လက်ထပ်ပြီးတော့ သူတို့ Song အိမ်မှာသာနေရန်ဆုံးဖြတ်လိုက်သည်။
အစက Mark ကသူတစ်ဦးတည်းနေသည့်ကွန်ဒိုမှာနေရန်ဆုံးဖြတ်ထားသော်လည်း Song မိသားစု၏ အကြံကိုသိသောကြောင့်သူတို့သားကို သူတို့ရှေ့မှာတင်နှိပ်စက်ပြပြီး သူတို့အပိုင်ဖမ်းခြင်းကိုနောင်တရအောင်လုပ်မည်ဟု စဉ်းစားသောကြောင့်Song အိမ်တော်မှာနေရန်သာဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။သူလက်ထပ်လိုက်တာကိုလည်း သူ့မိဘတွေမသိ သူ့အတွင်းရေးမှုးရယ်ဒရိုက်ဘာရယ်သာသိသည်။
လက်ထပ်ပြီးတော့ဟန်းနီးမွန်းလဲမထွက်တော့ပဲနေလိုက်သည်။
"ဟို ....ဦးရေချိုးတော့မလားဟင်"
ဦး......ဒီနာမ်စားက အသက်၁၈နှစ်သာရှိသော BamBam က၃၀အရွယ်Mark ကိုခေါ်သောနာမ်စားလေးဖြစ်သည်။
Markက Song သခင်မ ယခုသူ့အမေ အမည်ခံ သူ၏မောင်သူ့တို့လေးလေးနှင့်အသက်တူတူဖြစ်၍ Markကိုသူနှင့်Da Hyun က"ဦး"ဟုသာခေါ်ကြသည်။
"မင်းအရင်ချိုးလိုက်.....ပြီးရင်ငါချိုးဖို့အဆင်သင့်လုပ်ထားပေး"
ယခုသူတို့နေသောအခန်းသည်အရင်ကBam Bamနေခဲ့သော စတိုခန်းသာသာရှိသည့်အခန်းမဟုတ်ရေချိုးခန်းအိမ်သာ boiler ပါ ပါသော ပြည့်စုံသည့်အခန်းဖြစ်သည်။
ဝရန်တာပါ ပါသေးသည်။ဆောင်းရာသီဖြစ်ပေမယ့်ရေနွေးစပ်ချိုးရသောကြောင့်အရင်ကလိုမအေးပေ
BamBamရေချိုးပြီးတော့ တစ်ခါတည်းဦးအတွက်ပြင်ပေးထားသည်။
"ဟို......ဦးရေချိုးလို့ရပြီ"
Mark ဒီနေ့ကုမ္ပဏီမသွားနိုင်၍ အတွင်းရေးမှုးပို့ထားတဲ့ Mailတြွေပန်စစ်နေတုန်း အသံကြား၍မော့ကြည့်လိုက်တော့ ညအိပ်အပြာရောင်ဝမ်းဆက်လေးနှင့်ရေချိုးပြီးခါစ ကြည်လင်ရှင်းသန့်နေသော မျက်နှာကြောင့်ရုတ်တရတ်ငေးခနဲ ဖြစ်သွားရသည်။
ထို့နောက်ရေစက်လက်ဖြစ်နေသောကောင်လေးမျက်နှာကိုလည်း သတိလက်လွတ်ကြည့်နေမိသည်။"ဟို....ဦး ကျွန်တော်ညအိပ်ဝတ်ထုတ်ထားပေးမယ်နော်"
"အော်.....အင်းအင်း"
ကောင်လေးလာပြောမှဘဲ သတိဝင်တဲ့အဖြစ်
အခုသူက မိန်းကလေးတစ်ယောက်ကိုတောင်မျက်လုံးချင်းဆုံအောင်မကြည့်ဖူးတဲ့သူကယောင်္ကျားလေးတစ်ယောက်ကို သတိလက်လွတ်ငေးနေမိတာလား"ဟို.....မင်းတို့အိမ်မှာအိပ်ရာအပိုရှိလား"
"ဟုတ်ဦး"
"ရှိရင်မင်းအောက်မှာဆင်းအိပ်ပေးလို့ရမလား ငါ တခြားသူနဲ့မအိပ်တတ်ဘူး ပြီးတော့ ငါတို့ဒီလိုအိပ်တာပိုအဆင်ပြေမယ်ထင်တယ်"
"ဟုတ်ကျွန်တော်အိပ်ရာ ခင်းအိပ်လိုက်ပါမယ်"
ပြီးနောက်Mark လည်းရေချိုးခန်းထဲဝင်လာခဲ့သည်။
ရေချိုးခန်းထဲကိုရောက်တော့ရေပူရေအေးကလည်းစပ်ထားတာအနေတော်
တပတ်bathrobe ကလည်းအဆင်သင့်
သူဋ္ဌေးသားဖြစ်ပြီးဒါတွေလုပ်တတ်သည့်ကောင်လေးကို မဆိုးဘူးဟု သူချီးကျူးမိသည်။သူရေချိုးခန်းကထွက်တော့ကောင်လေးက ကုတင်ဘေးနားမှာ အိပ်ရာခင်းပြီးအိပ်နေလေပြီ။
ကုတင်ပေါ်မှာက လည်း ညအိပ်ဝတ်စုံကိုထုတ်ပေးထားသည်။
ဟိုကောင်လေးကိုကြည့်လိုက်တော့ အသက်ရှုသံဖြည်းဖြည်းနှင့်အိပ်ပျော်နေပြီထင်တယ်။
သူ့မျက်နှာကိုလှမ်းကြည့်လိုက်တော့ မျက်ရည်စီးကြောင်းနှစ်ကြောင်းက ပါးပြင်ထက်မှာခြောက်သွေ့နေတာ မပိတ်ထားသော အခန်းမီးရောင်အောက်မှာ အထင်းသားဖြစ်နေသည်။:အားတင်းထားပေါ့ကောင်လေးရေ မင်းမိဘတွေနောင်တရအောင်လုပ်ဖို့ အခုမှအစပဲရှိသေးတဲ့အတွက်:
Mark စိတ်ထဲမှပြောနေမိသည်။ကုတင်အောက်ကကောင်လေးရဲ့မျက်ရည်ကတော့ သူ့အတွက်ပြင်ဆင်ပေးရလို့အောက်မှာအိပ်ရလို့ကျတဲ့မျက်ရည်မဟုတ်ဘဲ တစ်သက်နဲ့တစ်ကိုယ်ဒီလိုကောင်းတဲ့အခန်းထဲမှာ အပူပေးစက်နဲ့နွေးနွေးထွေးထွေးအိပ်ရလို့ဝမ်းသာပြီးကျတဲ့မျက်ရည်ဆိုတာ ကုတင်ပေါ်က ဦးတစ်ယောက်မသိနိုင်ခဲ့ပါ။
********
တိုတယ်နော်
ရှောင်လင်သိုင်းကွက်တွေနှင့်အမြန်ရေးပြီးတင်လိုက်ခြင်းပါAhgasestay💓💓💓
26.5.2019