ဧည့်ခန်းထဲရှိလူအားလုံးသည် Videoပြမည့် laptopကိုသာစိတ်ဝင်စားနေကြသည်။
Song သခင်ကြီးကလည်း ချောင်းအသာဟန့်ရင်း video ကို ဆက်ကြည့်သည်။
Markရဲ့ အဖေကလည်းနားနေရာမှ ထွက်လာပြီးကြည့်သည်။ထိုအထဲမှနှစ်ယောက်သာ မျက်နှာအပျက်ပျက်ဖြစ်နေကြသည်ကိုတွေ့ရမည်။
videoသည် .........
Mark ကုမ္ပဏီတစ်ခုက ပွဲရှိလို့ပြန်လာပြီး ခေါင်းနှောက်၍ အဒေါ်ကြီးကို သံပရါရည်ဖျော်ခိုင်းလိုက်သည်။
Mark အပေါ်ရောက်တော့ ဖုန်းမြည်သံကြား၍ကြည့်လိုက်တော့ ၀င်လာတာက အဒေါ်ကြီး ဖုန်း
တကယ်တမ်းပြောရရင် Mark ကြောင်သွားမိသည်။
တစ်အိမ်တည်းနေတဲ့ အဒေါ်ကြီးကဘာလို့ဖုန်းဆက်လဲဆိုပြီးတော့"အန်တီဘာဖြစ်လို့"
"သားရေ သံပရါရည်က အငယ်လေးကသူဖျော်ပေးမယ်တဲ့ အန်တီလည်းမတတ်သာရတာနဲ့ ပြီးတော့အငယ်မလေး သံပရါရည်ထဲတစ်ခုခုထည့်တာတွေ့လိုက်လို့ သားကို သတိထားစေချင်လို့ပါ"
ထိုအချိန်တွင် Da Hyun ၀င်လာ၍ လက်ကာပြလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ"
Da Hyun ကဟော့ဟော့ရမ်းရမ်းနိုင်လှပေမယ့် အခုလိုသူ့အစ်ကို အခန်းထဲ သူ့ခဲအို တစ်ယောက်တည်းရှိနေချိန် မ၀င်လာသင့် အထူးသဖြင့် ဒီလိုဝတ်စားပြီး မ၀င်လာသင့်ဟု Mark ထင်မိသည်။
သူမ စိတ်ကျေနပ်အောင် သံပရါရည်ကိုတစ်ငုံသောက်ပြလိုက်ပြီး သူမထွက်သွားတာနဲ့ အခန်းတံခါးလော့ချကာ သန့်စင်ခန်းထဲဝင်ပြီး ထိုးအန်လိုက်သည်။
ကျန်တဲ့သံပရါရည်ကိုလည်း ဘူးထဲထည့်ထားလိုက်သည်။ဘာဖြစ်လာမလဲကြိုမသိ၍ laptop က ရှေ့ကင်မရာဖွင့်ပြီး အမူးပျောက်ဆေးသောက်ကာ ၀င်အိပ်နေလိုက်သည်။
ခနကြာတော့ Da Hyun ၀င်လာကာဘာတွေ အိပ်ရာပေါ် ဖြန်းပက်နေလည်းမသိ ထို့နောက် သူ့အားဖက်ကာ
"မနက်ဖြန်ဆို ဉီးက သမီးအပိုင်ပဲ"
(ဆုတောင်းလေ ပူပေါင်းတောင်မရဘူး)သူမသိသလို အိပ်ချင်ယောင်ဆောင်နေပြီး Da Hyun အိပ်ပျော်သွားမှ အရင်က Bam Bam အိပ်ခဲ့သော တစ်နည်း ယခု နောက်အဒေါ်ကြီးတစ်ယောက်အခန်းမှာ အကူအညီတောင်းကာ သွားအိပ်နေလိုက်ပြီး မနက်အစောမှ အခန်းထဲရေ၀င်ချိုး အ၀တ်အစားလဲကာ လေဆိပ်သွားခဲ့ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/187214414-288-k444972.jpg)