မြူးမြူးကြွကြွ သံစဉ်တွေကလည်း Mark ၏ စိတ်ကိုလန်းဆန်းသွားအောင်မစွမ်းနိုင်။
ထို့အတူဘေးနားက မိန်းမပျိုနှစ်ယောက်ကလည်း Mark ၏ စိတ်ထဲမှာ ရှိနေတဲ့ လူသားကိုမေ့ဖျောက်နိုင်အောင်မစွမ်းဆောင်ပေးနိုင်ချေ။
"Shit ဘာလဲကွာ"
Mark.ပြောလိုက်သော အသံကြောင့်သူ့ရင်ဘက်ပေါ်မှာပြေးလွှားနေတဲ့ မိန်းကလေးလက်ကလည်း ရပ်တန့်သွားလေသည်။"မင်းတို့သွားလို့ရပြီ"
သူပြောလိုက်တော့ကောင်မလေးနှစ်ယောက်လည်း အနားကထွက်သွားလေသည်။
နှစ်ပတ်သူဒီလိုဖြစ်နေတာ နှစ်ပတ်ရှိပြီ
ဟိုကလေးကို အလုပ်စသွားကြိုမိတဲ့နေ့ကတည်းက စဖြစ်နေတာ
အလုပ်သွားကြိုတိုင်း ဟိုကောင်မလေးနဲ့ တွဲမြင်လာရင်စိတ်တွေ မဟားတရားတိုလာပြီး Bam Bam ကသူ့အပိုင်ဆိုတာပြချင်မိတဲ့စိတ်
သူမနက်ခင်းအလုပ်သွားဖို့ သူ့ကိုအဝတ်အစားဝတ်ပေးတဲ့အခါ အပေါ်စီး မှ မြင်နေရတဲ့ကောင်လေးနှုတ်ခမ်းကို ကြည့်မိတဲ့ နမ်းချင်လာတဲ့စိတ်
သူအလုပ်ခိုင်းတဲ့အခါကြောင်တောင်တောင်နဲ့ သူလာကြိုတိုင်းပြူးကြောင်ကြောင်နဲ့ ဖြစ်နေတဲ့ကောင်လေးကို မြင်တိုင်းပွေ့ဖက်မွှေ့ယမ်းချင်တဲ့စိတ်
အဲစိတ်တွေက ဘယ်လိုမှဖျက်လို့မရ
ကလပ်လာလို့ဆော်အလန်းတွေတွေ့လည်းကောင်လေးကိုပဲမြင်ယောင်နေတဲ့စိတ်
သူ့နားရစ်ဝဲနေတဲ့ မိန်းမပျို နှုတ်ခမ်းလေးတွေကိုမြင်လည်းကောင်လေးရဲ့ နှုတ်ခမ်းသား ပြည့်ပြည့်ဖောင်းဖောင်းလေးတွေကိုပဲမြင်ယောင်မိပြီး
လက်ရဲဆက်ရဲအထာပေးနေတဲ့ကောင်မလေးတွေကိုမြင်လည်း သူ့ကိုမြင်တိုင်း လန့်လန့်သွားတဲ့ကောင်လေးကိုပဲမြင်နေတဲ့အဖြစ်
ဟူး.......သူဆုံးဖြတ်ချက်တစ်ခုချပြီး ကားသော့ဆွဲကာ ထွက်လာခဲ့တော့တယ်....
![](https://img.wattpad.com/cover/187214414-288-k444972.jpg)