*5*uni

469 41 6
                                    

Mark​အောက်​ထပ်​ဆင်းလာ​တော့ တစ်​ခုခုကို​ပြော​နေကြတဲ့ Song သားအမိ​တွေက တန်းတိတ်​သွားသည်​။

ကြည့်​ရတာ သူတို့သားကိုမနက်​စာလုပ်​ခိုင်းလို့​နေမှာ​ပေါ့

Mark အ​တွေးနဲ့ကွဲလွဲစွာ သားအမိ​တွေ​ပြော​နေကြတဲ့အ​ကြောင်းက လက်​ထပ်​သွားတဲ့ Bam Bamတစ်​ယောက်​သူ့ အလုပ်​တွေ အကုန်​လစ်​ဟင်း​နေလို့ အပြစ်​ပြော​နေကြခြင်းဖြစ်​သည်​။

သိပ်​မကြာပါ​ကျောင်းအင်္ကျီ​လေးနဲ့ Bam Bam ကဆင်းလာပြီး ထမင်းဝိုင်းပြင်​နေသည့်​အ​ဒေါ်ကြီးကိုကူ​ပေး​နေသည်​။
Mark စိတ်​ထဲထူးဆန်းသွားသည်​။
ဘာဖြစ်​လို့ဆို Bam Bam အလုပ်​လုပ်​နေတဲ့ပုံက ပုံမှန်​လုပ်​နေကြလိုဖြစ်​နေလို့​လေ

ထမင်းစား​တော့ မိသားစုစုံတုန်းBam Bam ကိုခိုင်းပြချင်​တာနဲ့

"Bam Bam ငါ့ကို အသီး​ဖျော်​ရည်​လေးတစ်​ခွက်​လုပ်​ပေး...ပြီး​တော့မှတ်​ထား ငါမနက်​စာစားတိုင်းလုပ်​ထား​ပေး"

"ဟုတ်​....ဦး"
Mark ကို​ပြောပြီး Bam Bamလည်းရှိတဲ့အသီးကိုအ​ရည်​လုပ်​ပေးပြီး ထမင်းစားမလို့ပြင်​နေတုန်း

"အာ....​မေ့သွားတာငါက ပန်းသီး​ဖျော်​ရည်​ပဲ​သောက်​တာ"

"ဗျာ...ဟိုပန်းသီးကအခုအိမ်​မှာမရှိလို့ ဦး​သောက်​ချင်​ရင်​ကျွန်​တော်​အမြန်​သွားဝယ်​"

"​နေပါ​စေ...​နောက်​နေ့မဖြစ်​စေနဲ့ အခု​တော့မင်းလည်းထမင်းစား​တော့ ငါလိုက်​ပို့ရမှာဆို​တော့"

"ဟုတ်​...ဟုတ်​ကဲ့ဦး"

အိမ်​သား​တွေက​တော့ သူတို့စကားဝိုင်းထဲမပါ...ဒါ​ပေမယ့်​မသိမသာအကဲခတ်​နေကြသည်​။

"​အော်​...ဒါနဲ့ မင်းက ဘာဖြစ်​လို့အချိန်​ပိုင်း အလုပ်​လုပ်​နေတာလဲ"

"ဟို...ဟိုအဲဒါက"

"သားက သူ့သူငယ်​ချင်း​တွေ လုပ်​တာမြင်​တော့ သူလည်း လုပ်​ချင်​လို့တဲ့​လေ အစက​တော့အန်​တီလည်းသ​ဘောမတူဘူး​လေ ဒါ​ပေမယ့်​သားက အစာအငတ်​ခံပြီး ဆန္ဒပြ​နေ​တော့ အန်​တီလည်းမလွဲသာလို့ ခွင့်​ပြု​ပေးလိုက်​ရတာ"
သူ့အ​မေကဝင်​ပြောလာသည်​။

Innocent Boy {Z+U}(complete)Where stories live. Discover now