နေတဲ့ မိန်းက​လေးလက်​ကလည်း ရပ်​တန့်​သွား​လေသည်​။

"မင်းတို့သွားလို့ရပြီ"

သူ​ပြောလိုက်​တော့​ကောင်​မ​လေးနှစ်​ယောက်​လည်း အနားကထွက်​သွား​လေသည်​။

နှစ်​ပတ်​သူဒီလိုဖြစ်​နေတာ နှစ်​ပတ်​ရှိပြီ

ဟိုက​လေးကို အလုပ်​စသွားကြိုမိတဲ့​နေ့ကတည်းက စဖြစ်​နေတာ

အလုပ်​သွားကြိုတိုင်း ဟို​ကောင်​မ​လေးနဲ့ တွဲမြင်​လာရင်​စိတ်​တွေ မဟားတရားတိုလာပြီး Bam Bam ကသူ့အပိုင်​ဆိုတာပြချင်​မိတဲ့စိတ်

သူမနက်​ခင်းအလုပ်​သွားဖို့ သူ့ကိုအဝတ်​အစားဝတ်​ပေးတဲ့အခါ အ​ပေါ်စီး မှ မြင်​နေရတဲ့​ကောင်​လေးနှုတ်​ခမ်းကို ကြည့်​မိတဲ့ နမ်းချင်​လာတဲ့စိတ်

သူအလုပ်​ခိုင်းတဲ့အခါ​ကြောင်​တောင်​တောင်​နဲ့ သူလာကြိုတိုင်းပြူး​ကြောင်​ကြောင်​နဲ့ ဖြစ်​နေတဲ့​ကောင်​လေးကို မြင်​တိုင်း​ပွေ့ဖက်​မွှေ့ယမ်းချင်​တဲ့စိတ်

အဲစိတ်​တွေက ဘယ်​လိုမှဖျက်​လို့မရ

ကလပ်​လာလို့​ဆော်​အလန်း​တွေ​တွေ့လည်း​ကောင်​လေးကိုပဲမြင်​ယောင်​နေတဲ့စိတ်

သူ့နားရစ်​ဝဲ​နေတဲ့ မိန်းမပျို နှုတ်​ခမ်း​လေး​တွေကိုမြင်​လည်း​ကောင်​လေးရဲ့ နှုတ်​ခမ်းသား ပြည့်​ပြည့်​ဖောင်း​ဖောင်း​လေး​တွေကိုပဲမြင်​ယောင်​မိပြီး

လက်​ရဲဆက်​ရဲ​အထာ​ပေး​နေတဲ့​ကောင်​မ​လေး​တွေကိုမြင်​လည်း သူ့ကိုမြင်​တိုင်း လန့်​လန့်​သွားတဲ့​ကောင်​လေးကိုပဲမြင်​နေတဲ့အဖြစ်

ဟူး.......သူဆုံးဖြတ်​ချက်​တစ်​ခုချပြီး ကား​သော့ဆွဲကာ ထွက်​လာခဲ့​တော့တယ်​....

Innocent Boy {Z+U}(complete)Where stories live. Discover now