"ကိုယ့်ပြန်အလာတောင်မစောင့်နိုင်တော့ဘူးလား ကိုယ်အတန်တန်ပြောခဲ့ရဲ့သားနဲ့ကိုကွာ"
သူ့ကလေးအား ဆူနေသော Mark၏ အသံမှာ ဂရုဏာဒေါသသံတွေပါနေကြောင်းကို
နားထောင်ကြည့်ရုံနဲ့ပင်သိနိုင်သည်။ကုတင်ပေါ်က အပြစ်ရှိသူကလေးကတော့ လက်မလေးနှစ်ဖက်ကိုပွတ်တိုက်ဆော့နေလျက်....
"ကိုယ်ပြန်လာမှ ချိုးရအောင်လို့ပြောခဲ့တယ်မလား"
ယခုပြဿနာမှာ ၉လထဲ၀င်ကာ နေသော ဗိုက်ပူလေးသည် Mark ကုမ္ပဏီသို့ဂျပန်မှလုပ်ငန်းရှင်တွေနှင့်သွားတွေ့သည့်၂နာရီအတောအတွင်း ရေချိုးထားသောကြောင့်ဖြစ်သည်။
တစ်ရက်တစ်ရက်စူလာသောဗိုက်နှင့် တနေ့တခြားယောင်လာသော ခြေဖမိုးတွေကြောင့် တစ်ယောက်တည်းဘာမှလုပ်ကိုင်ရန်အဆင်မပြေတော့ပေ...
ထို့ကြောင့်ယခင်လကပင် အိပ်ခန်းကိုတောင်အောက်ထပ်သို့ယာယီရွှေ့ထားရသည်။
လုပ်ကိုင်ရန်အဆင်မပြေသည့် အဆိုးလေးအား ထမင်းခွံ့ကျွေးတာကအစ ရေချိုးပေး အိမ်သာတက်သည်ကူညီပေး ဖိနပ်စီးပေး စသောကိစ္စရပ်များကို ကိုယ်တိုင်လုပ်ပေးထားသော်လည်း အခုခနအပြင်သွားရာတွင်အဆိုးလေးက ကိုယ်တိုင်ရေချိုးထားသည်။
ရေချိုးနေတာကအကောင်းပြီးသွားတော့အင်္ကျီသာ၀တ်လို့ရပြီး ဘောင်းဘီ၀တ်ဖို့အဆင်မပြေသောကြောင့်ဗိုက်ပူလေးမှာဒုက္ခရောက်တော့သည်။
အဒေါ်ကြီးတွေ၀တ်ပေးဖို့ကလည်းအဆင်မပြေလေ ....
Markပြန်လာတော့ အဆိုးလေးက အိပ်ရာထဲ၀င်နေပြီး ထုပ်လိုက်တော့မှ အင်္ကျီသာ၀တ်ထားပြီး အပေါ်ကbathrobeသာ၀တ်ထားသည်။
သို့သော်bathrobe မှာလည်း ပူနေသောဗိုက်ကလေးကြောင့်လုံလောက်စွာ မကာကွယ်နိုင်ခြေ....
ယခင်ကဆို နှာခေါင်းသွေးယို ထကြွဖွယ်အနေအထားဖြစ်သော်လည်း ယခုမှာတော့ စကားနားမထောင်သည့်အဆိုးလေးအား စိတ်ဆိုးချင်မိသည်။
"ဦးကလည်း ကျွန်တော်က ဦးပင်ပန်းမှာစိုးလို့ပါ..."
သူ့ကလေးဆီမှအသံထွက်လာတော့ ပြတင်းပေါက်ကို မျက်နှာမူကာ ခါးထောက်နေသော Mark မှလှည့်လာပြီး
![](https://img.wattpad.com/cover/187214414-288-k444972.jpg)