TVမှကိုရီးယား idolအဖွဲ့၏ သီချင်းသံကပျံ့လွှင့်နေသည်။
တစ်အိမ်လုံးကတိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေသည် မှာလူမရှိသည့်အလား.....
သီချင်းသံတိုးတိုးနဲ့ စီးမျောနေသည့်ခံစားချက်ကို ဖျက်စီးလိုက်သည်က ကျယ်လောင်သော ဖုန်းသံ...."ဟဲလို..."
ဖုန်းဆက်သောသူသည် ဘယ်သူလဲမသိ မမသည် Bam Bam အားတစ်ချက်ကြည့်ပြီး ၀ရန်တာမှ ထွက်ပြောနေသည်။
ဖုန်းပြောတိုင်းလက်အငြိမ်မနေသည့် မမကြောင့်ဝရန်တာရှိအပင်လေးတွေ အကောင်းအတိုင်းကျန်ရှိပါလေစွ
Bam Bam အခုရောက်နေသည်က အမေတို့အိမ် အိမ်ကအဒေါ်ကြီးတွေကို ခွင့်ပေးထားသော အိမ်မှာတစ်ယောက်တည်းမနေချင်၍ အမေတို့အိမ်လာနေခြင်းဖြစ်သည်။
အမေကဆိုင်သွား၍ အစ်မနဲ့သူနှစ်ယောက်သာရှိသည်။
လာနေသည့်သီချင်းကပြီးသွား၍ တခြားလိုင်းပြောင်းကြည့်နေသည်။
စီးပွါးရေးသတင်းတွေစိတ်မ၀င်စား၍ Dramaသာလိုက်ရှာနေမိသည်။
နာရီဝက်တစ်နာရီသာကြာမှ မမ က၀င်လာပြီး
"ငယ်လေး ဗိုက်ဆာနေပြီလား"
မမသည် အမေခေါ်သည့် ငယ်လေးဆိုသည့်နာမ်စားကို သူပါလိုက်ခေါ်ရင်း နှုတ်ကျိုးနေဟန်ရှိသည်။
နာရီကိုကြည့်တော့၁၁ခွဲ ဆေးသောက်ရတော့မည်ပဲ
"အင်း စားတော့မယ်လေ"
"အဲတာဆိုစောင့်အုန်းငါရှာဖွေလိုက်ဉီးမယ်"
မမသည်ပြောပြောဆိုဆိုနှင့် ထမင်းစားခန်းဝင်သွားခဲ့သည်။"ငယ်လေး ထမင်းသုတ်စားမလား ငါ ပါသုတ်လိုက်မယ်လေ"
"စပ်မယ်ထင်တယ် ရိုးရိုးပဲစားတော့မယ်"
"နင့်အတွက်ငရုပ်နှစ်မထည့်ပေးထားဘူး ငါနှယ်လိုက်ပြီနော်"
သူဟာသူပြောလည်းပြောလုပ်လည်းလုပ်နေသည့်မမပါ
မမသုတ်ပေးသည့်ထမင်းသုတ်က မစားဘူးလုပ်ပေမယ့် သားရေကျချင်စရာအတိ...ထို့ကြောင့် မမမှာနောက်ထပ် မလောက်လို့ထပ်သုတ်ပေးရတဲ့အဖြစ်....