နံနက်ခင်းနေရောင်ခြည်နှင့်အပြိုင်ငှက်ကလေးများ၏ ကျာကျာကျီကျီအော်မြည်သံကြောင့်Mark တစ်ယောက်နိုးလာခဲ့သည်။
နာရီကြည့်လိုက်တော့ ၆နာရီခွဲဟိုကောင်လေးကိုကြည့်လိုက်တော့အိပ်နေတုန်း
သူ့လို့ထနေကျအတွက်က ၆နာရီခွဲထတာက မထူးဆန်းပေမယ့်ဟိုကောင်လေးလို သူဋ္ဌေးသားအတွက်ကတော့စောနေလိမ့်မည်။အဲလိုပြောလို့သူကသူဋ္ဌေးသားမဟုတ်ဘူးဆိုတော့လားဆိုတော့လည်း
သူက Song အိမ်ထက်စာရင်ချမ်းသာသည်ဟုဆိုရမည်။ပြီးလျှင်သူကကောင်လေးတို့လို မြီးကောင်ပေါက်အရွယ်မှ မဟုတ်တော့တာ
ရင့်ကျက်သင့်သည့်ထိပ်စီး ၃ဂဏန်းကိုပိုင်ထားရပြီမလား
ဒီတော့စောစောထတာလည်းအကျင့်ဖြစ်နေပြီလေ သူ့လိုလုပ်ငန်းရှင်တစ်ယောက်အတွက်Sorry ပါကောင်လေးရေ ဒီနေ့ဒီအချိန်ကစပြီး မင်းနေ့တိုင်းရနေတဲ့ စည်းစိမ်ခံရတော့မှာမဟုတ်လို့
ငါကလည်းမင်းမိဘမဟုတ်တဲ့အတွက်မင်းကိုကျောင်းသွားခါနီး နာရီဝက်အလိုမှထခိုင်းပြီး မနက်စာစားပြီးကျောင်းသွားခိုင်းမှာမဟုတ်တဲ့အတွက်သူကောင်လေးပေါ်ကစောင်ကိုဆွဲခွာလိုက်တော့
အအိပ်မက်မယ်ထင်ရပေမယ့်အအိပ်ဆတ်တဲ့ကောင်လေးက နိုးလာခဲ့သည်။"ငါကုမ္ပဏီမသွားခင်စားဖို့ မနက်စာပြင်ပေးတော့....အော်ထမင်းနော်ငါတခြားဟာတွေ မစားတတ်ဘူး ပြီးတော့ မင်းကိုယ်တိုင်ပြင်ပေးတာပိုကောင်းမယ်"
သူပြောလိုက်တော့ကောင်လေးက အထွန့်မတက်အလျှင်အမြန်ပင်ထကာ သူ့အိပ်ရာရော ကိုယ့်အိပ်တဲ့အိပ်ရာပါ ခနထဲနဲ့သိမ်းသွားပြီးရေချိုးခန်းထဲကိုလည်း လျှပ်စီးလိုဝင်ကာအောက်ထပ်ကိုအပြန်ပြေးဆင်းသွားခဲ့သည်။
......
BamBamအောက်ထပ်ရောက်တော့ အိမ်အတွက်မနက်စာကိုအလျှင်အမြန်လုပ်ရသည်။
တော်သေးတယ်အဒေါ်ကြီးရောက်နေပြီမလို့