အိမ်ထဲကနေသူဆွဲခေါ်လာလို့ကြောင်တောင်တောင်နဲ့ပါလာရှာတဲ့ကောင်လေးကို သူကားပေါ်ထိုင်ခိုင်းပြီးတာနဲ့ သူမောင်းသူဖက်ပြန်လာခဲ့တယ်။သူကားပေါ်ထိုင်ပြီးသည့်တိုင် Bam Bam ကခါးပတ်မပတ်ရသေး၍ သူပြုံးမိသွားသည်။
သူ့ကလေးကလေအဲလိုအလိုက်သိတာ သူအမြဲခါးပတ်ပတ်ပြီးအသားယူနေတာတောင်မငြိုငြင်တဲ့အပြင် သူနဲ့ကားစီးတိုင်းခါးပတ်ကိုကိုယ်တိုင်မပတ်ပဲသူပတ်ပေးတာပဲခံတော့တာ။
သူခါးပတ်ပတ်ပေးရင်း နဖူးနဲ့ နှုတ်ခမ်းကိုနမ်းတိုင်းလည်းအရှက်သည်းတတ်သေးတာ။
ဘယ်လောက်ပဲ အိမ်ထောင်သက်ကြာလာလို့ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းစွာရှိနေတာတောင်မှ Bam Bam ဟာအခုထိသူ့ကိုရှက်တုန်းပင်။
တခြားကလေးတွေ Bam Bam အရွယ်ဆို ရည်းစားသနာတွေထားလက်ရဲဇာတ်ရဲနဲ့ တစ်ချို့ဆို သူတို့ရည်းစားတွေနဲ့နောက်ဆုံးအဆင့်တောင်ရောက်နေကြပြီ။
အဲလိုကောင်လေးတွေမဟုတ်တောင် ယောင်္ကျားလေးဆိုတဲ့အမျိုးက ဒီအရွယ်ဆို လက်တပ်စမ်းချင်ကြတဲ့ကလေးတွေချည်း ကိုယ်တွေ့မဟုတ်တောင် video နဲ့ဖြစ်ဖြစ် လက်တည့်စမ်းလိုက်ရမှ
သူ့ကလေးကတော့အဲလိုမဟုတ် မိန်းကလေးသူငယ်ချင်းပဲရှိလို့လားမသိ အဲလိုမျိုးတွေမသိတဲ့အပြင်နမ်းတာတောင်ကိုယ်တွေ့မပြောနဲ့ ဇာတ်ကားထဲမှာပါတာတောင်မျက်နှာကြီးရဲကာမကြည့်တော့တဲ့ခလေး......တစ်ဆက်တည်းအဲလိုကောင်လေးကိုမှပိုင်ဆိုင်ရတဲ့သူ့ကိုယ်သူဂုဏ်ယူချင်လာသည်။
ကလေးရဲ့နေထိုင်ခဲ့ရတဲ့ပတ်ဝန်းကျင်ကြောင့်လည်းပါတာပေါ့....ကလေးအခုလို innocent လေးဖြစ်နေတာ...
အစကသူ့ကိုကလေးနှင့်ကြံခဲ့၍စိတ်တိုနေရပေမယ့်အခုတော့သူ့နေရာများတခြားသူသာဆိုရင်ဆိုတဲ့အတွေးတွေးမိသွားတိုင်း နှလုံးသားထဲကပါအောင့်လာသည်ဟုထင်ရသည်။