ကြက်ကြော်စားပြီးတော့ သူ့ကိုလာမကြိုနိုင်တဲ့ဦးက driver ကိုသာလွှတ် ခဲ့တယ်။
ယခုသူက ဦးရဲ့ ရုံးခန်းထဲမှာ....
ထိုင်နေရတာလည်း ဘယ်နှနာရီမှန်းမသိတော့...သူစာလုပ်နေပြီးသော်လည်း ဦးက မပြီးသေး၍ သူအပြင်ကိုခါးဆန့်ရန်ထွက်လာလိုက်သည်။အပြင်မှာလည်း အတွင်းရေးမူး အစ်မနဲ့အစ်ကိုက အလုပ်ရှုပ်နေလျက်
ဦးမှာက အတွင်းရေးမှုးနှစ်ယောက်ကရှိသည်။
အစ်မ Yoonရယ် အစ်ကိုLeeရယ်
အစ်ကိုLee က အတွင်းရေးမှုးထက် ကိုယ်ရေးအရာရှိဆိုပိုမှန်လိမ့်မည်။မကြာပါ အစ်ကို Lee က အခန်းထဲဝင်တော့ အစ်မYoonကအနားလာပြီး
"မောင်လေးပျင်းနေပြီလား"
"ဟင့်အင်း....ဒီလိုပါပဲအစ်မ ....ခါးညောင်းလာလို့"
"Lemon tea သောက်မလား အစ်မဖျော်ပေးမယ်လေ"
"အဲလိုရလားအစ်မ"
"ရပါတယ်ရှင့်...ခနစောင့်နော်"
မကြာပါ အစ်မက ခွက်နှစ်ခွက်နှင့်ပြန်ရောက်လာပြီးသူ့ကိုတစ်ခွက်ပေးလေသည်။
"ဦးတို့က အလုပ်အရမ်းများနေလားအစ်မ"
"ဟင်.....အင်း...အခု project ကတော်တော်အလုပ်ရှုပ်နေတာပါ။အရမ်းလည်းအရေးကြီးလို့ ဥက္ကဋ္ဌ ကြီးကိုယ်တိုင်ဦးစီးနေတာ....ပြီးတော့နှစ်ကုန်ခါနီးမို့လို့အလုပ်ရှုပ်နေတာလည်းပါပါတယ်"
အခုတလော ကုမ္ပဏီ မှာဖြစ်သွားတဲ့ကိစ္စကြောင့် ရှယ်ယာအပြောင်းအလဲတွေဖြစ်သွားတာကြောင့်ပါတာလို့တော့ သူမ မပြောတော့ပေ......
Mark စာရင်းတွေပြီး၍ ခနားနာရန်ခါးဆန့်လိုက်သည်။
အရှေ့ကိုကြည့်လိုက်တော့ ကလေးကအိပ်ပျော်နေသည်။
အခုမှသူကလေးကိုသတိရသည့်အဖြစ်
ခေါ်ထားပြီးတစ်ညနေခင်းလုံးမက အခု ညအထိပါသူအဖတ်မလုပ်သေး
ကလေးနေရာမှာတခြားသူဆိုရင် သူ့်ကိုဂျီကျပြီးစိတ်ဆိုးစိတ်ကောက်မည်မှာမလွဲ
![](https://img.wattpad.com/cover/187214414-288-k444972.jpg)