ဦးရဲ့ ဒီနေ့ ငါ့ဧည့်သည်တွေ ညစာဖိတ်ထားလို့ ပြင်ဆင်ထားပေးဆိုတဲ့ စကားအောက်မှာ Bam Bam အချိန်ပိုင်းအလုပ်ပင် မသွားနိုင်ဘဲ ကျောင်းဆင်းတာနဲ့ ဈေးပြေးရပြန်ပါတယ်။
ဦးနဲ့ လက်ထပ်ပြီးတဲ့နောက်ပိုင်းသူ့ကံဇာတာတွေ အရမ်းကောင်းလာတယ် ပြောရမလား သူ့ဘဝက အရင်လောက်မဆိုးတော့ဘူးပြောရမလားဘဲ
အရင်ကဆို မိုးလင်းတာနဲ့ တစ်အိမ်လုံးစားဖို့ သူတို့အကြိုက်ပြင်ဆင်ပေးရတဲ့ကျွန်တော်ဟာအခုတော့ ဦးတစ်ယောက်တည်းအကြိုက်ပဲပင်ဆင်ရတော့တယ်
လူတိုင်း အလုပ်သွား ကျောင်းသွားဖို့ပြင်ဆင်ပေးရတဲ့ကျွန်တော်ဟာ အခု ဦးအတွက်သာ ပြင်ဆင်ပေးရတယ်
တစ်အိမ်လုံးရဲ့ အလုပ်လုပ်နေရလို့ ကျောင်းနောက်ကျမှ စက်ဘီးနဲ့ အသည်းအသန်ပြေးရတဲ့ကျွန်တော်ဟာ အခုတော့ဦးမောင်းတဲ့ကားမှာအခန့်သား
အချိန်ပိုင်းအလုပ်က ရတဲ့ငွေနဲ့ Da Hyun ကိုမုန့်ဖိုးပေးရင်း ပိုက်ဆံကို ခြိုးခြံခြွေတာရတဲ့ကျွန်တော်ဟာ အခု ဦးပေးတဲ့ မုန့်ဖိုးတွေနဲ့သုံးမကုန်ဖြစ်နိုင်တယ်
ညဖက်ဆို အိမ်အလုပ်လုပ်နေရတာနဲ့ သူတို့ခိုင်းတဲ့ဟာ မပြီးမချင်း မနားရတဲ့ကျွန်တော်ဟာ
ယခုဦးကြောင့် ညစာစားပြီးတာနဲ့ ဘာမှလုပ်စရာမလို ကိုယ်ပိုင် စာကြည့်ချိန်ရခဲ့ပြီလေဦးကို ကျွန်တော် အရမ်းကျေးဇူးတင်မိသလို.....
အရမ်းလည်း....... .....
ဟင်းချက်စရာတွေဝယ်ပြီးတာနဲ့ အိမ်ပြန်ရောက်တော့ ညနေလေးနာရီခွဲလေပြီ
အမြန် အဝတ်အစားလဲပီး apron ဝတ်ကာ ချက်ပြုတ်ခြင်းကိုစတင်ရတော့တယ်"သားလေး အန်တီဘာလုပ်ပေးရမလဲ"
သူပြင်ဆင်နေတုန်း အဒေါ်ကြီးကလာမေးလေ၏"အာ...အန်တီ မရို မသေ ကျွန်တော့်ကို ငါးလေးတွေကြော်ပေးပါလား"
သူ ကင်ချီနဲ့ချက်ဖို့ ဝက်သားတွေကိုင်နေရင်းနဲ့လှမ်းပြောလိုက်တယ်